Messages လေးတွေရဲ့တန်ဖိုး

ချစ်သူတွေကြားမှာဖြစ်စေ ” လင်မယားတွေကြားမှာဖြစ်စေကိုယ်ဘယ်ရောက်နေတယ်.. ဘာလုပ်နေတယ်ဆိုတဲ့.. massage လေးတစ်ကြောင်းက တစ်ဦးအပေါ်တစ်ဦးဘယ်လောက် အလေးနက်ထားတယ်ဆိုတာကို သိသာစေပါတယ် ။ တကယ်တော့လူတွေပြောနေကြတဲ့ ” ချစ်တယ် ” ဆိုတဲ့စကားဟာ လူတစ်ဦးနဲ့တစ်ဦးပိုပြီးနီးစပ်စေတာကလွဲပြီးရင်ဘတ်ထဲကိုတော့ မထိရောက်စေပါဘူး ။ ချစ်တယ် ဆိုတဲ့စကားကို ကြိုက်သလောက်ပြောပါစေ သူငါ့ အပေါ်တကယ်ချစ်ပါလား ” သူ ငါ့ကိုတကယ်ချစ်တာပါ ” ဆိုတဲ့ အသိကလွဲပြီး ကိုယ့်အပေါ် ဂရုတစိုက်နဲ့အလေးအနက်ထားတဲ့ အပြုမူလိုတော့ ရင်ဘတ်ထဲမှာ မလေးနက်တာတော့အမှန်ပါ ။ ဂရုစိုက်ခြင်း ‘ ကြင်နာယုယခြင်း ‘ နွေးထွေးတဲ့မေတ္တာတရားစသဖြင့် အကြောင်းတရားတွေဟာ ” အချစ် ” ဆိုတဲ့ပေါင်းကူးတံတားက စတင်ခဲ့တာမှန်ပါတယ် ။ ဒါပေမဲ့ တချို့တွေက အချစ်ဆိုတဲ့ ပေါင်းကူးတံတာကိုတော့ကျော်လွှားခဲ့ပါရဲ့ တဖက်ကမ်းလည်းရောက်ရော ရှေ့ဆက်မသွားတော့ဘူး ရပ်တန့်နေခဲ့တယ် ။ … Read more