ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ တကယ်ချစ်ကြတယ်ဆိုရင် အတိတ်က အမှားတွေကို လက်ညှိးထိုး ပြောဆိုတာမျိုး မလုပ်ရဘူး။
တကယ်ချစ်တယ်ဆိုရင် သူမှားနေရင်တောင်မှလက်ခံနားလည် ပေးရမှာပဲ။ ချစ်သူ/ရည်းစားရယ်လို့ ဖြစ်လာပြီဆိုရင်တစ်ယောက်သိက္ခာကို တစ်ယောက်ကကာကွယ်ပေးရမယ်။ အပုပ်မချသင့်ဘူး။ လူတိုင်းဟာ အတ္တသမားချည်းပဲ။သူ့အတ္တကို ထိပါးလာတာ လူတိုင်းမကြိုက်ကြဘူး။ ပေါင်းသင်းဆက်ဆံရေးမှာ ဒီအချက်ကသိပ်အရေးကြီးတယ်။ဆိုပါတော့… ထောင်ကျနေတဲ့ လူတွေကိုခင်ဗျားမှားတယ်လို့ သွားပြောရင်ဘာပြန်ပြောမယ်ထင်လဲ။ “တကယ်က ကျွန်တော် လူမှားပြီး တရားစွဲခံခဲ့ရတာပါ”“တရားသူကြီးက လာဒ်စားလို့ပါ” “ကျွန်တော် ဘုရားမကြိုက်တာ မလုပ်ခဲ့ပါဘူး”ဆိုတဲ့အဖြေပဲ ပေးကြလိမ့်မယ်။လူ၁၀၀မှာ ၈၀လောက်က ဝန်ခံရဲကြမှာ မဟုတ်ဘူး။ ဒါဟာ ဘာလို့လဲဆိုတော့ လူတိုင်းဟာ မိမိအတ္တကို မိမိကာကွယ်ချင်တဲ့စိတ်ရှိလို့ပဲပေါ့။ချစ်သူ/ ရည်းစား အချင်းချင်း ကွယ်ရာမှာတစ်ယောက်ကိုတစ်ယောက် မကောင်းကြောင်းပြောဆိုနေရင် ဒါဟာ တကယ်ချစ်တာမဟုတ်ဘူးလို့ယူဆလို့ရပါတယ်။ ချစ်နေဆဲအချိန်မှာမြုံထားကြပေမယ့် ပြဿနာဖြစ်ကြတဲ့အခါအချင်းချင်း ငယ်ကျိုးငယ်နာတွေ ဖော်ကြမယ်ဆိုရင်ဘယ်မှာ ငြိမ်းအေးမှု ရှိပါတော့မလဲ။အမှားကင်းတဲ့ လူရယ်လို့ ဒီလောကမှာ မရှိဘူး။ သူလည်းမှားသလို ကိုယ်လည်းမှားမှာပဲလေ။ဒါကို နားလည်သဘောပေါက်ထားရမယ်။ ကွယ်ရာမှာ အချင်းချင်း ဝေဖန်အပုပ်ချနေတဲ့ချစ်သူ/ရည်းစားတွေက မြဲမယ်လို့ထင်သလား။ … Read more