“ယောကျာ်းကောင်းဆိုတာ ” ဦးနှောက်ရှိပြီးတန်းဖိုးကြီးတဲ့ ယောကျာ်းဆိုတာဘယ်တော့မှ.မိန်းကလေးတစ်ယောက်ကိုသူတကယ်မချစ်ပဲ အပျော်မကြံဘူး။ ဖြစ်ပြီးသွားရင်လည်းတာဝန်ယူရဲတဲ့သတ္တီအပြည့်ရှိတယ်။ တစ်ချိ့ယောကျ်ားတွေကမိန်းကလေးတစ်ယောက်ကိုအခွင့်အရေးယူပြီးတစ်နပ်စားဉာဏ်နဲ့ကြံစည်ပြီးမှဖုတ်ဖက်ခါထထွက်လို့ “ရင်ဘတ်ကြီးနဲ့ရင်းပြီးမချစ်ပါနဲ့” “ဆုံဆည်းခွင့်ရှိသလောက်ပဲကြေနပ်ပါ”ဆိုတဲ့စကားတွေနဲ့ခပ်ပေါ့ပေါ့သုံးပြီးစွန့်ခွာတတ်ကြတယ်။ ကိုယ်ကတာဝန်မယူရဲ,တာဝန်မခံရဲပဲနဲ့တော့မိန်းမသားတစ်ယောက်ရဲ့ဘဝကိုမဖျက်ဆီးသင့်ဘူး။ ကိုယ်သာယောကျ်ားကောင်းဆိုရင်ကိုယ့်ကိုယုံမှတ်လို့ပုံအပ်မိတဲ့မိနိးမတစ်ယောက်ရဲ့ဘဝတစ်ခုကိုတာဝန်ယူမူ,တာဝန်ခံမူတွေရှိသင့်တယ်။ သူ့နေရာမှာကိုယ့်နှစ်မ,ကိုယ့်အစ်မသာဆိုတဲ့ကိုယ်ချင်းစာနာစိတ်သာရှိခဲ့ရင်ဒီလိုစကားလုံးမျိုးကိုလွယ်လွယ်သုံးနိုင်မလားဆိုတာတွေးကြည့်သင့်တယ်။ ယောကျာ်းကောင်းတစ်ယောက်ဆိုတာလက်မထပ်နိုင်သေးတဲ့ ချစ်သူရည်းစားအပေါ်ဘယ်တော့မှအခွင့်ရေးယူတတ်ပြီးတစ်နပ်စားဉာဏ်နဲ့ မကြံဘူး။ ပြောပြီးသား စကား၊ပေးပြီးသား ကတိကိုအသက်ထက်တန်းဖိုးထားတတ်တဲ့ယောကျ်ားဆိုတာ ဆန္ဒကို သိက္ခာ၊ နဲ့ထိန်းလို့ဘဝကို အတွေးအခေါ်နဲ့ထိန်းတတ်ပြီးကိုယ့်ရဲ့သမိုင်းကြောင်းကိုလှပအောင်ဖန်တီးရေးဆွဲတတ်ကြတယ်။ ယောကျာ်းလေးမှ မဟုတ်ပါဘူး…..လူတိုင်းလူတိုင်းဟာကိုယ်ကျင့်တရားပျတ်စီးခြင်းအခြေခံကြောင်းကတော့ သူတစ်ပါးပစ္စည်း အချောင်လိုချင်တာ…. လုပ်ပိုင်ခွင့်မရှိပဲ အခွင့်အရေးလိုလားတာ…. ကိုယ်ချင်းစာစိတ် မရှိတာ…. လုပ်ရပ်တိုင်းကို တာဝန်မယူနိုင်တာ…. နှုတ်ကိုကောင်းစွာထိန်းသိမ်းခြင်းမရှိတာဟာ ကိုယ်ကျင့်တရားပျတ်စီးခြင်းရဲ့ လက္ခဏာတွေပါပဲ။ လူဆိုတာ ဘယ်လောက်ပဲပညာတတ်တတ်၊ငွေကြေးဘယ်ဘောက်ပဲရှိရှိ၊အာဏရာထူးတွေဘယ်လောက်ပဲ ကြီးမာနေပါစေ… ကိုယ့်ကျင့်တရားမရှိရင်လူယုတ်မာပါပဲ။ ဒီနေရာမှာ သစ္စာရှိပြီးတန်ဖိုးကြီးတဲ့ ယောကျာ်းကောင်းဆိုတာ ရုပ်ချောတာ ရုပ်ဆိုးတာနဲ့မဆိုင်သလိုဆင်းရဲတာ ချမ်းသာတာနဲ့လည်း မဆိုင်ပါဘူး… အကျင့်စာရိတ္တပိုင်နဲ့သာသက်ဆိုင်သွားတာပါ။ ( တချို့တချို့သောယောင်္ကျားယုတ်များ….သို့ ) Nan Khin May Win “ယောကျာ်းကောင်းဆိုတာ … Read more