
မီးသတ်ကား အတိုက်ခံရလို့ ရခဲ့တဲ့လျော်ကြေး ကို မီးသတ်ဌာန ကို ပြန်လည် လှူဒါန်းခဲ့တဲ့ ကားပိုင်ရှင်
ယခုအကြောင်းအရာသည် ရွှေပြည်သာအရန်မီးသတ်တပ်ဖွဲ့ တင်ထားသော Post အား ပြန်လည်မျှေ၀ ဖော်ပြခြင်းဖြစ်ပါသည် (၂၅ . ၇ . ၂၀၂၀)ရက်နေ့တွင် ကျွန်တော်တို့စခန်းမှ မီးသတ်ယာဉ်ဖြင့် ယာဉ်မတော်တဆ ဖြစ်ပွားခဲ့ပြီး တဘက်ယာဉ်ပိုင်ရှင်ဘက်အား လျှော်ကြေးငွေ သိန်း (၃၀) ကျပ် ပေးလျှော်ခဲ့ရပြီး ယခုအခါ တစ်ဖက်ယာဉ်ပိုင်ရှင် ဘက်မှ လျှော်ကြေးငွေ သိန်း(၃၀)မှငွေ ကျပ် (၁၀)သိန်း အားပြန်လည် ပေးအပ် လှုဒါန်းကူညီခဲ့ပါသည်။ ယခုလို ကျွန်တော်တို့ရဲ့အခက်အခဲတွေဘက်ကိုပြန်လည်ကြည့်ရှူ့စာနာနားလည်ပေးတဲ့အတွက်လည်းအထူးပင်ကျေးဇူးတင်ရှိပါသည်။ ကျွန်တော်တို့တင်ရှိနေသောအကြွေးလည်းအနည်းငယ်လျှော့သွားလို့လည်းဝမ်းသာမိပါသည်။ […]