ဘုန်းဘုန်းကြီး အရှင်ဆေကိန္ဒမှ ချက်ချင်း အလှူတော်

ဘုန်းဘုန်းကြီး အရှင်ဆေကိန္ဒမှ ချက်ချင်း အလှူတော် အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအနီး ဧရာဝတီမြစ်တာရိုးကျိုးပေါက်မှုပြုပြင်တားစီး ကာကွယ်ရေး၊ဆောက်လုပ်ရေး လုပ်ငန်းများအတွက်မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ထံသို့ သိန်း(၁၀၀)ကျပ် ယနေ့ချက်ချင်းလှူဒါန်းပါသည်။ ၂၀.၀၇.၂၀၂၀ (တနင်္လာနေ့) Okkar Thein ဘုန်းဘုန်းကြီး အရှင်ဆေကိန္ဒမှ ချက်ချင်း အလှူတော် အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးအနီး ဧရာဝတီမြစ်တာရိုးကျိုးပေါက်မှုပြုပြင်တားစီး ကာကွယ်ရေး၊ဆောက်လုပ်ရေး လုပ်ငန်းများအတွက်မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ထံသို့ သိန်း(၁၀၀)ကျပ် ယနေ့ချက်ချင်းလှူဒါန်းပါသည်။ ၂၀.၀၇.၂၀၂၀ (တနင်္လာနေ့) Okkar Thein

အားလုံးဘေးကင်းကြပါစေ ။ အစစအရာရာ အဆင်ပြေကြပါစေ

အတတ်နိုင်ဆုံး ဘယ်သတင်းမှ မကြည့်ဘူး ။ သတင်းတွေ ကြည့်ပြီးရင် စိတ်ဆင်းရဲရလို့ ။ ဒါပေမယ့် သဘာ၀ ဘေးအန္တရာယ်သတင်းဆိုရင်တော့ စောင့်ကြည့်တယ် ။ အချိန်ပေးပြီးကို ကြည့်တယ် ။ သဘာ၀ ဘေးအန္တရာယ်ကြောင့် ထိခိုက်သူတွေကို ကိုယ်ချင်းစာတယ် ။ ဘေးရန်ကင်းဖို့ ဆုတောင်းပေးတယ် ။ တတ်နိုင်တဲ့ဘက်က ကူညီပေးတယ် ။ နောက်တစ်ခုက ကလေးငယ်လေးတွေနဲ့ ပက်သက်ရင် နားစွင့်တယ် ကူညီပေးတယ် ။ ကလေးဆိုတာ အပြစ်ကင်းတယ် ။ သူတို့ ဘာနားမလည်ဘူး ဘာမသိဘူး ။ အပြစ်ကင်းတဲ့အတွက် ကလေးတွေနဲ့ ပက်သက်ရင်တော့ ကူညီပေးတယ် ။ လူကြီးတွေက ငယ်ရွယ်စဉ်မှာ မကြိုးစားခဲ့လို့ သူတို့ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးမလိုက်စားခဲ့လို့ ငယ်ရွယ်စဉ်ကတည်းက မစုဆောင်းခဲ့လို့ ငယ်ရွယ်စဉ်ကတည်းက အချိန်တွေ အများကြီးရှိပါလျက်နဲ့ … Read more

မကြာခဏကြုံရတတ်တဲ့အခက်အခဲလေးတွေကိုဖြေရှင်းပေးနိုင်မယ့် အဖိုးတန်ဖြတ်လမ်းနည်းများ

အရေးကြီးကိစ္စတွေရှိလာမှ အခက်အခဲပြဿနာလေးတွေရှိလာလို့ ဒုက္ခဖြစ်နေတာမျိုး၊ ချိန်းထားတာနောက်ကျနေပါတယ်ဆိုမှ ခေါင်းတွေအရမ်းကိုက်နေလို့ အဆင်မပြေဖြစ်နေတာမျိုး၊ အလုပ်မှာအစည်းအဝေးရှိတဲ့နေ့မှ စိတ်တိုလွယ်နေတာမျိုးတွေဟာ နေ့စဉ်ဘဝမှာဖြစ်တတ်တဲ့ အရာတွေဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေနဲ့ကြုံလာရင် အလွယ်တကူဖြေရှင်းနိုင်ဖို့ အားလုံးအတွက်သေချာပေါက်အသုံးဝင်မယ့် ဖြတ်လမ်းနည်းတချို့ကိုဖော်ပြပေးလိုက်ပါတယ်။ (၁) ခေါင်းတွေမခံမရပ်နိုင်အောင် ကိုက်နေပြီး ခေါင်းကိုက်ပျောက်ဆေးလည်းအလွယ်တကူမရနိုင်ဘူးဆိုရင် ခြေမနှစ်ချောင်းကို နှိပ်နယ်ပေးလိုက်ပါ။ (၂) စိတ်တွေအရမ်းလှုပ်ရှားပြီး နှလုံးခုန်မြန်နေတယ်ဆိုရင် မိနစ်အနည်းငယ်လောက် လက်မကိုလေနဲ့မှုတ်ပေးလိုက်ပါ။ (၃) ဘာလုပ်လုပ်စိတ်မပါလက်မပါဖြစ်နေတယ်၊ အကြောင်းရင်းမရှိဘဲ စိတ်ညစ်နေတယ်ဆိုရင် စိတ်ပြန်ကြည်လာဖို့ ခဲတံကိုပါးစပ်မှာကိုက်ထားပေးလိုက်ပါ။ (၄) နှာခေါင်းသွေယိုတာရပ်ဖို့ အပေါ်သွားဖုံးကို မိနစ်အနည်းငယ်လောက် ဖိထားပေးလိုက်ပါ။ (၅) ဆေးသောက်ရမှာကြောက်တဲ့သူတွေက ဆေးကိုတစ်လုံးချင်းသောက်ပြီး ခေါင်းမော့ကာမျိုချတတ်ကြပါတယ်။ တကယ်တော့ ဆေးသောက်လို့မြိုချရခက်နေတဲ့အခါ ခေါင်းကိုငုံ့ပြီးမြိုချတာက ပိုသောက်ရလွယ်ပါတယ်။ (၆) ဆေးထိုးတဲ့အခါ အပ်ကြောက်နေရင် ချောင်းတစ်ချက်လောက်ဟန့်လိုက်ပါ။ အပ် ကြောက်တဲ့စိတ်လျော့နည်းသွားပါလိမ့်မယ်။ (၇) ကြို့ထိုးတာကိုချက်ချင်းပျောက်ဖို့ လက်နှစ်ဖက်ကို ဦးခေါင်းပေါ်ဆန့်တန်းကာ အကြောဆန့်လိုက်ပါ။ … Read more

ဒူးနဲ့တံတောင်ဆစ်မည်းတာတွေကို တစ်လအတွင်းပြန်ဖြူလာစေမယ့် အိမ်တွင်းနည်းလမ်း(၅)မျိုး

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာ်းလေးပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုသပ်ရပ်ကြည့်ကောင်းနေဖို့ အမြဲဂရုစိုက်သင့်ပါတယ်။ ရုပ်ရည်က ပထမဦးစားပေးမဟုတ်ပေမယ့် တစ်ကိုယ်ရည်သန့်ရှင်းရေးကိုတော့ လူတိုင်းဦးစားပေးသင့်တယ်မဟုတ်ဘူးလား။ ဒါကြောင့် တံတောင်ဆစ်နဲ့ ဒူးနေရာတွေမှာညိုမည်းနေတာတွေကို ဖယ်ရှားဖို့ လွယ်ကူတဲ့နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) သခွားသီး သခွားသီးကိုအကွင်းလေးတွေလှီးပြီး တံတောင်ဆစ်နဲ့ ဒူးနေရာကို ၁၅ မိနစ်လောက် ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင် ရေအေးနဲ့ရေပြန်ဆေးချလိုက်ပါ။ နေ့တိုင်းမပျက်မကွက်လုပ်ပေးရင် တစ်လလောက်အတွင်း ဒူးနဲ့တံတောင်ဆစ်တွေမည်းနေတာကို ပြန်ဖြူလာစေပါလိမ့်မယ်။ (၂) သံပရိုသီးနဲ့မုန့်ဖုတ်ဆိုဒါ သံပရိုသီးကိုထက်ခြမ်းခြမ်းပြီး မုန့်ဖုတ်ဆိုဒါကိုအပေါ်ကဖြူးကာ တံတောင်ဆစ်နဲ့ဒူးကိုပွတ်ပေးပါ။ နေ့စဉ် တစ်နေ့တစ်ကြိမ်လုပ်ပေးသွားရင် တစ်လလောက်အတွင်း ဖြူလာပါလိမ့်မယ်။ (၃) အာလူး အာလူးကိုအရည်ညှစ်ပြီး ဒူးနဲ့တံတောင်ဆစ်နေရာကို လိမ်းပေးကာ ၁၅ မိနစ်လောက်ထားပြီး ရေပြန်ဆေးချပေးပါ။ နေ့စဉ်ပုံမှန်လုပ်ပေးသွားရုံနဲ့ နှစ်ပတ်အတွင်း ဒူး၊တံတောင်ဆစ်မည်းနေတာတွေ ပျောက်ကင်းသွားပါလိမ့်မယ်။ (၄) နနွင်း နနွင်းအနည်းငယ်ကို နွားနို့အနည်းငယ်နဲ့ရောပြီး အနှစ်ရလာတဲ့အခါ တံတောင်ဆစ်နဲ့ … Read more

နားထိုင်းကြသူများ (ပညာပေးပုံပြင်)

နားထိုင်းကြသူများ (ပညာပေးပုံပြင်) တစ်ခါတုန်းက နားထိုင်းတဲ့ ဆိတ်ကျောင်းသားတစ်ယောက်က ဆိတ်တွေပျောက်တော့ သူ့ဆိတ်တွေတွေ့မိလားလို့ ထန်းပင်ပေါ်က ထန်းသမားတစ်ယောက်ကို လှမ်းမေးတယ် ။ ထန်းပင်ပေါ်က ထန်းသမားကလည်းနားထိုင်းတော့ဆိတ် မေးတယ်မထင်ဘူး သူ့ထန်းတွေမေးတယ်ထင်လို့ ….. အောင်မာ ဟောဒီဘက်က ထန်းတောစုကကျုပ်ယောက္ခပိုင်တာတွေ ကျုပ်ပိုင်တာပေါ့ဗျ လို့လက်ညှိုးထိုးပြီး ခပ်ကြွားကြွား ပြန်ပြောတယ် ။ ဒါကို ဆိတ်ကျောင်းသား နားထိုင်းက အဲ့ဒီဖက်မှာရှိတယ် လို့ ပြောတယ်ထင်ပြီး ရှာတော့ …ကံအားလျှော်စွာပဲ သူ့ဆိတ်အုပ်ကိုပြန်တွေ့တယ် ။ ဒါနဲ့ ထန်းသမားကြောင့်သာ သူ့ဆိတ်တွေပြန်ရတယ် သူ့ကျေးဇူးရှိတယ် ဆိုပြီး ဆိတ်ကျိုး လေးတစ်ကောင်လက်ဆောင်ပေးဖို့ယူလာတယ် ။ ပြီးတော့ ဆိတ်ကလေး လက်ဆောင်ပေးချင်လို့ထန်းပင်ပေါ်ကဆင်းခဲ့ဖို့ အော်ပြောတယ် ။ ဒါပေမယ့် ထန်းသမား နားထိုင်းက ဘာပြောတယ်ဆိုတာမကြားဘူး ဆိတ်ကိုအောက်ချလိုက်တော့လဲသွားတဲ့ ဆိတ်ကျိုး ကိုပဲမြင်ပြီးတော့သူ့ခွေးကိုက်လို့ကျိုးတယ် လို့ … Read more

လူတွေအမြင်မှာအဆင်ပြေသလိုထင်ရပေမယ့် အတွင်းစိတ်မှာမပျော်ရွှင်ရတဲ့အကြောင်းရင်း(၅)ချက်

ကျွန်မတို့ဟာ တခါတရံ အကြောင်းပြချက်မရှိဘဲ စိတ်ဓာတ်ကျ၊ စိတ်ညစ်နေတတ်ပါတယ်။ အလုပ်မှာ ထိုက်သလောက်အောင်မြင်ပေမယ့် မပျော်မရွှင်ဖြစ်နေတာမျိုး၊ အပြင်ပန်းက အဆင်ပြေသလိုဖြစ်နေပေမယ့် တကယ်တမ်းစိတ်ထဲမှာ အဆင်မပြေဖြစ်နေတာမျိုး စတဲ့အခြေအနေတွေ ကြုံတွေ့နေရတယ်ဆိုတာ ဒီအချက်တွေကြောင့်ဖြစ်ပါတယ်။ (၁) ကိုယ့်ကိုကိုဝေဖန်ခြင်း ၊ တခြားသူတွေကို ဝေဖန်ခြင်း ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်၊ ကိုယ့်ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ကိုယ့်ကိုယ်ကိုဝေဖန်နေတာမျိုး၊ သူများတွေရဲ့အားနည်းချက်၊ ပြစ်ချက်တွေရှာပြီး လိုက်ဝေဖန်နေတာမျိုးတွေကို လုံးဝမလုပ်ဘဲ ရပ်တန့်လိုက်ရင် ဘာကြောင့်မှန်းမသိ စိတ်ညစ်နေ၊ စိတ်ဓာတ်ကျနေတာတွေ ကွယ်ပျောက်သွားပါလိမ့်မယ်။ (၂) ကိုယ်လုပ်ခဲ့တဲ့အရာတွေကို အပြစ်ရှိတယ်လို့ ခံစားနေခြင်း ကိုယ်အတိတ်မှာလုပ်ခဲ့တဲ့လုပ်ရပ်တွေ၊ အပြုအမူတွေက မှားခဲ့တယ်လို့ထင်နေပြီး အဲ့ဒီအမှားတွေကနေ သင်ခန်းစာယူရမယ့်အစား အပြစ်ရှိသလိုခံစားနေတာ၊ နောင်တရနေတာက သင့်စိတ်ပျော်ရွှင်မှုအတွက် အတားအဆီးဖြစ်စေပါတယ်။ လူတိုင်းက အမှားလုပ်ဖူးတဲ့သူတွေချည်းပါပဲ။ ဒါကြောင့် ကိုယ်လုပ်ခဲ့ဖူးတဲ့အမှားတွေအတွက် နောင်တရနေမယ့်အစား အဲ့ဒီအမှားတွေကနေ သင်ခန်းစာယူပြီး ပြုပြင်ပါ။ (၃) မမြင်နိုင်တဲ့အရာတစ်ခုခုကိုကြောက်ရွံ့နေခြင်း … Read more