အများတစ်ကာရဲ့အမြင်မှာညိူးနွမ်းစုတ်ချာလို့
ဘယ်လောက်ပဲနာခေါင်းရူံှ့နေကြပါစေ…
ကိုယ်ကျင့်တရားနဲ့ သိက္ခာရှိရင်တန်ဖိုးရှိတဲ့သူပါပဲ။
အများတစ်ကာရဲ့အမြင်မှာ လေးစားအထင်ကြီးလွန်းလို့
ဘယ်လောက်ပဲဦးညွတ်နေကြပါစေ…
ကိုယ်ကျင့်တရားနဲ့ သိက္ခာသာမရှိရင်တန်ဖိုးမရှိတဲ့သူပါပဲ။
လူဆိုတာအများရဲ့အမြင်တစ်ခုထဲနဲ့
ကိုယ့်ရဲ့တန်ဖိုးကိုဆုံးဖြတ်သတ်မှတ်လို့မရသလို,
ကိုယ့်ရဲ့တန်ဖိုးကိုကိုယ်ကိုယ်တိုင်သာပုံဖော်ထုဆစ်ရမှာပါ။
လူတွေဆိုတာက်ုယ်ကိုယ်တိုင်က
ကိုယ်ကျင့်တရားနဲ့သိက္ခာရှိရှိနေလည်းတန်ဖိုးမထားတတ်ကြပေမယ့်
ကိုယ်ကျင့်သိက္ခာမရှိတဲ့လူကိုကျတော့တန်ဖိုးရှိသယောင်ထင်နေတတ်ကြတယ်။
ကိုယ့်ရဲ့ကိုယ်ကျင့်တရားဟာကိုယ့်ရဲ့တန်ဖိုးပါ။
အများသူငါတန်ဖိုးမထားရင်နေပါစေ…က်ုယ့်ကိုယ်ကိုတော့တန်ဖိုးမမဲ့ပါစေနဲ့။
ကိုယ့်ကိုယ်ကိုသာတန်ဖိုးရှိအောင်နေထိုင်တတ်ပါစေ။
Nan Khin May Win
ကိုယ့်ရဲ့တန်ဖိုး
အများတစ်ကာရဲ့အမြင်မှာညိုးနွမ်းစုတ်ချာလို့
ဘယ်လောက်ပဲနာခေါင်းရှူံ့နေကြပါစေ…
Nan Khin May Win