မိန်းမကောင်းတစ်ယောက်ရဲ့အင်္ဂါရပ်နဲ့ညီအောင်နေထိုင်တတ်ပြီလား…သမီးလေးတို့….

May 30, 2020 PP 0

မိန်းမကောင်းတစ်ယောက်ဆိုတာ ပြင်ပရုပ်ရည်သန့်ရှင်းသပ်ရပ်ပြီး အရည်အချင်းလည်းရှိတဲ့သူမျိုးကိုပြောတာပါ။ မိန်းမကောင်းတစ်ယောက်ဖြစ်ဖို့ ရုပ်ရည်ချောမောလှပနေဖို့၊ ပြီးပြည့်စုံနေဖို့မလိုပါဘူး။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့၊ အများအမြင်မှာတင့်တယ်နေဖို့တော့လိုပါတယ်။ ဒီတော့ မိန်းမကောင်းတစ်ယောက်ရဲ့အင်္ဂါရပ်နဲ့ညီအောင် နေထိုင်နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ (၁) အပေါ်ယံတွေကိုအရမ်းဦးစားမပေးပါနဲ့ လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ အပေါ်ယံတန်ဖိုးကြီးပစ္စည်းတွေမဟုတ်ပါဘူး။ အပေါ်ယံမိတ်ကပ်တွေ၊ဈေးကြီးပေးရတဲ့အဝတ်အစားတွေနဲ့ တန်ဖိုးကြီး branded အသုံးအဆောင်တွေက လူတစ်ယောက်ရဲ့တန်ဖိုးကို ကိုယ်စားမပြုပါဘူး။ အပေါ်ယံတွေကို ဦးစားပေးလွန်းတဲ့အခါ ကိုယ့်အတွက်တကယ်အရေးပါတဲ့အရာတွေ၊ […]

အပျော်ရည်းစားမထားခင်မှာ ဒါတွေကိုအရင်စဉ်းစားပါဦး သမီးလေးရေ ….

May 30, 2020 PP 0

မိန်းကလေးတွေအနေနဲ့ ဘဝလက်တွဲဖောက်အဖြစ်ရည်ရွယ်ပြီးချစ်သူ၊ရည်းစားထားကြသလို၊ လက်တွဲဖို့အထိမရည်ရွယ်ဘဲ အပျော်ရည်စားထားတာမျိုးလည်း လုပ်တတ်ကြပါတယ်။ တကယ်တော့ လူတစ်ယောက်ကိုအပျော်တွဲတယ်ဆိုတာ လုံးဝမလုပ်သင့်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် အပျော်ရည်းစားထားတယ်ဆိုတာမကောင်းကြောင်း၊ မထားသင့်ကြောင်းတွေပြောပြီး လိုက်ပိတ်ပင်နေလို့လည်း မရပါဘူး။ ဒါကြောင့် မိန်းကလေးတွေ အပျော်ရည်းစားထားဖို့ စဉ်းစားနေတယ်ဆိုရင် အရင်ဆုံး အခုပြောမယ့်အကြောင်းအရာတွေကို အလေးအနက်ထားစဉ်းစားသင့်ပါတယ်။ (၁) ကိုယ့်ကိုအပျော်တွဲမယ်ဆိုရင်ရောလက်ခံနိုင်မှာလား အပျော်တွဲတယ်ဆိုတာ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် […]

အားနာတယ်ဆိုတာ ရိုးသားခြင်းမဟုတ်

May 30, 2020 daddy 0

အားနာတယ်ဆိုတာ ရိုးသားခြင်းမဟုတ် တစ်ခါတလေ သူညာနေမှန်းသိပေမယ့်အားနာလို့ ကိုယ့်ပြောချင်တာမပြောလိုက်သောအခါ သူ့ကိုလိမ်ဖို့ညာဖို့နောက်ထပ် အခွင့်အရေးပေးလိုက်သလိုပါပဲ။ ကိုယ်အားနာတာ သူတန်ဖိုး မထားရင်နောက်ထပ်အားနာနေစရာ မလိုပါဘူး၊ ကိုယ့်ကိုလိမ်နေ၊ညာနေသောလူကိုတစ်ကြိမ်မက အကြိမ်ကြိမ်ဘာလို့အားနာနေရမှာလဲ။ လောကမှာ လိုက်ကြည့် အားနာတတ်သောသူတိုင်းအလိမ်ခံနေရတာပဲလေ၊ တကယ်တော့အားနာတယ်ဆိုတာ ရိုးသားတာလည်းမဟုတ်အားနာလိုက်လို့ ကိုယ့်စိတ်အေးချမ်းရတာမှမဟုတ်တာလေ။ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အားနာမှုကသူ့ကို လိမ်ရသောဒုက္ခမဖြစ်ပါစေနဲ့။ ကိုယ်လည်း အလိမ်မခံရဖို့ သူလည်းသူများတွေအပေါ်မှာ လိမ်တာတွေရပ်ဖို့ သူ့မှာလိမ်ရသောဒုက္ခကင်းဖို့၊ကိုယ့်မှာအားနာရလို့စိတ်ပင်ပန်းရခြင်းကင်းဖို့ […]

ကိုယ့်တန်ဘိုးကို သူများဆီမှာ မသွန်ချပါနဲ့

May 30, 2020 daddy 0

ကိုယ့်တန်ဘိုးကို သူများဆီမှာ မသွန်ချပါနဲ့ ဒီလူက ကိုယ့်ကို ဒီလိုပြောလို့ကိုယ်ကလိုက်ပြီး ဒီလိုပြောရလားလို့၊တုံ့ပြန်လိုက်တယ်၊ ဟိုလူက ဟိုလိုပြောလို့ ဘာလို့ဟိုလိုပြောရလဲဆိုပြီးလိုက်တုံ့ပြန်လိုက်တယ်၊ ဒီလိုလုပ်ခြင်းဟာမပြီးနိုင်တဲ့ သံသရာကို ချဲ့ထွင်ဖို့ကြိုးစားနေတာနဲ့တူပါတယ်။ ကိုယ်တုံ့ပြန်ဖို့စဉ်းစားတဲ့အခါမှာပဲဖြစ်ဖြစ်၊တုံ့ပြန်လိုက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ကိုယ့်စိတ်ဆင်းရဲနေရမှာအမှန်ပါပဲ။ ပတ်သက်စရာမကောင်းတဲ့သူကို သွားတုံပြန်လိုက်ခြင်းဟာလည်းစိတ်ဆင်းရဲဖို့ ပတ်သက်လိုက်တာတစ်မျိုးပါပဲ။ အော်ဒီလူက ဒီလိုပြောတတ်ပါလား၊ဟိုလူကဟိုလိုပြောတတ်ပါလား၊ ကိုယ့်စိတ်ထဲမှာ မှတ်သားလိုက်တယ်။ မှတ်သားတယ်ဆိုတာ ခံစားပေါက်ကွဲနေဖို့ မဟုတ်ပါဘူး။ သူက […]

လည်ချောင်းနာတာကိုချက်ချင်းသက်သာစေမယ့် အိမ်တွင်းနည်းလမ်း(၄)မျိုး

May 30, 2020 PP 0

ရာသီဥတုအပြောင်းအလဲဖြစ်လာတဲ့အခါမှာပဲဖြစ်ဖြစ်၊ နေပူထဲအသွားများတာကြောင့်ပဲဖြစ်ဖြစ်၊ အအေးမိလို့ပဲဖြစ်ဖြစ် နှာစေး၊ချောင်းဆိုး၊ ဖျားတာတွေနဲ့အတူ လည်ချောင်းနာတာလည်း ဖြစ်လာတတ်ပါတယ်။ လည်ချောင်းနာတဲ့အခါ လည်ပင်းတစ်ခုလုံးပူပြင်းခြောက်သွေ့နေပြီး နေရခက်လှပါတယ်။ လည်ချောင်းနာပျောက်ဖို့အတွက် အရမ်းခက်ခက်ခဲခဲစဉ်းစားနေစရာမလိုပါဘူး။ ဒီနည်းလေးတွေနဲ့ လွယ်လွယ်ကူကူကုသလို့ရပါတယ်။ (၁) ပျားရည် ပျားရည်က ဘက်တီးရီးယားတွေကိုသေစေပြီး ရောင်ရမ်းတာတွေကိုသက်သာစေပါတယ်။ လည်ချောင်းနာတဲ့အခါ ပျားရည်တစ်ဇွန်းကို ဒီအတိုင်းစားပေးတာပဲဖြစ်ဖြစ်၊ ရေနွေးအဖြူလေးနဲ့ရောပြီး သောက်လိုက်တာပဲဖြစ်ဖြစ် လုပ်ပေးလိုက်ပါ။ […]

အိမ်မွေးတိရစ္ဆာန်လေးတွေကို သံယောဇဉ်တွယ်တတ်တဲ့သူတွေရဲ့ စိတ်နေစိတ်ထား

May 29, 2020 PP 0

လောကကြီးမှာ အိမ်မွေးတိရစ္ဆာန်မွေးချင်တဲ့သူနဲ့ မမွေးချင်တဲ့သူဆိုပြီး လူနှစ်မျိုးရှိပါတယ်။ တချို့ကျတော့လည်း တိရစ္ဆာန်လေးတွေကို ချစ်ပေမယ့် နေရာအနေအထားကြောင့် မွေးဖို့အဆင်မပြေတဲ့သူတွေလည်းရှိကြတာပါပဲ။ အခုပြောချင်တာက အိမ်မွေးတိရစ္ဆာန်လေးတွေအပေါ် ချစ်ခင်တတ်တဲ့သူ၊ သံယောဇဉ်တွယ်တတ်သူတွေရဲ့ စိတ်နေစိတ်ထားအကြောင်းပါ။ အိမ်မွေးတိရစ္ဆာန်တွေကိုချစ်တတ်တဲ့သူတွေက …. (၁) ကြင်နာတတ်သူတွေ တိရစ္ဆာန်လေးတွေဟာ သခင်အပေါ်အရမ်းသိတတ်ကြပါတယ်။ သူတို့လေးတွေကို ရိုက်ရင်တောင် ဘာမှပြန်မလုပ်ပါဘူး။ ဒါပေမယ့် အကြင်နာတရားမရှိတဲ့ […]

အပူလောင်ဒဏ်ရာတွေကို အမာရွတ်မကျန်အောင် ကုသနည်း

May 29, 2020 PP 0

အပူလောင်တာ၊ မီးပူကပ်တာတွေဖြစ်လာတဲ့အခါ ကုသတဲ့နည်းလမ်းမမှန်တဲ့အခါ အမာရွတ်ကြီးကြီးကျန်ခဲ့တတ်ပါတယ်။ ဒါကြောင့် မတော်တဆအပူလောင်တာတွေဖြစ်လာရင် အမာရွတ်မကျန်အောင်ကုသနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ပျားရည် ပျားရည်က အေးမြပြီး ရောင်ရမ်းတာတွေကိုသက်သာစေတာကြောင့် အပူလောင်ဒဏ်ရာပေါ်မှာ ပျားရည်ကိုပါးပါးလေးလိမ်းပေးလိုက်ရင် အပူလောင်ဒဏ်ရာသက်သာလွယ်ပြီး အမာရွတ်လည်းမကျန်အောင်အစွမ်းထက်ပါတယ်။ (၂) ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ်အနှစ်ကလည်း အေးမြတာကြောင့် အပူလောင်ဒဏ်ရာတွေအတွက် အရမ်းကောင်းပါတယ်။ ဒါကြောင့် […]

နေ့စဉ်နဲ့အမျှစိတ်ညစ်နေရတာကိုလျော့ပါးသက်သာစေပြီး သင့်ကိုပျော်ရွှင်စေမယ့်လျှို့ဝှက်ချက်

May 29, 2020 PP 0

အသက်ရှင်နေတုန်း ပျော်ရွှင်တဲ့သူဖြစ်မှ လူဖြစ်ကျိုးနပ်တယ်လို့ ဆိုရမှာပါ။ နေ့စဉ်နဲ့အမျှ စိတ်ညစ်စိတ်ဆင်းရဲနေရတဲ့ဘဝမျိုးမှာရှင်သန်နေရရင် လူဖြစ်ကျိုးနပ်တဲ့သူလို့ မခေါ်ထိုက်ပါဘူး။ ဘဝမှာပျော်ရွှင်တဲ့သူဖြစ်ဖို့အတွက် စည်းစိမ်ချမ်းသာ၊ ဂုဏ်ဒြပ်တွေအများကြီးရှိဖို့မလိုအပ်ပါဘူး။ ဒီအချက်လေးတွေကိုပဲ လိုအပ်တာပါ။ (၁) ကျေးဇူးတင်တတ်တဲ့စိတ် သူများပိုင်ဆိုင်မှုတွေကို မမက်မောဘဲ ကိုယ့်မှာရှိတဲ့အရာ၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို တန်ဖိုးထားတတ်ပြီး အရာရာကိုကျေးဇူးတင်တတ်တဲ့စိတ်က သင့်ကိုပျော်ရွှင်စေပါတယ်။ (၂) အကောင်းမြင်စိတ် အဆိုးမြင်စိတ်က […]

ကိုယ်ချင်းစာစိတ်ရှိသူတွေရဲ့ လက္ခဏာ

May 28, 2020 daddy 0

ကိုယ်ချင်းစာစိတ်ရှိသူတိုင်းမှာ တူညီချက်တစ်ခုကတော့အားနာတတ်တဲ့စိတ်ပါ။ လူတစ်ယောက် ကိုယ့်ကြောင့်ခံစားရမှာကို ကိုယ်ခံစားရမှာထက် ပိုကြောက်တတ်ပီး ကိုယ့်အသားနာမှာထက် သူများ အသားနာသွားမှာကို အရမ်းစိတ်ပူတတ်ကြတယ်။ ကိုယ်မှားခဲ့တဲ့ အမှားအတွက်ဆိုရင် ဘယ်လောက်ပဲ ပေးဆပ်ရ မညီးမညူ ပေးဆပ်တတ်ကြပီး ကိုယ့်အမှားတစ်ခုအတွက် တာဝန်ယူစိတ်အပြည့်ရှိကြတယ်။ ကိုယ့်ခံစားမူှများကို မျက်ကွယ်ပြုထားတတ်ကြပီး သူများငိုနေရင် ကိုယ်ပါမျက်ရည်ကျတတ်ကြပြန်တယ်။ ဘယ်လောက်ပဲအပြောဆိုးသူဖြစ်နေပါစေ ကိုယ်ချင်းစာစိတ်ရှိသူဆိုရင် ပါးစပ်ကထွက်တဲ့စကားနဲ့ […]

မအိုချင်ရင် စိတ်ပြု ပြင်

May 28, 2020 daddy 0

စိတ်ကို ချမ်းချမ်းသာသာ မနေတတ်၊သင့်တော်သလို နှလုံးမသွင်းတတ်လို့ စိတ်မချမ်းသာတာတွေအားကြီးနေရင် အိုလွယ်တယ်။ စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်တွေကလဲ စိတ်ထောင်းတော့ကိုယ်ကြေဆိုတာလို မကောင်းတဲ့ရုပ်တွေ မချမ်းသာတဲ့ခပ်အိုအို ရုပ်တွေပဲ ဖြစ်လာတယ်။ အဲဒါကြောင့် စိတ်ကိုထိန်းသိမ်းပြီး စိတ်ချမ်းသာအောင်မနေတတ်တဲ့လူတွေဟာ သူများထက်ပိုပြီး အိုလွယ်တယ်။ ဒါကြောင့် စိတ်မချမ်းသာစရာကိစ္စ ပေါ်ပေါက်လာလို့ရှိရင်စိတ်ကို ထိန်းသိမ်းပြုပြင်နိုင်ရမယ်။ ကုသိုလ်ကောင်းမှုပြု ၊ဘုရားအာရုံပြု , […]