လူတိုင်းသဘောကျဖို့မလိုပါဘူး ကိုယ့်ဘဝကိုယ် ကျေနပ်နေဖို့ပဲ လိုတာပါ

ကိုယ့်ကို မကြိုချင်လို့ ပိတ်ထားတဲ့တံခါးတွေကို အတင်းတွန်းဖွင့်မဖို့မကြိုးစားနဲ့တော့ မသိသလိုလေးပဲ လှည့်ထွက်ခဲ့လိုက်ပါ ။

ကိုယ်အတင်းဖွင့်ဝင်ပြီးမှ တစ်ဖက်မှာ မကြိုဆိုတဲ့မျက်နှာတွေ တွေ့ရင် ပိုပြီး အမောဆို့ရတတ်တယ်လေ

ကိုယ့်ကို မခေါ်ချင်လို့တစ်ဖက်လှည့်သွားတဲ့မျက်နှာတွေကို ပြုံးပြဖို့မကြိုးစားပါနဲ့တော့ သူကတောင် မခေါ်ပဲ နေနိုင်သေးတာ ကိုယ်လဲမခေါ်ပဲ နေမယ်ဆိုတဲ့မာနလေးထားကြည့်ပါ ။

သူမရှိလို့ကိုယ် ဘာမှဖြစ်မသွားပါဘူး ။

ကိုယ်ခဏခဏ ဆက်နေလို့လဲ မကိုင်တဲ့ဖုန်းတွေကို နောက်တစ်ခါ ထပ်ပြီးမဆက်မိအောင် ကြိုးစားပါ

ကိုယ်ပိုတဲ့စာတွေ seen ဖြစ်ပြီး မပြန်တဲ့ conservation တွေကိုလဲ ဒီထပ်ပိုပြီးမပို့မိအောင်နေပါ

လူတစ်ယောက်အတွက် ကိုယ်က အရေးပါတယ်မပါဘူးဆိုတာ သူထုတ်ပြောမှ မဟုတ်ပါဘူး သူ့လုပ်ရပ်တွေကနေလဲ ဖော်ပြတတ်ပါတယ် ။

ကိုယ့်ဘက်က စခေါ်မှ ပြန်ပြီး အသက်ဝင်လာမယ့် ဆက်ဆံရေးတွေကိုလဲ ဒီနေ့ကစလို့ရပ်တန့်ပစ်လိုက်ပါ ဘယ်ဆက်ဆံရေးမဆို . . .

ကိုယ့်ဘက်သူ့ဘက်မရှိပဲ ကိုယ့်ဘက်ကချည်းပဲ ဆိုရင် ဘာကိုမှ တွယ်တာမနေပါနဲ့ သတ္တိရှိရှိ ရပ်တန့်ပစ်လိုက်ပါ ။

ဒီအရာတွေကြောင့် အထီးကျန်ဖို့ကောင်းလိုက်တာ အားငယ်လိုက်ဆိုပြီး သင်ဝမ်းမနည်းပါနဲ့ ။ ပြောဖူးတဲ့စကားလေးတစ်ခုလိုပေါ့ ။

ဘယ်ဘုရားကိုမှ လူတိုင်းလက်မခံပါဘူး ဘယ် နိုင်ငံခေါင်းဆောင်ကိုမှ လူအကုန်မထောက်ခံဘူး ဘယ်အနုပညာရှင်ကိုမှ လူအကုန် မထောက်ခံဘူး

ဒါဆို သင့်ကို လက်မခံကြတာကော ဆန်းလို့လား ။

သင်မွေးဖွားလာရခြင်းဟာ လူတိုင်းသဘောကျအောင် နေထိုင်ဖို့မဟုတ်ဘူးဆိုတာ ခေါင်းထဲမှာ ထည့်ထားပါ ။

လူတိုင်းသဘောကျအောင် နေပြဖို့လဲ မကြိုးပါနဲ့ ကိုယ့်အတွေးနဲ့ ကိုယ်နေပါ ။ ကိုယ်လုပ်စရာရှိတဲ့အရာကိုသာ ဆက်လုပ်ပါ ။ ကိုယ်လျှောက်ရမယ့်လမ်းကို ရဲရဲဝံ့ဝံ့လျှောက်ပါ ။

ဘယ်သူူမှ သဘောမကျလို့လဲ ဘာမှ ထိခိုက်မသွားပါဘူး အဓိက က ကိုယ့်ကိုကိုယ် သဘောကျပြီး ကိုယ့်ဘဝကိုယ် ကျေနပ်နေဖို့ပဲ လိုတာပါ ။

Julia

ကိုယ့္ကို မႀကိဳခ်င္လို႔ ပိတ္ထားတဲ့တံခါးေတြကို အတင္းတြန္းဖြင့္မဖို႔မႀကိဳးစားနဲ႔ေတာ့ မသိသလိုေလးပဲ လွည့္ထြက္ခဲ့လိုက္ပါ ။

ကိုယ္အတင္းဖြင့္ဝင္ၿပီးမွ တစ္ဖက္မွာ မႀကိဳဆိုတဲ့မ်က္ႏွာေတြ ေတြ႕ရင္ ပိုၿပီး အေမာဆို႔ရတတ္တယ္ေလ

ကိုယ့္ကို မေခၚခ်င္လို႔တစ္ဖက္လွည့္သြားတဲ့မ်က္ႏွာေတြကို ၿပဳံးျပဖို႔မႀကိဳးစားပါနဲ႔ေတာ့ သူကေတာင္ မေခၚပဲ ေနႏိုင္ေသးတာ ကိုယ္လဲမေခၚပဲ ေနမယ္ဆိုတဲ့မာနေလးထားၾကည့္ပါ ။

သူမရွိလို႔ကိုယ္ ဘာမွျဖစ္မသြားပါဘူး ။

ကိုယ္ခဏခဏ ဆက္ေနလို႔လဲ မကိုင္တဲ့ဖုန္းေတြကို ေနာက္တစ္ခါ ထပ္ၿပီးမဆက္မိေအာင္ ႀကိဳးစားပါ

ကိုယ္ပိုတဲ့စာေတြ seen ျဖစ္ၿပီး မျပန္တဲ့ conservation ေတြကိုလဲ ဒီထပ္ပိုၿပီးမပို႔မိေအာင္ေနပါ

လူတစ္ေယာက္အတြက္ ကိုယ္က အေရးပါတယ္မပါဘူးဆိုတာ သူထုတ္ေျပာမွ မဟုတ္ပါဘူး သူ႔လုပ္ရပ္ေတြကေနလဲ ေဖာ္ျပတတ္ပါတယ္ ။

ကိုယ့္ဘက္က စေခၚမွ ျပန္ၿပီး အသက္ဝင္လာမယ့္ ဆက္ဆံေရးေတြကိုလဲ ဒီေန႔ကစလို႔ရပ္တန႔္ပစ္လိုက္ပါ ဘယ္ဆက္ဆံေရးမဆို . . .

ကိုယ့္ဘက္သူ႔ဘက္မရွိပဲ ကိုယ့္ဘက္ကခ်ည္းပဲ ဆိုရင္ ဘာကိုမွ တြယ္တာမေနပါနဲ႔ သတၱိရွိရွိ ရပ္တန္႔ပစ္လိုက္ပါ ။

ဒီအရာေတြေၾကာင့္ အထီးက်န္ဖို႔ေကာင္းလိုက္တာ အားငယ္လိုက္ဆိုၿပီး သင္ဝမ္းမနည္းပါနဲ႔ ။ ေျပာဖူးတဲ့စကားေလးတစ္ခုလိုေပါ့ ။

ဘယ္ဘုရားကိုမွ လူတိုင္းလက္မခံပါဘူး ဘယ္ ႏိုင္ငံေခါင္းေဆာင္ကိုမွ လူအကုန္မေထာက္ခံဘူး ဘယ္အႏုပညာရွင္ကိုမွ လူအကုန္ မေထာက္ခံဘူး

ဒါဆို သင့္ကို လက္မခံၾကတာေကာ ဆန္းလို႔လား ။

သင္ေမြးဖြားလာရျခင္းဟာ လူတိုင္းသေဘာက်ေအာင္ ေနထိုင္ဖို႔မဟုတ္ဘူးဆိုတာ ေခါင္းထဲမွာ ထည့္ထားပါ ။

လူတိုင္းသေဘာက်ေအာင္ ေနျပဖို႔လဲ မႀကိဳးပါနဲ႔ ကိုယ့္အေတြးနဲ႔ ကိုယ္ေနပါ ။ ကိုယ္လုပ္စရာရွိတဲ့အရာကိုသာ ဆက္လုပ္ပါ ။ ကိုယ္ေလွ်ာက္ရမယ့္လမ္းကို ရဲရဲဝံ့ဝံ့ေလွ်ာက္ပါ ။

ဘယ္သူူမွ သေဘာမက်လို႔လဲ ဘာမွ ထိခိုက္မသြားပါဘူး အဓိက က ကိုယ့္ကိုကိုယ္ သေဘာက်ၿပီး ကိုယ့္ဘဝကိုယ္ ေက်နပ္ေနဖို႔ပဲ လိုတာပါ ။

Julia