ဆုတောင်းတိုင်း ပြည့်အောင် ဘာတွေလုပ်ရမလဲ

ဆုတောင်းတိုင်း ပြည့်အောင် ဘာတွေလုပ်ရမလဲ လောကမှာလူတွေဟာ မိမိတို့ရဲ့ လိုအင်ဆန္ဒပြည့်ဝစေချင်တဲ့အတွက် ဆုတောင်းပြည့်ဘုရားမှာ သွားဆုတောင်းတာတို့ ..ကြီးပွားချမ်းသာလိုတဲ့အတွက် ကြီးကိုးကြီးဘုရား သွားရှိခိုးတာတို့ပေါ့ ၊ ခုက ဒီလိုတွေ တအားများကြတယ်.. တစ်ကယ်က အဲ့သလိုမျိုးတွေ လုပ်စရာမလိုပါဘူး.. မိမိတို့ရဲ့သဏ္ဍာန်မှာ- ၁။ သဒ္ဓါ ဆိုတဲ့ ယုံကြည်မှု ၂။ သီလ ဆိုတဲ့ ကိုယ် နှုတ် စိတ် သုံးပါးကို လုံခြုံအောင် စောင့်ထိန်းမှု ၃။ သုတ ဆိုတဲ့ အကြားအမြင် ဗဟုသုတရှိမှု ၄။ စာဂ ဆိုတဲ့ စွန့်ကြဲပေးကမ်းမှု ၅။ ပညာ ဆိုတဲ့ ဉာဏ်ပညာ ကြီးမြတ်မှု အစရှိတဲ့ အခြေနေကောင်းတွေသာ ပြည့်စုံနေခဲ့ရင်ဘယ်ဘုရားကိုပဲသွားသွား ဆုတောင်းပြည့်မှာပါ။ အေး..ဒါကြောင့်မို့ ဆုတောင်းတိုင်းပြည့်အောင်ကိုယ့်ဘက်က အခြေနေကောင်းတွေဖြစ်တဲ့”သဒ္ဓါ သီလ သုတ … Read more

မင်းကွန်းဆရာတော်ကြီးမိန့်ကြားတော်မူသော “ဝ သုံးလုံး”ဆောင်ပါ

မင်းကွန်းဆရာတော်ကြီးမိန့်ကြားတော်မူသော “ဝ သုံးလုံး”ဆောင်ပါ မင်းကွန်းဆရာတော်ကြီး မုံရွာမြို့သို့ ကြွတော်မူသောအခါ – ဆရာတော်ကြီးနှင့် အလွန်ရင်းနှီးကျွမ်းဝင်သော အသက်၈၀ကျော် အဖွားအိုတစ်ဦးက ကြုံတုန်းကြုံခိုက် …သူမကို ဆုံးမသြဝါဒ ပေးသနားဘို့လျှောက်တင်ပါတယ်။ ဆရာတော်ကြီးက -“ဒကာမကြီး …အသက်အရွယ်ကြီးရင့်လာပြီဆိုတော့”ဝ”သုံးလုံး ဆောင်ထားဗျ။ ၁။ ဝ ဝ စား အသက်အရွယ်တွေက ကြီးရင့်လာပြီဆိုတော့ ကိုယ်ခန္ဓာက အားအင်တွေ တစ်နေ့တစ်ခြား ဆုတ်ယုတ်လာပြီ။ ဝဝစားမှ အားရှိမှာ … အားရှိမှ တရားဘာဝနာကို အားထုတ်နိုင်မှာ … ဒါ့ကြောင့် ဒကာမကြီး ဝဝစားပါ။ ၂။ ဝေးဝေးနေ အသက်ကြီးလာပြီဆိုတော့ ချေးမနိုင် သေးမနိုင် ချောင်းတဟတ်ဟတ်ဆိုတော့ သားသမီးတွေက အနားကပ်တာ သိပ်ကြိုက်ကြတာမဟုတ်ဘူး။ သူတို့ရဲ့ ချေးသေးကိစ္စအဝဝကို ကိုယ်က မရွံမရှာ သုတ်သင်ပေးခဲ့ပေမယ့် သူတို့အလှည့်ကျတော့… ရွံရှာတတ်ကြတယ်။ … Read more

ကံမကောင်းဘူးဆိုရင် ကံကောင်းအောင် ဘာလုပ်ရမှာလဲ….

ကံမကောင်းဘူးဆိုရင် ကံကောင်းအောင် ဘာလုပ်ရမှာလဲ…. မကောင်းတဲ့ကံ တွေ ပပျောက်အောင် ကံကောင်းတဲ့နည်းတွေ မရှိဘူးလားဆို၊ ရှိတယ်။ အကုသိုလ် အကျိုးတွေ ဝင်ရောက်ဖြစ်ပေါ်နေတာကို လူတွေက ကံမကောင်းဘူးလို့ပြောတာ။ အကုသိုလ်ရဲ့ အကျိုးတရား တွေက ကိုယ့်သန္တာန် ရောက်ပြီ၊ ထိခိုက်နေပြီဆိုရင်… ဒါက ကံမကောင်းဘူးလို့ ပြောကြတယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့လုပ်ရပ်ကို ပြန်ဆန်းစစ် ကြည့်ရမယ်။ ငါတို့လုပ်နေတာ အမှားမရှိဘူး၊ အကောင်း တွေလုပ်တယ်။ သို့သော် အတိတ်တုန်းက မှားယွင်းမှုတွေကလည်း လူတွေရဲ့သန္တာန် လာရောက်ပြီး အကျိုးပေး နေတာတွေ ရှိတတ်တယ်ပေါ့။ အဲဒီလို ဖြစ်ပေါ်လာတာမျိုးတွေ ကော မရှိနိုင်ဘူးလားဆို ရှိနိုင်တယ်။ ရှိလာလို့ရှိရင် ဘာနဲ့အကာအကွယ်လုပ်ရမလဲလို့ ဆိုရင် ကံကောင်းအောင် ကောင်းတဲ့ကံတရား တွေကို ကြိုးစားပြီး လုပ်ရမယ်။ ဘုရားကို အာရုံပြုမယ်၊ သံဃာကို … Read more

ဘုရားပန်းကို အညှိူးမခံပါနဲ့..သောက်တော်ရေကိုလည်း အနွေးမခံပါနဲ့..

ဘုရားပန်းကို အညှိူးမခံပါနဲ့..သောက်တော်ရေကိုလည်း အနွေးမခံပါနဲ့..ဂါထာတွေ မန္တာန်တွေ ပါးစပ်ကအမြုပ်ထွက်အောင်ရွတ်နေစရာမလိုပါဘူး.. ဘုရားပန်းကို အမြဲတမ်း လန်းလန်းဆန်းဆန်းဖြစ်အောင်ထားမယ်…သောက်တော်ရေချမ်းကို အမြဲအေးနေအောင် ထားမယ်ဆိုရင် အိမ်တွင်းရေး အေးချမ်းပါတယ်.. အိမ်မှာ အမြဲနေရတဲ့သူတွေဆိုရင် …….မိမိရေသောက်တိုင်း ဘုရားကို သောက်တော်ရေ လဲပြီးကပ်နိုင်ရင် ပိုကောင်းပါတယ်.. အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူးဆိုရင်တောင်မှ မနက်တစ်ခါ နေ့လည်တစ်ခါ ညနေတစ်ခါ တစ်နေ့သုံးကြိမ်လောက်တော့ ကပ်သင့်ပါတယ်.. ငါအလုပ်များတယ် အိမ်မှာလည်းနေရတာနည်းတယ်ဆိုပြီး သောက်တော်ရေ မကပ်နိုင်ဘူးလို့လည်း မပြောလိုက်ပါနဲ့.. ဘယ်နေရာမှာမဆိုမိမိရေသောက်တိုင်း ပါးစပ်ထဲမထည့်ခင် ကိုယ်သောက်မယ့်ခွက်ကို လက်နဲ့ကိုင်ထားပြီး “မြတ်စွာဘုရားအား သောက်တော်ရေ လှူဒါန်းပါတယ်”လို့ စိတ်က အာရုံပြုပြီး ကပ်လို့ရပါတယ်…… ဘုရားရှေ့သွားကပ်နိုင်မှ မဟုတ်ပါဘူး…ဒါဟာ ငွေမကုန်ပဲ အလိုလိုရနေတဲ့ ကုသိုလ်ပါ……သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ပါဘူး.. ဘာပဲစားစား မြတ်စွာဘုရားကို အာရုံပြုကပ်ပြီးတော့မှ စားပါတယ်(နေ့၁၂နာရီမကျော်သေးရင်) မစားခင် သရဏဂုံ သုံးကြိမ် … Read more

ဒေါသဖြေနည်း ၁၁-နည်း

ဝိသုဒ္ဓိမဂ်မှာ ….ဒေါသဝင်လာရင် ဖြေဖျောက်နည်း၁၁-နည်းကို ပေးထားပါတယ်။ ၁၊ မေတ္တာပွား၍ ဖျောက်ခြင်း၊ ၂၊ မြတ်စွာဘုရား၏ အဆုံးအမသြဝါဒကိုဆင်ခြင်၍ ဖျောက်ခြင်း၊ ၃၊ ရန်သူ၏ ကောင်းကွက်ကို ရှာ၍ ဖျောက်ခြင်း၊ ၄၊ သနား၍ ဖျောက်ခြင်း၊ ၅၊ မိမိကိုယ်ကို ဆုံးမ၍ ဖျောက်ခြင်း၊ ၆၊ ကမ္မဿကတာဉာဏ်ဖြင့် ဖျောက်ခြင်း၊ ၇၊ သည်းခံပုံ ဇာတ်တော်လာ နည်းများဖြင့်ဖျောက်ခြင်း၊ ၈၊ သံသရာတစ်လျှောက်၌ဆွေမျိုးမတော်ခဲ့သူမရှိဟု ဆင်ခြင်၍ ဖျောက်ခြင်း၊ ၉၊ မေတ္တာအကျိုးကို ဆင်ခြင်၍ ဖျောက်ခြင်း၊ ၁၀၊ ဓာတ်ခွဲ၍ ဖျောက်ခြင်း၊( သင်သည်ဆံပင်စသည်ကို အမျက်ထွက်သလော ပထဝီဓာတ်စသည်ကို အမျက်ထွက်သလော စသည်ဖြင့် )၊ ၁၁၊ ဥစ္စာပေးယူ၍ ဖျောက်ခြင်း၊ အားလုံးပေါင်း ၁၁-နည်းပါ။ ကိုယ့်သန္တာန်မှာ ဖြစ်နေတဲ့ ဒေါသရန်ငြိုးကို..အထက်က … Read more

ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့အခါ ဒါလေး စမ်းလုပ်ကြည့်ပါ

ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့အခါ ဒါလေး စမ်းလုပ်ကြည့်ပါ အကယ်၍ သင်ဟာ စီးပွားရေး လူမှုရေး ကျန်းမာရေး အဘက်ဘက်မှာ ချို့ယွင်းလာနေပြီလား။ အလုပ်အကိုင် အခက်အခဲဖြစ်နေလား သေချင်လောက်အောင် စိတ်ဓာတ်ကျနေလား ဘဝမှာ အခက်အခဲ မျိုးစုံ ရင်ဆိုင် ကြုံတွေ့နေရပြီလား စိတ်မပူပါနဲ့ မဟာသမယသုတ် ပရိတ်တော်မြတ်ကြီးကိုသာ ယုံကြည်လေးနက်စွာ ပူဇော် လိုက်ပါ။ မဟာသမယသုတ် ပရိတ်တော်မြတ်ကြီးကိုစ ပူဇော်ကာစမှာ အလွတ်ရစရာမလိုပါဘူး စာအုပ်ကို ကြည့်ပြီး ပူဇော်တတ်ရင်ပဲ ရနေပါပြီ စပြီး ပူဇော်ကြည့်ယုံနဲ့ မိမိရဲ့စိတ်အနေ ဘယ်လောက်အေးချမ်း လာတယ်ဆိုတာ သိလာရပါမယ်။ ပူဇော်တဲ့ သက်တမ်း ရလာတာနဲ့အမျှ ဘက်ပေါင်းစုံမှ အဆင်ပြေမှုတွေ တိုးတတ်မှုတွေ မထင်မှတ်ထားတဲ့ ကောင်းကျိုးတွေ အများကြီး ရလာပါလိမ့်မယ်။ လောကီချမ်းသာတင်ပဲလား မဟုတ်သေးပါဘူးနော် လောကုတ္တရာ အတွက် ကြီးမြတ်သော … Read more