မီးသတ်ကား အတိုက်ခံရလို့ ရခဲ့တဲ့လျော်ကြေး ကို မီးသတ်ဌာန ကို ပြန်လည် လှူဒါန်းခဲ့တဲ့ ကားပိုင်ရှင်
ယခုအကြောင်းအရာသည် ရွှေပြည်သာအရန်မီးသတ်တပ်ဖွဲ့ တင်ထားသော Post အား ပြန်လည်မျှေ၀ ဖော်ပြခြင်းဖြစ်ပါသည် (၂၅ . ၇ . ၂၀၂၀)ရက်နေ့တွင် ကျွန်တော်တို့စခန်းမှ မီးသတ်ယာဉ်ဖြင့် ယာဉ်မတော်တဆ ဖြစ်ပွားခဲ့ပြီး တဘက်ယာဉ်ပိုင်ရှင်ဘက်အား လျှော်ကြေးငွေ သိန်း (၃၀) ကျပ် ပေးလျှော်ခဲ့ရပြီး ယခုအခါ တစ်ဖက်ယာဉ်ပိုင်ရှင် ဘက်မှ လျှော်ကြေးငွေ သိန်း(၃၀)မှငွေ ကျပ် (၁၀)သိန်း အားပြန်လည် ပေးအပ် လှုဒါန်းကူညီခဲ့ပါသည်။ ယခုလို ကျွန်တော်တို့ရဲ့အခက်အခဲတွေဘက်ကိုပြန်လည်ကြည့်ရှူ့စာနာနားလည်ပေးတဲ့အတွက်လည်းအထူးပင်ကျေးဇူးတင်ရှိပါသည်။ ကျွန်တော်တို့တင်ရှိနေသောအကြွေးလည်းအနည်းငယ်လျှော့သွားလို့လည်းဝမ်းသာမိပါသည်။ လက်ရှိစခန်းမှ ပျက်စီးသွားသောမီးငြိမ်းသတ်ယာဉ်ကိုလည်းယနေ့တွင် စတင်၍ ပြန်လည်ပြင်ဆင်နိုင်ရန်အတွက်ကိုလည်းကားကြီးဝပ်ရှော့သို့ ပို့ဆောင်ထားပြီးဖြစ်ပါသည်။ အရင်အတိုင်း စခန်းတွင် ပြန်လည်တာဝန်ထမ်းဆောင်နိုင်ရန်အတွက်ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။ အဖက်ဖက်မှဝိုင်းဝန်းကူညီပေးကြသူများကိုလည်းကျွန်တော်တို့စခန်းအဖွဲ့မှအထူးပင်ကျေးဇူးတင်ရှိပါသည်။ သတင်းနှင့်ပြန်ကြားရေး အရန်မီးသတ်တပ်ဖွဲ့စခန်း(၄)ရပ်ကွက် ရွှေပြည်သာမြို့နယ် ဖုန်း -09-400544406/09-400566673 ယခုအကြောင်းအရာသည် ရွှေပြည်သာအရန်မီးသတ်တပ်ဖွဲ့ တင်ထားသော Post အား ပြန်လည်မျှဝေ … Read more