လူတိုင်းကို စိတ်အနှောင့်ယှက် ပေးနိုင်ဆုံးဆက်ဆံရေးတစ်ခု

လူတိုင်းကို စိတ်အနှောင့်ယှက် ပေးနိုင်ဆုံးဆက်ဆံရေးတစ်ခုရှိတယ်

လူတွေက အထင်နဲ့ တခြားစီ ဖြစ်နေတာပဲ

အထင်ကြီးမိတဲ့လူက စိတ်ဓါတ်အောက်တန်းကျနေတာမျိုး

ကိုယ်ယုံကြည်ရတဲ့လူက နောက်ကျော ဓါးနဲ့ ထိုးတာမျိုး

ဒါတွေ ကြုံလာရင် ဘယ်လိုရင်ဆိုင်ကြမလဲ

တစ်ကယ်တော့ ဘယ်ကိစ္စမဆို ကြိုတင်ကာကွယ်ခြင်းကအကောင်းဆုံးပဲလေ

ကိုယ့်စိတ်ကို ကြိုတင်ကာကွယ်ကြည့်ပါ

လူတိုင်းမှာ ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ်ဒွန်တွဲနေတတ်တာကိုမမေ့ပါနဲ့

ခုချိန်မှာ ကောင်းနေတဲ့လူလည်းအချိန်မရွေး သူဆိုးချင်တဲ့အခါ

ဆိုးသွားနိုင်တာပဲလေ မကောင်းတဲ့လူလည်း ကောင်းတဲ့အချိန်

ရှိလာနိုင်တာ လက်ခံကြည့်ပါ

လူတိုင်းဟာ တစ်တန်းတည်း ဖြစ်သွားပါလိမ့်မယ်

လူတိုင်းဆိုးနိုင်တယ် လူတိုင်းကောင်းနိုင်တယ်

ဒါလေးပဲ လက်ခံလိုက်ရင် သူတို့ သစ္စာဖောက်တဲ့အခါ

သူတို့စိတ်ဓါတ်တွေ နိမ့်ကျတာကို မြင်ရတဲ့အခါ

ကိုယ့်ခံစားချက်တွေ သက်သာလာလိမ့်မယ်

သဘာဝပါလားလို့ လက်ခံလာနိုင်လိမ့်မယ်

ဆက်ဆံရေးမှာ မိတ်မပျက်အောင် ခံနိုင်ရည် ရှိလာလိမ့်မယ်

အားလုံးရဲ့ မိန်းမသားများ


















