သူမကောင်းလည်း ကိုယ်ကောင်းပါ

မြတ်စွာဘုရားက လောကမှာတဲ့ တစ်ချို့လူတွေကကိုယ့်အပေါ်မှာ ပတ်ဝန်းကျင်က ကောင်းလို့ကိုယ်ကကောင်းနေတာ ။

ဆိုလိုတာက သူများတွေက တော်နေလို့ ကောင်းနေတဲ့သူတော်ကောင်း ဖြစ်နေရတာ။

တစ်ချို့ကျတော့ ကိုယ့်ပတ်ဝန်းကျင်က သိပ်ကောင်းတယ်လေ။

ပတ်ဝန်းကျင်က ကိုယ့်အလိုအတိုင်းပြည့်နေတော့သဘောကောင်းလိုက်တာ။

ပတ်ဝန်းကျင်အဆိုးနဲ့ တွေ့ရတဲ့အခါမှာ သဘောကောင်းသလား၊ မကောင်းဘူးလား ဆိုတာကို ဆုံးဖြတ်ကြည့်ရမယ်။

တစ်ချို့ကျတော့လည်း တစ်စုံတစ်ခုရပြီးတော့ ဦးစားပေးခံနေရလို့ သဘောကောင်းနေတာလည်းရှိသေးတယ်။

ဦးစားပေးခံရလို့ သဘောကောင်းနေတာမျိုးဟာလည်းရှိတတ်ပါတယ်။

အဲဒီလိုပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာမျိုးမဟုတ်ပါဘူး။

ပတ်ဝန်းကျင်ကောင်းနေတာကြောင့်ဆိုရင် တကယ်ယဉ်ကျေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။

နိဝါတ ဘယ်တော့မှ စိတ်မဆိုးတဲ့ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။

ဥပသန ္တ စိတ်နှလုံးငြိမ်းအေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး။

ငါဟာ တကယ်သဘောကောင်းတဲ့သူလား ။

ပတ်ဝန်းကျင်ကောင်းလို့ ကောင်းတာ၊ စိတ်မဆိုးတတ်တာလား စိတ်ဆိုးစရာမရှိလို့ စိတ်မဆိုးတာလား ။

စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာပါလား ။

ပတ်ဝန်းကျင်ကောင်းလို့ ငါကောင်းနေတာပါလား။

တကယ့်ကို ပတ်ဝန်းကျင်ကမကောင်းတဲ့ကြားမှာငါကောင်းအောင်နေနိုင်ရဲ့လား

ကိုယ့်ကို ထော်လော်ကန့်လန့်လုပ်နေတဲ့ သူတွေရဲ့ကြားမှာကိုယ့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲ ဆိုတာကို စဉ်းစားကြည့်ပါ။

မြတ်စွာဘုရားက လောကမှာတဲ့ ပတ်ဝန်းကျင်က ကောင်းလို့ ကိုယ်က ကောင်းနေတာ ။

ဆိုလိုတာက သူများတွေက တော်နေလို့ကိုယ်က ကောင်းနေတဲ့သူတော်ကောင်း ဖြစ်နေရတာ ။

တစ်ချို့က တစ်စုံတစ်ခုရပြီး ဦးစားပေးခံနေရလို့သဘောကောင်းနေတာ ။

အဲလို ပုဂ္ဂိုလ်မျိုးဟာ တကယ်သဘောကောင်းတာမဟုတ်ပါဘူး။

ပတ်ဝန်းကျင်ကောင်းနဲ့ တွေ့နေလို့ ယဉ်ကျေးတဲ့ပုဂ္ဂိုလ် ဖြစ်နေတာ။

နိဝါတ – ဘယ်တော့မှ စိတ်မဆိုးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူးတဲ့ ။

ဥပသန္တ – စိတ်နှလုံးအေးတဲ့ ပုဂ္ဂိုလ်မျိုး မဟုတ်ဘူး ။

ကိုယ့်ကိုယ်ကို ပြန်ပြီး စဉ်းစားကြည့်ပါ ။

ငါဟာ တကယ်သဘောကောင်းတဲ့သူလား

ပတ်ဝန်းကျင်ကောင်းလို့ စိတ်မဆိုးတတ်တာလား

စိတ်ဆိုးစရာ မရှိလို့ စိတ်မဆိုးတာလား

စိတ်ဆိုးစရာတွေ့ရင် စိတ်ဆိုးမှာလား

ကိုယ့်စိတ်ကို ဘယ်လောက်ထိန်းနိုင်သလဲ ဆိုတာစဉ်းစားကြည့်ပါ။

ဒါကြောင့်မို့ မြတ်စွာဘုရားက ဒီသုတ္တန်ရဲ့ အစ ရှေ့ပိုင်းမှာသာဝတ္ထိပြည်မှာတဲ့ ။

ဝေဒေဟိကာ ဆိုတဲ့ အိမ်ရှင်သူဌေးမကြီး တစ်ယောက် ရှိတယ်။ အဲဒီသူဋ္ဌေးမကြီးမှာ ကာဠီ ဆိုတဲ့ အိမ်စေ တစ်ယောက်ရှိတယ် ။

ကာဠီဟာ အရမ်းတော်တယ် ။

အိမ်ရှင်သူဌေးမကြီး ဘာမှ ပြန်ကြည့်စရာမလိုအောင် အိမ်မှုကိစ္စတွေအားလုံး အကုန်ဖြည့်ဆည်းလုပ်ကိုင်ပေးတယ်။

အဲဒီအခါ အိမ်ရှင်မကြီးဟာ နှလုံးအေးချမ်းတဲ့အတွက် ဒေါသထွက်တာ မရှိဘူး ။ ဒါကြောင့် ပတ်ဝန်းကျင်က အိမ်ရှင်သူဌေးမကြီးဟာ အလွန်စိတ်ကောင်းရှိတယ် ဆိုပြီး ချီးကျူးစကား ပြောဆိုကြတယ်။

အဲဒါကို ကာဠီဆိုတဲ့ ကျွန်မက စဉ်းစားတယ် ။

ငါတော်လို့ ငါကောင်းလို့ ငါလုပ်ပေးနေလို့ သူဌေးမကြီးကကောင်းနေတာလား ။

ငါမလုပ်ပဲထားရင် ငါ့အပေါ် သူကောင်းနိုင်ပါ့မလား ဆိုပြီးသူဌေးမကြီးရဲ့စိတ်ကို စမ်းသပ်တယ် ။

နောက်တနေ့မနက်ကစပြီး ကာဠီဟာ အိပ်ယာမထဘူး။

သူဌေးမကြီးက နေမကောင်းလို့ အိပ်နေတာလား မေးတော့မထချင်လို့ လို့ ပြန်ဖြေတယ် ။

သူဌေးမကြီး ဒေါသအနည်းငယ်ဖြစ်လာတဲ့အတွက် လေသံမာလာတယ်။ အဲဒီတစ်နေ့တော့ ဒီတိုင်း ထားလိုက်တယ် ။

နောက်တစ်နေ့ကျပြန်တော့လဲ မထပြန်ဘူး။ အိမ်ရှင်သူဌေးမဟာ ဒေါသစိတ်ကနေ ကိုယ်ထိလက်ရောက် ဖြစ်လာပြီး ကာဠီကို ရိုက်နှက်တော့တယ် ။

ကာဠီရဲ့ခေါင်းကို ရိုက်မိပြီး သွေးထွက်လာတယ် ။

ဒီအခါ ကာဠီက အိမ်နီးချင်း ပတ်ဝန်းကျင်ကို လှည့်ပြီး

ဒီမှာ ကြည့်ကြပါဦး , အရမ်းသဘောကောင်းပြီး စိတ်ထား ကောင်းတဲ့ , အရပ်က ချီးမွမ်းကြတဲ့ သူဌေးမကြီးရဲ့ ရက်စက်ပုံကို ကြည့်ပါ ဆိုပြီး အော်တယ် ။

ကာဠီက ခေါင်းအကွဲခံပြီး စမ်းသပ်ခံတယ် ။

အဲဒီနေ့ကစပြီး သဘောကောင်းတဲ့ အိမ်ရှင်မဟာ ဆိုးတဲ့ အိမ်ရှင်မ ဖြစ်သွားတော့တယ် ။

ဒီနေရာမှာ အဋ္ဌာကထာဆရာကြီးက ရေးထားတာ မှတ်သားစရာ ကောင်းတယ် ။

၁ ။ ဂုဏာ နာမ သဏိကံ အာဂစ္ဆန္တိ – ဂုဏ်ဆိုတာ ဖြည်းဖြည်းချင်း တက်လာတယ်။

၂ ။ ဒေါသော ခဏေနေဝ ပတ္တယတိ -မကောင်းသတင်းကျတော့ ချက်ချင်း ပြန့်တယ် တဲ့ ။

ဂုဏ်တစ်ခုရဖို့ ဆိုတာ အချိန်အများကြီး လိုတယ် ။

လူတစ်ယောက် ဂုဏ်တက်လာဖို့ ဝုန်း ဒိုင်း ဆိုပြီးတက်မလာဘူး ။

သို့သော် အပြစ်ကျတော့ မကောင်းသတင်းက ချက်ချင်းထွက်တယ်။

အဲဒီအချိန်ကစပြီးတော့ ဝေဒေဟိကာ သူဌေးမကြီးဟာ ဆိုးလိုက်တာ ဆိုးလိုက်တာ လို့ ဖြစ်လာတော့တာပဲ ။

ဒါကြောင့် မြတ်စွာဘုရားက ဘယ်လိုဟောသလဲ ဆိုရင်သူများတော်နေလို့ , ကောင်းနေတဲ့အကောင်းမျိုး မဖြစ်စေနဲ့တဲ့ ပင်ကိုယ်က ကောင်းအောင်ကျင့်ပါ လို့ ဒီလို ဟောတယ် ။

ပင်ကိုယ်က ကောင်းနေလို့ရှိရင် ဒီလို ရိုက်နှက်သည်အထိဘယ်ဖြစ်မလဲ ။

အဲဒီနောက်မှာ မြတ်စွာဘုရားက လောကမှာ လူတွေဟာ အချင်းချင်း ဆက်ဆံကြတဲ့အခါမဟုတ်မမှန် ပြောတာတွေလည်း ရှိချင်ရှိမယ် ။

ရိုင်းရိုင်းပြပြ ပြောတာတွေလည်း ကြုံရမယ် ။

ကျိုးကြောင်းဆီလျော်မှု မရှိတာတွေလည်း ပြောတာတွေ ကြုံရမယ်။

အဲလိုကြုံလာခဲ့လို့ရှိရင် မြတ်စွာဘုရားက အဲဒီစကားမုန်တိုင်းတွေကို ဘာနဲ့ ခံယူမလဲတဲ့ ။

-မေတ္တာ နဲ့ ခံယူပါ တဲ့။

အဲဒီနေရာမှာ မေတ္တာနှလုံး အစဉ်သုံးလို့ပြောတာနော် ။

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

ျမတ္စြာဘုရားက ေလာကမွာတဲ့ တစ္ခ်ိဳ႕လူေတြကကိုယ့္အေပၚမွာ ပတ္ဝန္းက်င္က ေကာင္းလို႔ကိုယ္ကေကာင္းေနတာ ။

ဆိုလိုတာက သူမ်ားေတြက ေတာ္ေနလို႔ ေကာင္းေနတဲ့သူေတာ္ေကာင္း ျဖစ္ေနရတာ။

တစ္ခ်ိဳ႕က်ေတာ့ ကိုယ့္ပတ္ဝန္းက်င္က သိပ္ေကာင္းတယ္ေလ။

ပတ္ဝန္းက်င္က ကိုယ့္အလိုအတိုင္းျပည့္ေနေတာ့သေဘာေကာင္းလိုက္တာ။

ပတ္ဝန္းက်င္အဆိုးနဲ႔ ေတြ႕ရတဲ့အခါမွာ သေဘာေကာင္းသလား၊ မေကာင္းဘူးလား ဆိုတာကို ဆုံးျဖတ္ၾကည့္ရမယ္။

တစ္ခ်ိဳ႕က်ေတာ့လည္း တစ္စုံတစ္ခုရၿပီးေတာ့ ဦးစားေပးခံေနရလို႔ သေဘာေကာင္းေနတာလည္းရွိေသးတယ္။

ဦးစားေပးခံရလို႔ သေဘာေကာင္းေနတာမ်ိဳးဟာလည္းရွိတတ္ပါတယ္။

အဲဒီလိုပုဂၢိဳလ္မ်ိဳးဟာ တကယ္သေဘာေကာင္းတာမ်ိဳးမဟုတ္ပါဘူး။

ပတ္ဝန္းက်င္ေကာင္းေနတာေၾကာင့္ဆိုရင္ တကယ္ယဥ္ေက်းတဲ့ ပုဂၢိဳလ္မ်ိဳး မဟုတ္ဘူး။

နိဝါတ ဘယ္ေတာ့မွ စိတ္မဆိုးတဲ့ပုဂၢိဳလ္မ်ိဳး မဟုတ္ဘူး။

ဥပသန ၱ စိတ္ႏွလုံးၿငိမ္းေအးတဲ့ ပုဂၢိဳလ္မ်ိဳး မဟုတ္ဘူး။

ငါဟာ တကယ္သေဘာေကာင္းတဲ့သူလား ။

ပတ္ဝန္းက်င္ေကာင္းလို႔ ေကာင္းတာ၊ စိတ္မဆိုးတတ္တာလား စိတ္ဆိုးစရာမရွိလို႔ စိတ္မဆိုးတာလား ။

စိတ္ဆိုးစရာေတြ႕ရင္ စိတ္ဆိုးမွာပါလား ။

ပတ္ဝန္းက်င္ေကာင္းလို႔ ငါေကာင္းေနတာပါလား။

တကယ့္ကို ပတ္ဝန္းက်င္ကမေကာင္းတဲ့ၾကားမွာငါေကာင္းေအာင္ေနႏိုင္ရဲ႕လား

ကိုယ့္ကို ေထာ္ေလာ္ကန႔္လန္႔လုပ္ေနတဲ့ သူေတြရဲ႕ၾကားမွာကိုယ့္စိတ္ကို ဘယ္ေလာက္ထိန္းႏိုင္သလဲ ဆိုတာကို စဥ္းစားၾကည့္ပါ။

ျမတ္စြာဘုရားက ေလာကမွာတဲ့ ပတ္ဝန္းက်င္က ေကာင္းလို႔ ကိုယ္က ေကာင္းေနတာ ။

ဆိုလိုတာက သူမ်ားေတြက ေတာ္ေနလို႔ကိုယ္က ေကာင္းေနတဲ့သူေတာ္ေကာင္း ျဖစ္ေနရတာ ။

တစ္ခ်ိဳ႕က တစ္စုံတစ္ခုရၿပီး ဦးစားေပးခံေနရလို႔သေဘာေကာင္းေနတာ ။

အဲလို ပုဂၢိဳလ္မ်ိဳးဟာ တကယ္သေဘာေကာင္းတာမဟုတ္ပါဘူး။

ပတ္ဝန္းက်င္ေကာင္းနဲ႔ ေတြ႕ေနလို႔ ယဥ္ေက်းတဲ့ပုဂၢိဳလ္ ျဖစ္ေနတာ။

နိဝါတ – ဘယ္ေတာ့မွ စိတ္မဆိုးတဲ့ ပုဂၢိဳလ္မ်ိဳး မဟုတ္ဘူးတဲ့ ။

ဥပသႏၲ – စိတ္ႏွလုံးေအးတဲ့ ပုဂၢိဳလ္မ်ိဳး မဟုတ္ဘူး ။

ကိုယ့္ကိုယ္ကို ျပန္ၿပီး စဥ္းစားၾကည့္ပါ ။

ငါဟာ တကယ္သေဘာေကာင္းတဲ့သူလား

ပတ္ဝန္းက်င္ေကာင္းလို႔ စိတ္မဆိုးတတ္တာလား

စိတ္ဆိုးစရာ မရွိလို႔ စိတ္မဆိုးတာလား

စိတ္ဆိုးစရာေတြ႕ရင္ စိတ္ဆိုးမွာလား

ကိုယ့္စိတ္ကို ဘယ္ေလာက္ထိန္းႏိုင္သလဲ ဆိုတာစဥ္းစားၾကည့္ပါ။

ဒါေၾကာင့္မို႔ ျမတ္စြာဘုရားက ဒီသုတၱန္ရဲ႕ အစ ေရွ႕ပိုင္းမွာသာဝတၳိျပည္မွာတဲ့ ။

ေဝေဒဟိကာ ဆိုတဲ့ အိမ္ရွင္သူေဌးမႀကီး တစ္ေယာက္ ရွိတယ္။ အဲဒီသူေ႒းမႀကီးမွာ ကာဠီ ဆိုတဲ့ အိမ္ေစ တစ္ေယာက္ရွိတယ္ ။

ကာဠီဟာ အရမ္းေတာ္တယ္ ။

အိမ္ရွင္သူေဌးမႀကီး ဘာမွ ျပန္ၾကည့္စရာမလိုေအာင္ အိမ္မႈကိစၥေတြအားလုံး အကုန္ျဖည့္ဆည္းလုပ္ကိုင္ေပးတယ္။

အဲဒီအခါ အိမ္ရွင္မႀကီးဟာ ႏွလုံးေအးခ်မ္းတဲ့အတြက္ ေဒါသထြက္တာ မရွိဘူး ။ ဒါေၾကာင့္ ပတ္ဝန္းက်င္က အိမ္ရွင္သူေဌးမႀကီးဟာ အလြန္စိတ္ေကာင္းရွိတယ္ ဆိုၿပီး ခ်ီးက်ဴးစကား ေျပာဆိုၾကတယ္။

အဲဒါကို ကာဠီဆိုတဲ့ ကြၽန္မက စဥ္းစားတယ္ ။

ငါေတာ္လို႔ ငါေကာင္းလို႔ ငါလုပ္ေပးေနလို႔ သူေဌးမႀကီးကေကာင္းေနတာလား ။

ငါမလုပ္ပဲထားရင္ ငါ့အေပၚ သူေကာင္းႏိုင္ပါ့မလား ဆိုၿပီးသူေဌးမႀကီးရဲ႕စိတ္ကို စမ္းသပ္တယ္ ။

ေနာက္တေန႔မနက္ကစၿပီး ကာဠီဟာ အိပ္ယာမထဘူး။

သူေဌးမႀကီးက ေနမေကာင္းလို႔ အိပ္ေနတာလား ေမးေတာ့မထခ်င္လို႔ လို႔ ျပန္ေျဖတယ္ ။

သူေဌးမႀကီး ေဒါသအနည္းငယ္ျဖစ္လာတဲ့အတြက္ ေလသံမာလာတယ္။ အဲဒီတစ္ေန႔ေတာ့ ဒီတိုင္း ထားလိုက္တယ္ ။

ေနာက္တစ္ေန႔က်ျပန္ေတာ့လဲ မထျပန္ဘူး။ အိမ္ရွင္သူေဌးမဟာ ေဒါသစိတ္ကေန ကိုယ္ထိလက္ေရာက္ ျဖစ္လာၿပီး ကာဠီကို ႐ိုက္ႏွက္ေတာ့တယ္ ။

ကာဠီရဲ႕ေခါင္းကို ႐ိုက္မိၿပီး ေသြးထြက္လာတယ္ ။

ဒီအခါ ကာဠီက အိမ္နီးခ်င္း ပတ္ဝန္းက်င္ကို လွည့္ၿပီး

ဒီမွာ ၾကည့္ၾကပါဦး , အရမ္းသေဘာေကာင္းၿပီး စိတ္ထား ေကာင္းတဲ့ , အရပ္က ခ်ီးမြမ္းၾကတဲ့ သူေဌးမႀကီးရဲ႕ ရက္စက္ပုံကို ၾကည့္ပါ ဆိုၿပီး ေအာ္တယ္ ။

ကာဠီက ေခါင္းအကြဲခံၿပီး စမ္းသပ္ခံတယ္ ။

အဲဒီေန႔ကစၿပီး သေဘာေကာင္းတဲ့ အိမ္ရွင္မဟာ ဆိုးတဲ့ အိမ္ရွင္မ ျဖစ္သြားေတာ့တယ္ ။

ဒီေနရာမွာ အ႒ာကထာဆရာႀကီးက ေရးထားတာ မွတ္သားစရာ ေကာင္းတယ္ ။

၁ ။ ဂုဏာ နာမ သဏိကံ အာဂစၦႏၲိ – ဂုဏ္ဆိုတာ ျဖည္းျဖည္းခ်င္း တက္လာတယ္။

၂ ။ ေဒါေသာ ခေဏေနဝ ပတၱယတိ -မေကာင္းသတင္းက်ေတာ့ ခ်က္ခ်င္း ျပန႔္တယ္ တဲ့ ။

ဂုဏ္တစ္ခုရဖို႔ ဆိုတာ အခ်ိန္အမ်ားႀကီး လိုတယ္ ။

လူတစ္ေယာက္ ဂုဏ္တက္လာဖို႔ ဝုန္း ဒိုင္း ဆိုၿပီးတက္မလာဘူး ။

သို႔ေသာ္ အျပစ္က်ေတာ့ မေကာင္းသတင္းက ခ်က္ခ်င္းထြက္တယ္။

အဲဒီအခ်ိန္ကစၿပီးေတာ့ ေဝေဒဟိကာ သူေဌးမႀကီးဟာ ဆိုးလိုက္တာ ဆိုးလိုက္တာ လို႔ ျဖစ္လာေတာ့တာပဲ ။

ဒါေၾကာင့္ ျမတ္စြာဘုရားက ဘယ္လိုေဟာသလဲ ဆိုရင္သူမ်ားေတာ္ေနလို႔ , ေကာင္းေနတဲ့အေကာင္းမ်ိဳး မျဖစ္ေစနဲ႔တဲ့ ပင္ကိုယ္က ေကာင္းေအာင္က်င့္ပါ လို႔ ဒီလို ေဟာတယ္ ။

ပင္ကိုယ္က ေကာင္းေနလို႔ရွိရင္ ဒီလို ႐ိုက္ႏွက္သည္အထိဘယ္ျဖစ္မလဲ ။

အဲဒီေနာက္မွာ ျမတ္စြာဘုရားက ေလာကမွာ လူေတြဟာ အခ်င္းခ်င္း ဆက္ဆံၾကတဲ့အခါမဟုတ္မမွန္ ေျပာတာေတြလည္း ရွိခ်င္ရွိမယ္ ။

႐ိုင္း႐ိုင္းျပျပ ေျပာတာေတြလည္း ႀကဳံရမယ္ ။

က်ိဳးေၾကာင္းဆီေလ်ာ္မႈ မရွိတာေတြလည္း ေျပာတာေတြ ႀကဳံရမယ္။

အဲလိုႀကဳံလာခဲ့လို႔ရွိရင္ ျမတ္စြာဘုရားက အဲဒီစကားမုန္တိုင္းေတြကို ဘာနဲ႔ ခံယူမလဲတဲ့ ။

-ေမတၱာ နဲ႔ ခံယူပါ တဲ့။

အဲဒီေနရာမွာ ေမတၱာႏွလုံး အစဥ္သုံးလို႔ေျပာတာေနာ္ ။

ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာ အရွင္နႏၵမာလာဘိဝံသ