မိန်းကလေးတိုင်းအတွက် အကြံပြုချက် ၂၀

မိန်းကလေးတွေအတွက်

(၁) စာဖတ်ဝါသနာရှိပါစေ

(၂) အဆင့်အတန်းရှိပါစေ

(၃) ဘဝထဲကအလှတွေကို ရှာဖွေတတ်ပါစေ

(၄) အတွေးအခေါ်ကောင်းသူတွေနဲ့ မိတ်ဆွေဖွဲ့တတ်ပါစေ

(၅) အနှစ်သာရမရှိတဲ့ ရုပ်ရှင်ကားတွေကို ဝေးဝေးရှောင်နိုင်ပါစေ

(၆) သည်းခံခွင့်လွှတ်တတ်ဖို့ သင်ယူနိုင်ပါစေ

(၇) ကျန်းမာတဲ့စိတ်နှလုံး မွေးမြူနိုင်ပါစေ

(၈) လှပတင့်တယ်ခြင်းက သင်ရဲ့ရင်းနှီးမြှပ်နှံမှုဖြစ်ပါစေ

(၉) ဘယ်ယောက်ျားကိုမှအားမကိုးတဲ့ ကိုယ့်ကိုယ်ကိုရှင်သန်နိုင်သူ ဖြစ်ပါစေ

(၁ဝ) ငွေရေးကြေးရေး စီမံခန့်ခွဲတတ်အောင် သင်ယူနိုင်ပါစေ

(၁၁) အချစ်နဲ့ အိမ်ထောင်ရေး အတူတကွပူးတွဲနေပါစေ

(၁၂) ယောက်ျားတွေနဲ့ တန်းတူညီမျှ ရင်ဘောင်တန်းနိုင်ပါစေ

(၁၃) သင့်စိတ်ကူးအိပ်မက်ကို ကူညီအကောင်အထည်ဖော်ပေးမယ့် ယောက်ျားကိုရှာယူနိုင်ပါစေ

(၁၄) နုပျိုခြင်းကို စွန့်လွှတ်ရသည့်တိုင် အပြုံးကိုချိတ်ဆွဲထားနိုင်ပါစေ

(၁၅) မကောင်းမှန်းသိရင် စွန့်လွှတ်ရဲတဲ့ သတ္တိရှိပါစေ

(၁၆) ချစ်ခြင်း မုန်းခြင်းတွေထက် ဘဝရှေ့ရေးကို ဦးစားပေးတတ်ပါစေ

(၁၇) လဲကျသွားလဲ ဆွဲထူမယ့်လက်တွေမရှိသည့်တိုင် ပြန်ထတတ်ပါစေ

(၁၈) ဘဝအတွက် အမှိုက်သရိုက်ဖြစ်စေမယ့် အပေါင်းအသင်းကို ဝေးဝေးက ရှောင်ရှားနိုင်ပါစေ

(၁၉) မိမိကိုယ်ကို လှပအောင် နေတတ်သလို စိတ်ဓာတ်လေးလဲ လှအောင် ထားနိုင်ပါစေ

(၂၀) မိမိဘဝမှာ မိမိသာလျှင် အားကိုးအားထားရာဖြစ်မှန်း လက်ခံနိုင်ပါစေ ။

Julia

မိန်းကလေးတွေအတွက်

(၁) စာဖတ်ဝါသနာရှိပါစေ

(၂) အဆင့်အတန်းရှိပါစေ



















Julia