ပြသနာဆိုတာ စိတ်ညစ်စရာမဟုတ်ပါဘူး။အောင်မြင်ဖို့အတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။

ရလာဒ် အမြင့်ဆုံးကိုကြိုးစား ပျံကြည့်တယ်။မုန်တိုင်းနဲ့တွေ့တဲ့အခါတော့ အနိမ့်ဆုံးကို ချပြီးပျံသန်းရတာပေါ့။ လတ်ခုလတ်မှာ ပြုတ်ကျလို့မဖြစ်သေးပဲလေ။ မောရင်ခဏနားတယ်။ပြီးရင် ရှေ့ဆက်လှမ်းတယ်။ ပန်းတိုင်တစ်ခုဆီကိုပေါ့။ပုံမှန်လျှောက်နေဖို့ပါပဲ။ ပန်းတိုင်တစ်ခု‌ရောက်တိုင်း မရပ်တန့်လိုက်ပါနဲ့။‌ရှေ့ဆက်တိုးပါ။ရောက်နေတဲ့ ပန်းတိုင်ထက် ရှေ့ကပန်းတိုင်တွေက ပိုလို့ လှတာ။ဒါပေမဲ့ အန္တရာယ်များလာပြီနော်။သတိတော့ထားပေါ့။ မောတယ်လို့မညည်းနဲ့။ပန်းတယ်ဆိုပြီးပစ်လဲမချနဲ့။မောတဲ့အခါ မော ပန်းတဲ့အခါပန်းပေမဲ့ ရောက်ရာ အဆင့်မှာ ပျော်ရွှင်ရပါတယ်။ကျေနပ်ရတယ်။ဒါပေမဲ့ ရပ်တန့်လို့မဖြစ်ဘူး။ တချို့အရာတွေမှာ ရောင့်ရဲတဲ့စိတ်က ကောင်းပေမဲ့ တချို့‌အရာတွေမှာတော့ ရောင့်ရဲတတ်တဲ့စိတ် ထားလို့မရဘူး။ အောင်မြင်ချင်ရင်တော့ ပင်ပန်းပါမယ်။တနေ့နှင့်တနေ့ မရိုးတဲ့ ပြသနာတွေတွေ့ရပါမယ် ။ ပြသနာဆိုတာ စိတ်ညစ်စရာမဟုတ်ပါဘူး။အောင်မြင်ဖို့အတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။ စိန်ခေါ်မှုတွေများလေ ကိုယ်ကစင်ပေါ်ရောက်လေပါပဲ။ မကြောက်ပါနဲ့။အားမငယ်ပါနဲ့။ရဲရဲဆက်လျှောက်ပါမယ်။ စိတ်ညစ်တဲ့အခါ ငိုလိုက်ပါ။စိတ်လှုပ်ရှားပြီး အရမ်းကြောက်နေတဲ့မခါ မျက်စိလေးမှိတ်ပြီး ခဏလေး ရပ်နေလိုက်ပါ။ နောက်ပြန့်တော့ ဘယ်တော့မှ မလှည့်လိုက်ပါနဲ့။ ပျော်ရွှင်ချင်ရင် ခရီးထွက်ပါ။အေးချမ်းချင်ရင်တော့ ဝိပသနာရှု့ရမှာ‌ပေါ့။ဒါနမျိုး‌စေ့လဲ လမ်းတလျှောက်ကျဲပက်ခဲ့ပါ။နည်းစေများစေ မတွေးပါနဲ့။ကိုယ့်တနိုင်တပိုင်သာ … Read more

ဘုန်းကြီးကျောင်းထဲမှာ လူတွေဖိနပ်စီးကောင်းသလား

ဘုန်းကြီးကျောင်းထဲမှာ လူတွေဖိနပ်စီးကောင်းသလား ဘုန်းကြီးကျောင်းထဲမှာ လူတွေဖိနပ်မစီးရဟု တားမြစ်ထားသော ဘုရားဟော ပါဠိမရှိ။ အဋ္ဌကထာ၌လည်း အထင်အရှားမရှိ။ ဗိမ္ဗိသာရမင်း ဓားခွဲခံရခြင်းအကြောင်းကို ပန်းနံ့သာစသည် ပူဇော်ရာ စေတီရင်ပြင်၌ ဖိနပ်စီးသောကြောင့်ဟူ၍လည်းကောင်း ( ရဟန်းသံဃာတော်များထိုင်ရန် ပြင်ဆင်ထားသည့်နေရာ ခင်းထားသောသင်ဖြူးပေါ်၌ ခြေမဆေးပဲ တက်နင်းသောကြောင့် ဟူ၍လည်းကောင်း) ရှေးဆရာတို့ဆိုကြောင်း မထင်မရှားပြဆိုထား၏။ ထိုပြဆိုချက်၌လည်း စေတီရင်ပြင်၌ဖိနပ်စီးခြင်းကို ဘုန်းကြီးကျောင်းဝင်းအတွင်းဟူ၍ မဆိုချေ။ ရဟန်းသံဃာများထိုင်ရန် သင်ဖြူးပေါ်၌ ခြေမဆေးပဲနင်းသည်ဟု ဆိုသောအကြောင်းကို ထောက်ဆကြည့်လျှင် ယခုကာလဖိနပ်မစီးကြသော်လည်း ခြေမဆေးပဲ ကျောင်းပေါ်တက်ခြင်း ဖျာပေါ်နင်းခြင်းအတွက် ဆင်ခြင်စရာရှိ၏။ ခရီးသွားအာဂန္တုရဟန်းတော်များ အခြားကျောင်းတိုက်သို့ဝင်လျှင် ဖိနပ်ချွတ်ခြင်းစသော အာဂန္တုကဝတ်ကို ပြုရ၏။ ထိုဝတ်ပြုပုံကိုထောက်၍ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ လူများဖိနပ်မစီးပဲ အရိုအသေပြုလာခဲ့ကြဟန်တူသည်။ သီလက္ခန်(၄၇) ၌ ” ယာဝတိကာ နာဂဿ ဘူမိ၊ နာဂေန ဂန္တွာ … Read more

“အပြစ်လည်းမမြင်နဲ့ အပြစ်လည်းမတင်နဲ့တော့ ကြံဖန်သာကျေးဇူးတင်လိုက်”

“အပြစ်လည်းမမြင်နဲ့ အပြစ်လည်းမတင်နဲ့တော့ ကြံဖန်သာကျေးဇူးတင်လိုက်” ကိုယ့်ကို အရေးမလုပ်သူတစ်ချို့ကြောင့် တစ်ယောက်တည်း ခပ်အေးအေးနေတတ်သွားတယ်.. စွန့်ခွာသွားတဲ့သူတစ်ချို့ကြောင့်မတည်မြဲခြင်းဆိုတဲ့ ဓမ္မအသိနဲ့ တရင်းတနှီးဖြစ်လာတယ်.. စကားကို ဗလောင်းဗလဲပြောတတ်သူတစ်ချို့ကြောင့်စကားမမှားရအောင် ဆင်ဆင်ခြင်ခြင်ပြောတတ်တဲ့ အကျင့်တစ်ခုရလာတယ်.. အပြစ်မြင်လွယ်တတ်သူတစ်ချို့ကြောင့်ခံစားဖို့ တုန့်ပြန်ဖို့ မလိုအပ်တာတွေကို သိမြင်လာရတယ်.. တာဝန်မဲ့သူတစ်ချို့ကြောင့်ကိုယ့်ကြောင့် လောကကြီး အကျည်းမတန်အောင် ပိုသတိထားဖြစ်သွားတယ်.. ရှုံ့ချတတ်သူတစ်ချို့ကြောင့်လူကဲ့ရဲ့စရာမဖြစ်အောင် ကိုယ့်ကိုကိုယ် ပိုဆင်ခြင်မိသွားတယ်.. အနိုင်ကျင့်လွန်းသူတစ်ချို့ကြောင့်တော်ရုံနဲ့သိပ်မဖြုံပဲ ကိုယ့်ရဲ့စိတ်ဓာတ်တွေ ပိုမာကျောလာတယ်.. ကိုယ့်အပေါ်အခွင့်အရေးယူလွန်းသူတစ်ချို့ကြောင့်လိမ္မာပါးနပ်ဖို့ မဖြစ်မနေသင်ယူတတ်လာတယ်.. တစ်ကယ်ပါ သူတို့ကြောင့်ပဲ ပိုရင့်ကျက်လာတယ်..သူတို့ကြောင့်ပဲ ဆင်ခြင်တုံတရား ပိုရှိလာတယ်..သူတို့ကြောင့်ပဲ ပိုသတိရှိလာတယ်..သူတို့ကြောင့်ပဲ လူတွေအကြောင်းကို ပိုသိလာတယ်.. အပြစ်မြင်ရတာ အပြစ်တင်ရတာ စိတ်ပင်ပန်းပါတယ်..ကြံဖန်ကျေးဇူးတင်လိုက်တာ ကောင်းပါတယ်လေ..။ ယောဆရာတော်ကြီး “အပြစ်လည်းမမြင်နဲ့ အပြစ်လည်းမတင်နဲ့တော့ ကြံဖန်သာကျေးဇူးတင်လိုက်” ကိုယ့်ကို အရေးမလုပ်သူတစ်ချို့ကြောင့် တစ်ယောက်တည်း ခပ်အေးအေးနေတတ်သွားတယ်.. စွန့်ခွာသွားတဲ့သူတစ်ချို့ကြောင့်မတည်မြဲခြင်းဆိုတဲ့ ဓမ္မအသိနဲ့ တရင်းတနှီးဖြစ်လာတယ်.. စကားကို ဗလောင်းဗလဲပြောတတ်သူတစ်ချို့ကြောင့်စကားမမှားရအောင် … Read more

အားငယ်မိတိုင်း ဖတ်မိပါစေ

အားငယ်မိတိုင်း ဖတ်မိပါစေ လောကမှာ ပြီးပြည့်စုံတဲ့ လူရယ်လို့ မရှိကြပါဘူး။ ကိုယ်ဆီကိုယ်ငှာ အားနည်းချက်လေးတွေ ရှိကြပါတယ်။ မွေးရာမှာ စကားမပီတဲ့လူ၊ ထော့နဲ့တဲ့လူ၊ မျက်စိဆွေတဲ့လူ စသည်ဖြင့် အားနည်းချက် ကိုယ်ဆီရှိပါတယ်။ ဒါတွေက တကယ်တော့ အားငယ်စရာ စိတ်ပျက်စရာလို့ မရှိပါဘူး။ မွေးရာပါ လောကပေးလိုက်တဲ့ စိတ်ထားလေးလှဖို့ကတာ အဓိကပါ။ တစ်ချို့တွေက ရှိကြတယ်။ “ငါ့ရဲ့ ဆိုးတဲ့ရုပ်ကြောင့် လူတွေက ငါ့အနားမကပ်ကြဘူး”။ တကယ်တော့ အဲ့လိုမတွေးသင့်ပါဘူး။ “ငါ့မှာ မွေးရာပါ လောကကြီးကပေးလိုက်တဲ့ ဖြူစင်တဲ့ စိတ်ထားလေးရှိတယ်၊ ငါဟာ လောကကောင်းကျိုး၊ လူသားတွေကောင်းကျိုးကို အများကြီးသယ်ပိုးနိုင်သေးတယ်၊ ငါ့မှာ ရောဂါအနာကင်းရှင်းနေသေးတယ်၊ ဘယ်လောက် ကံကောင်းလိုက်တဲ့ငါလဲ” ထိုကဲ့သို့ တွေးသင့်ပါတယ်။ ဒီနေရာမှာ မိမိဥပမာ တစ်ခု ပေးချင်ပါတယ်။တခါတုန်းက အမျိုးသမီးကြီးတစ်ယောက်ဆီမှာ သူမ ရေခပ်တိုင်း … Read more

စေတနာဟာလူတိုင်းနဲ့ မတန်ပါဘူး ဆိုတာ ဟုတ်ရဲ့လား

စေတနာဟာလူတိုင်းနဲ့ မတန်ပါဘူး ဆိုတာ ဟုတ်ရဲ့လား တချို့က ပြောကြပါတယ်။ “စေတနာဟာလူတိုင်းနဲ့ မတန်ပါဘူး” တဲ့။ လူတိုင်းအပေါ်မှာ စေတနာထားရင်းနဲ့ ခံရတာတွေကများလာတော့ စေတနာဆိုတာအကျိုးမများတဲ့ အရာလို့ ထင်လာတယ်။ စေတနာထားမိမှ ဒီလိုအဖြစ်တွေကလည်း ပြန်လို့ရှိတတ်တာမို့ ငါ့စေတနာကြောင့် ဝေဒနာရောက်တာလို့ တွေးမိတဲ့အထိတောင် ဖြစ်တတ်ကြပါတယ်။ တချို့ကလည်းပြောကြတယ်။ “မင်းကစေတနာမှ မမှန်တာ” တဲ့။ စေတနာမမှန်လို့ ပြန်ခံနေရတာတွေကလည်း မြင်နေ၊ သိနေရတာပါပဲ။ မိမိကောင်းစားဖို့အတွက် သူများတွေအပေါ်မှာ စေတနာလိုလိုနဲ့ ဟန်ပြဆက်ဆံပြီး စိတ်မှာမကောင်းကြံနေသူတွေကလည်း ရှိနေတယ်။ ဒါပေမယ့် စေတနာမှန်ပြီး နာကျင်ခံစားရတဲ့ ဘဝတွေလည်း အများကြီးပါပဲ။ ခံရလွန်းလို့ နာနာကြည်းကြည်းနဲ့ “ဘယ်သူ့ကိုမှ စေတနာမထားတော့ဘူးကွ” လို့ ကြွေးကြော်တဲ့ လူတွေတောင် ဒီလောကမှာထိုးပြလို့ မကုန်အောင်ပါ။ စေတနာနဲ့ ပတ်သက်ရင် ငြင်းခုန်စရာတွေတောင် ဖြစ်ရပါတယ်။ စေတနာဆိုတာကို“ကံ”လို့ … Read more

(၇-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၇-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၁။ (၇-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၈၃) ခု၊ ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၀၂) ခု၊ စုစုပေါင်း (၁၈၅) ခုတွင် – COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၄) ဦး တွေ့ရှိရပါသည်။ ၂။ သို့ဖြစ်ရာ (၇-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၇၆) ဦးရှိပြီဖြစ်ပါသည်။ ၃။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် … Read more

Categories Uncategorized Tags