ကံဆိုးမှု​တွေ​ရောက်​လာ​တော့မည်​ဆိုရင်
ကျွန်​​တော်​တို့ရှင်​သန်​​နေထိုင်​​နေကြတဲ့ကမ္ဘာ​မြေကြီးနဲ့သဘာဝတရားဟာဘယ်​​တော့မှ မ​ပြောမဆိုပဲပြုလုပ်​သွားတဲ့အရာမရှိပါဘူး။
ကမ္ဘာ​မြေ​ပေါ်မှာဖြစ်​​ပေါ်လာမယ်​့ကပ်​​ဘေးဆိုး​တွေအကုန်​လုံးဖြစ်​​ပေါ်လာ​တော့မယ်​ဆိုရင်​ သူ့အ​နေနဲ့လူသား​တွေကိုကြိုတင်​ပြီးအမြဲသတိ​ပေးပါတယ်​။ လူသား​တွေသာအမှုမှတ်​မဲ့နားမလည်​နိုင်​ခဲ့ကြတာပါ။
​ဆောင်​းအကုန်​​နွေကူး​တော့မယ်​ဆိုရင်​ရွက်​​ဟောင်​း​လေး​တွေ​ကြွေရင်​း ပူပြင်​း​ခြောက်​​သွေ့မှု​တွေနဲ့လူသား​တွေကိုသူစကား​ပြောတယ်​။လက္ခဏာ​​တွေပြတယ်​။
မာယာများပါတယ်​ဆိုတဲ့ ပင်​လယ်​ပြင်​ကြီးမှာလည်​း မုန်​တိုင်​း​တွေတိုက်​ခတ်​​တော့မယ်​ဆိုရင် ​ရုတ်​တရက်​​လေ​တွေငြိမ်​သက်​သွားတာမျိုး . . . .
​မြေငလျင်​​တွေလှုပ်​ခတ်​​တော့မယ်​ဆိုရင် ​​မြေ​အောက်​​မှာ​နေထိုင်​တဲ့သတ္တဝါ​လေး​တွေ​ မြေ​ပေါ်တက်​လာတာမျိုး စသဖြင်​့သဘာဝတရားကြီးဟာ လူသား​တွေကိုလက္ခဏာတွေပြ​ပေးတယ်​။
ထို့အတူလူသား​တွေရဲ့ဘဝအသက်​တာတစ်​​လျှောက်​မှာလည်​း ကံဆိုး​မှု​တွေဖြစ်​​ပေါ်လာ​တော့မယ်​ဆိုရင်​လည်​း သူဟာ​​ပြောပြတယ်​ သတိ​ပေးတယ်​။ ကျွန်​​တော်​တို့​တွေသတိမပြုမိခဲ့ကြလို့သာ ဆိုက်​ဆိုက်​မြိုက်​မြိုက် ​ဒုက္ခဆိုတဲ့​ကောင်​က​ ရောက်​ချလာ​ပေ​တော့တာပဲ။
ဒါ​တွေကို ကြိုတင်​တာဆီးထားဖို ့ဖြစ်​နိုင်​မလားဆိုရင်​​တော့ ဖြစ်​စရာရှိတဲ့ကိစ္စတစ်​ခုက​တော့ဖြစ်လာမှာပါပဲ
ကြီးမားတဲ့ခွဲစိပ်​မှု​တွေမှာ နာကျင်​မှုသက်​သာ​အောင်​ ထုံ​ဆေး​မေ့​ဆေးအသုံးပြုသလို​
​နည်​းစနစ်​ကျတဲ့ ယတြာအစီအရင်​​တွေဟာ ဘဝဒဏ်​ရာ​တွေသက်​သာ​စေဖို့အတွက် ​ပရုတ်​ဆီ​လေးပါးပါးလူးလိုက်​သလို​ပေါ့။
​နေ့စဉ်​ကျင်​လည်​​နေရတဲ့ ပတ်​ဝန်​းကျင်​မှာ အ​နှောင်​့အယှက်​​တွေများလာခဲ့မယ်​ ကိုယ်​့လုပ်​ငန်​းခွင်​မှာတဖြည်​းဖြည်​းနဲ့လည်​းအလွဲလွဲအ​ချော်​​ချော်​​တွေကြုံလာခဲ့ပြီး
ခင်​မင်​ရင်​းနှီးရတဲ့ မိတ်​​ဆွေ​တွေကိုယ်​တိုင်​က မိမိအ​ပေါ်အမြင်​တိမ်​း​စောင်​းခြင်​း​တွေနဲ့အတူ မ​ကောင်​းတဲ့အတိတ်​မ​ကောင်​းတဲ့နိမိတ်​​တွေကိုမြင်​ရ​တွေ့ရကြုံလာခဲ့ရရင်​ဒါဟာမိမိအတွက်​ ကြိုတင်​ကံဆိုးမှု​တွေရဲ့နိမိတ်​သ​ဘေ​ာ​တွေပဲဖြစ်​ပါတယ်​။
ဒါ့အပြင် ​မိမိအမြဲ​နေထိုင်​​အနားယူတဲ့ မိမိအိမ်​​နေရာအိပ်​ခန်​းစတဲ့​နေရာမျိုး​တွေမှာ အရင်​လိုသက်​​သောင်​့သက်​သာမဖြစ်​လာခြင်​းမျိုး​တွေကို ကြုံ​တွေ့လာရသလို တဇွတ်​ထိုးဆန်​တဲ့စိတ်​​တွေလည်​းများလာခဲ့မယ်​ဆိုရင်​​ သေချာပါပြီ ခများဆီကို မကြာခင်​အမှန်​တကယ်​ပဲ ကံဆိုး​မှု​တွေ​ ရောက်​ရှိလာ​တော့မှာပါ။
ဒါ​တွေဟာအနက်​​ရောင်​ရဲ့ စွမ်​းအား​တွေပါပဲ။ဒီအနက်​​ရောင်​စွမ်​းအား​တွေကို​ ဖျောက်​ဖျက်​ပြစ်​လို့​တော့ မရ​ပေမယ်​့စွမ်​းအင်​​လျော့နည်​း​စေ​အောင်​ ဒါမှမဟုတ်​စွမ်​းအား​ပြောင်​းလဲသွား​အောင် ​ပြုလုပ်​လိုက်​လို့​တော့ရပါတယ်​။
ဒီလိုအရာမျိုး​တွေကို ဘယ်​လိုအစွမ်​း​လျော့နည်​း​အောင်​လုပ်​နိုင်​မလဲဆိုတာနဲ့ ပတ်​သက်​ပြီး ကျွန်​​တော်​့အ​နေနဲ့ဆိုရင်​​တော့ သဘာဝကျပြီး လုပ်​ရလွယ်​ကူသလို ထိ​ရောက်​အဆင်​​ပြေနိုင်​တဲ့နည်​းလမ်​း​လေး​တွေသာရှိပါတယ်​။
ဘယ်​လိုဘယ်​ပုံလုပ်​ရမလဲဆိုရင်​​တော့
ယခုလိုကိစ္စမျိုး​တွေကြုံလာခဲ့မယ်​ဆိုရင်​​တော့ မိမိအဝတ်​အစား​ဟောင်​း​တွေထဲမှ အနက်​​ရောင်​ရှိတဲ့ အဝတ်​အစား​ဟောင်​းတစ်​ထည်​ကို အဝတ်​စုတ်​တစ်​ခုအဖြစ်​အသုံးချပြီး မိမိအခန်​း ၊ အလုပ်​​နေရာ ၊ ​နေအိမ်​တံခါး ၊ ​နေအိမ်​မှကြည်​့မှန်​​တွေကိုထိုအဝတ်​အစားဖြင်​့ သန်​့ရှင်​း​ရေး​လေးသာလုပ်​​ပေးပါ။
အဝတ်​အနက်​မရှိဖူးမ​ပြောပါနဲ့ မရှိရင်​​စျေး​ပေါ​ပေါတစ်​ထည်​ကို ဝယ်​ယူဝတ်​ဆင်​အသုံးပြုလိုက်​ ဖို့ရာပဲ​ပြောချင်​ပါတယ်​။ ယခုခများအ​နေနဲ့ ကြပ်​တည်​း​နေတဲ့အခက်​အခဲ အ​နှောင်​့အယှက်​​တွေရှိ​နေခဲ့ရင်​ ဒီစာကိုဖတ်​ပြီးပြီးချင်​းသာလုပ်​​ဆောင်​ပါ။
မြန်​ရင်​သုံးရက် ​ကြာရင်​ဆယ်​ရက်​အတွင်​း အခက်​အခဲကြီးမား​သေးမွှားမှုအ​ပေါ်မူတည်​ပြီး အချိန်​အတိုင်​းအတာတစ်​ခုအတွင်​း အဆင်​​ပြေပါလိမ်​့မယ်​။ အပျင်​းမကြီးပါနဲ့ တစ်​​ခေါက်​တည်​း​တော့ မလုပ်​ပါနဲ့ မကြာမကြာလုပ်​လိုက်​ဖို့အကြံပြုပါရ​စေ။
သတ္တဝါတို့၏အကျိုးကိုသာလိုလား​သော . . .
ရဲထက်​မွန်​
ရဲထက်​မွန်