“စိတ်ညစ်နေလား? ဆင်ခြင်လိုက်။” – ဆရာတော် အရှင်ဆန္ဒာဓိက

သေချင်ရင် သေလိုက်ပါ။

သေချင်စိတ်ဖြစ်နေရင် အခုပဲ သေလိုက်ပါ။

“သေလိုက်ပါ။” ဆိုတာ တကယ်သတ်သေဖို့ ပြောတာမဟုတ်ပါဘူး။

“ငါသေသွားပြီ” လို့ စိတ်ထားလိုက်ဖို့ ပြောတာပါ။

“ငါသေသွားပြီ” ဆိုတာ သေလိုက်တာပဲပေါ့။

“ငါသေသွားပြီ …. ငါသေသွားပြီ”လို့ အကြိမ်ကြိမ် ဆင်ခြင် နှလုံးသွင်းနေလိုက်ပါ။

အရာအားလုံး အဆင်ပြေ သွားပါလိမ့်မယ်။

အရာအားလုံး ပျော်စရာ ကောင်းသွားပါလိမ့်မယ်။

ဒီအတိုင်း ဆင်ခြင်ရုံနဲ့ အားမရရင် အိပ်ရာပေါ်၊ (သို့မဟုတ်) ကြမ်းပြင်ပေါ် ပက်လက်လှန်၊ခါးဆန့်၊ လက်ဘေးချပြီး လူသေကောင်လို စန့်စန့်ကြီးနေလိုက်ပါ။

“ငါသေသွားပြီ၊ သေသွားပြီ၊ ငါမရှိတော့ဘူး၊ မရှိတော့ဘူး” လို့ အကြိမ်ကြိမ် ဆင်ခြင်နှလုံးသွင်းနေလိုက်ပါ. . . ။

သေပြီးရင်တော့ ပြန်မထဘဲ မနေနဲ့နော်။

စိတ်ရှင်းသွားရင်ပြန်ထပါ။

“စိတ်ညစ်နေတဲ့ ငါ မရှိတော့ဘူး၊ သတ်သေချင်စိတ်ဖြစ်နေတဲ့ “ငါ” မရှိတော့ဘူး၊

အခု ငါက လူအသစ်ဖြစ်သွားပြီ၊ အရင်ကဟာတွေ ငါနဲ့ ဘာမှ မဆိုင်တော့ဘူး” ဆိုတဲ့ ခံစားချက်လေး ထင်ရှားသွားပြီဆိုရင် စိတ်အေးချမ်းသွားပါလိမ့်မယ်။

လူသစ်၊ စိတ်သစ်နဲ့ လုပ်စရာရှိတာတွေ ဆက်လုပ်ပါတော့။

“စိတ်ညစ်နေလား … ..? သေလိုက်။”

“ငါသေသွားပြီ” လို့ ဆင်ခြင်လိုက်။

စိတ်ညစ်တာတွေ ပျောက်သွားပါလိမ့်မယ်။

“ငါသေသွားပြီ” ဆိုမှတော့ ငါ့မှာရှိတဲ့

စိတ်ညစ်စရာတွေ၊ စိတ်ဆင်းရဲစရာတွေလည်း ငါနဲ့အတူ သေဆုံးသွားခဲ့ပြီပေါ့။ “ငါ” သေသွားပြီလို့

ယူရင်လည်း “ငါ”ဆိုတာ မရှိတော့တဲ့အတွက်

“ငါ စိတ်ညစ်တယ်၊ ငါ စိတ်ဆင်းရဲတယ်၊ ငါ့မှာ ဒီလိုဒုက္ခတွေရှိတယ်၊ငါ့မှာ ဒီလိုအခက်အခဲတွေရှိတယ်” ဆိုတာ ဘယ်မှာရှိပါတော့မလဲ။

“ငါသေသွားပြီ” လို့ ဆင်ခြင်ပြီး၊

နောက်ပိုင်းကြုံတွေ့ရသမျှ ပျော်စရာအားလုံး၊ပြုလုပ်ဖြစ်သမျှ အလုပ်အားလုံး အမြတ်တွေချည်းပါပဲ။

ဘာပျော်စရာမှ မကြုံတွေ့ရ၊ ဘာအလုပ်မှမပြုလုပ်ဖြစ်ရင်လည်း အရှုံးလုံး၀ မရှိပါဘူး။

အဆိုးဆုံးကို လက်ခံနိုင်သူအတွက် နောက်ထပ်ကြုံတွေ့စရာ “အဆိုး”ဆိုတာ မရှိနိုင်တော့ပါဘူး။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

“စိတ္ညစ္ေနလား? ဆင္ျခင္လိုက္။”

ေသခ်င္ရင္ ေသလိုက္ပါ။

ေသခ်င္စိတ္ျဖစ္ေနရင္ အခုပဲ ေသလိုက္ပါ။

“ေသလိုက္ပါ။” ဆိုတာ တကယ္သတ္ေသဖို႔ ေျပာတာမဟုတ္ပါဘူး။

“ငါေသသြားၿပီ” လို႔ စိတ္ထားလိုက္ဖို႔ ေျပာတာပါ။

“ငါေသသြားၿပီ” ဆိုတာ ေသလိုက္တာပဲေပါ့။

“ငါေသသြားၿပီ …. ငါေသသြားၿပီ”လို႔ အႀကိမ္ႀကိမ္ ဆင္ျခင္ ႏွလုံးသြင္းေနလိုက္ပါ။

အရာအားလုံး အဆင္ေျပ သြားပါလိမ့္မယ္။

အရာအားလုံး ေပ်ာ္စရာ ေကာင္းသြားပါလိမ့္မယ္။

ဒီအတိုင္း ဆင္ျခင္႐ုံနဲ႔ အားမရရင္ အိပ္ရာေပၚ၊ (သို႔မဟုတ္) ၾကမ္းျပင္ေပၚ ပက္လက္လွန္၊ခါးဆန္႔၊ လက္ေဘးခ်ၿပီး လူေသေကာင္လို စန္႔စန္႔ႀကီးေနလိုက္ပါ။

“ငါေသသြားၿပီ၊ ေသသြားၿပီ၊ ငါမရွိေတာ့ဘူး၊ မရွိေတာ့ဘူး” လို႔ အႀကိမ္ႀကိမ္ ဆင္ျခင္ႏွလုံးသြင္းေနလိုက္ပါ. . . ။

ေသၿပီးရင္ေတာ့ ျပန္မထဘဲ မေနနဲ႔ေနာ္။

စိတ္ရွင္းသြားရင္ျပန္ထပါ။

“စိတ္ညစ္ေနတဲ့ ငါ မရွိေတာ့ဘူး၊ သတ္ေသခ်င္စိတ္ျဖစ္ေနတဲ့ “ငါ” မရွိေတာ့ဘူး၊

အခု ငါက လူအသစ္ျဖစ္သြားၿပီ၊ အရင္ကဟာေတြ ငါနဲ႔ ဘာမွ မဆိုင္ေတာ့ဘူး” ဆိုတဲ့ ခံစားခ်က္ေလး ထင္ရွားသြားၿပီဆိုရင္ စိတ္ေအးခ်မ္းသြားပါလိမ့္မယ္။

လူသစ္၊ စိတ္သစ္နဲ႔ လုပ္စရာရွိတာေတြ ဆက္လုပ္ပါေတာ့။

“စိတ္ညစ္ေနလား … ..? ေသလိုက္။”

“ငါေသသြားၿပီ” လို႔ ဆင္ျခင္လိုက္။

စိတ္ညစ္တာေတြ ေပ်ာက္သြားပါလိမ့္မယ္။

“ငါေသသြားၿပီ” ဆိုမွေတာ့ ငါ့မွာရွိတဲ့

စိတ္ညစ္စရာေတြ၊ စိတ္ဆင္းရဲစရာေတြလည္း ငါနဲ႔အတူ ေသဆုံးသြားခဲ့ၿပီေပါ့။ “ငါ” ေသသြားၿပီလို႔

ယူရင္လည္း “ငါ”ဆိုတာ မရွိေတာ့တဲ့အတြက္

“ငါ စိတ္ညစ္တယ္၊ ငါ စိတ္ဆင္းရဲတယ္၊ ငါ့မွာ ဒီလိုဒုကၡေတြရွိတယ္၊ငါ့မွာ ဒီလိုအခက္အခဲေတြရွိတယ္” ဆိုတာ ဘယ္မွာရွိပါေတာ့မလဲ။

“ငါေသသြားၿပီ” လို႔ ဆင္ျခင္ၿပီး၊

ေနာက္ပိုင္းႀကဳံေတြ႕ရသမွ် ေပ်ာ္စရာအားလုံး၊ျပဳလုပ္ျဖစ္သမွ် အလုပ္အားလုံး အျမတ္ေတြခ်ည္းပါပဲ။

ဘာေပ်ာ္စရာမွ မႀကဳံေတြ႕ရ၊ ဘာအလုပ္မွမျပဳလုပ္ျဖစ္ရင္လည္း အရႈံးလုံး၀ မရွိပါဘူး။

အဆိုးဆုံးကို လက္ခံႏိုင္သူအတြက္ ေနာက္ထပ္ႀကဳံေတြ႕စရာ “အဆိုး”ဆိုတာ မရွိႏိုင္ေတာ့ပါဘူး။

ဆရာေတာ္ အရွင္ဆႏၵာဓိက (ေ႐ႊပါရမီေတာရ)