(၂၂-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၂-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၁။ (၂၂-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၁၄၇)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၄၂) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၁၀) ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခု၊ စုစုပေါင်း (၇၅၅)ခု အား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ – COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂) ဦး တွေ့ရှိရပါသည်။ … Read more

အိမ်ထောင်ဖက်ကောင်း

ရှေးရှေးတုန်းက ယောကျ်ားတစ်ယောက်ဟာ ပိုက်ဆံအလွန်ချမ်းသာသတဲ့။ဒါပေမယ့်သူ့မှာ မိန်းမမရှိဘူး။သူက ဒီတစ်မြို့လုံးရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်လဲဖြစ်တယ်။သူဟာ အမြဲတမ်း ပြီးပြည့်စုံတဲ့ မိန်းကလေးကို လိုက်ရှာနေတယ်။သူတို့တစ်မြို့လုံးလဲ နှံ့နေပြီ။တစ်ယောက်မှရှာမတွေ့ဘူး။အဲဒါနဲ့ သူဟာ မြို့တွေအနှံ့လိုက်ရှာဖို့ ဆုံးဖြတ်လိုက်တယ်။ သူဟာ ခရီးထွက်လာရင်း မြို့ကြီးတစ်မြို့ကို ရောက်လာတယ်။ဒီမြို့မှာ ပြီးပြည့်စုံတဲ့မိန်းကလေး ရှိလားလို့ စုံစမ်းတယ်။ကုန်သည်ကြီးတစ်ရောက်ရဲ့ သမီးရှိတယ်ဆိုလို့ သူသွားကြည့်လိုက်တယ်။ကောင်မလေးက အရမ်းချောမောလှပတယ်။ယဉ်ကျေးတယ်။သိမ်မွေ့တယ်။အချက်အပြုတ်ကောင်းတယ်။အိမ်မှုကိစ္စလဲ နိုင်တယ်။ဒါပေမယ့် အဲဒီကောင်မလေးကို သူမကြိုက်ဘူး ကောင်မလေးက စာမတတ်ဘူး။ အဲဒါနဲ့နောက်တစ်မြို့ကို ရောက်လာပြန်ရော။အဲဒီမြို့မှာ အမတ်ကြီးတစ်ဦးရဲ့ သမီးက ပြီးပြည့်စုံတယ်လို့ ကြားတော့ အမတ်ကြီးသမီးဆီသွားပြန်ရော။အမတ်ကြီးသမီးက ပထမတစ်ယောက်ရဲ့ အရည်အချင်းတွေအားလုံးရှိတယ်။စာတတ်တယ်။ကဗျာတွေ စပ်တတ်တယ်။နိုင်ငံရေးတွေကိုလဲ အားလုံးနားလည်တဲ့။ဒါပေမယ့် သူမကြိုက်ဘူး။အမတ်သမီးက မာနကြီးတယ် စကားကို မပြောချင်သလို ပြောချင်သလိုနဲ့။ နောက်တစ်မြို့ကို ရောက်ပြန်ရော သူဌေးမတစ်ဦးဟာ ပြီးပြည့်စုံတယ်ဆိုလို့ သူဌေးမလေးဆီလာခဲ့တယ်။သူဌေးမလေးဟာ ငယ်ရွယ်တယ်။တစ်မြို့လုံးမှာ အချမ်းသာဆုံးဖြစ်တယ်။ပထမနှစ်ယောက်လုံးမှာရှိတဲ့အရည်အချင်းတွေ အကုန်ရှိတယ်။သူကြိုက်တယ်။ဒါနဲ့ကောင်မလေးကို သူ့ကိုလက်ထပ်ဖို့ပြောတယ်။ဒါပေမယ့်ကောင်မလေးက သူ့ကိုငြင်းတယ်။ဘာလို့လဲဆိုတော့ … Read more

လက်အဆစ် ချိုးလျှင် ဘာဖြစ်မလဲ

လက်အဆစ် ချိုးလျှင် ဘာဖြစ်မလဲ လက်အဆစ် ချိုးခြင်းက အဆစ်ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။ သို့ပေမယ့် လက်ဆစ်ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။ လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုးအဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီးသွားခြင်း ဖြစ်ပါတယ်။ လက်ဆစ်တစ်ခါ ချိုးတိုင်း ယင်း အဆစ်တွေကြားက ခြင်ဆီများအပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ်တစ်ရှုးများအား သေစေပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးကတော့ ယင်းအဆစ်များ အားနည်းခြင်း ဖြစ်ပါတယ်။ လက်ချိုးတယ်ရယ်လို့မဟုတ်ပဲ ချိုးတဲ့ အဆစ်များအားလုံး ဟာ အကြိမ်ပေါင်း၊ နှစ်ပေါင်းများလာရင် အားနည်းလာပြီး အသက်ကြီးလာရင် လေဖြတ်ဖို့ ပိုအခွင့်အလှမ်းများတယ်လို့ ဆေးပညာရှင်များက ဆိုထားတယ် လို့ သိရပါတယ်။ … Read more

ကျန်းမာရေးအတွက် ပန်းသီးဖျော်ရည်သောက်ရအောင်

ကျန်းမာရေးအတွက် ပန်းသီးဖျော်ရည်သောက်ရအောင် ပန်းသီးဖျော်ရည်သောက်ခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများရရှိနိုင်ပါသည် ၁။ နှလုံးနှင့် ဆက်စပ်ရောဂါ လျော့ချပေးခြင်း။ ၂။ အူလမ်းကြောင်း ရှင်းလင်းပေးခြင်းနှင့် အစာခြေဖျက် အား ကောင်းမွန်စေခြင်း။ ၃။ အဆီပိုများ ဖယ်ရှားပေးခြင်း။ (ဝိတ်ကျလိုသူများ သောက်သုံးသင့်ခြင်း) ၄။ ကောင်းမွန်သော အာဟာရဓာတ် အရင်းအမြစ်တစ်ခု ဖြစ်ခြင်း။ ၅။ ဦးနှောက်နှင့် ဆက်စပ်ရောဂါ ဖြစ်နိုင်ချေ ကျဆင်းခြင်း။ ၆။ အမြင်အာရုံကောင်းစေ၍ ကျန်းမာစေခြင်း။ ပန်းသီးတွင် ဗီတာမင် အေ ပါရှိပြီး မျက်လုံးကျန်းမာရေး အတွက် အထောက်အကူ ပြုသည်။ မျက်လုံးနှင့် ဆက်စပ် ရောဂါပိုးများကို ဖယ်ရှားပြီး အမြင်အာရုံ ကောင်းမွန်စေသည်။ Yoon Yoon ကျန်းမာရေးအတွက် ပန်းသီးဖျော်ရည်သောက်ရအောင် ပန်းသီးဖျော်ရည်သောက်ခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများရရှိနိုင်ပါသည် ၁။ နှလုံးနှင့် ဆက်စပ်ရောဂါ … Read more

အကြောတက်ရင် ကန်ဇွန်းရွက်စားပါ။

မကြာခဏ ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။ ထိုဆေးရည်ကို လူကြီး ဆေးတစ်ခွက်စာ အတွက် ဟင်းစာ စတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။ အဆိုပါ လက္ခာဏာများ အတွက် ဤဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်း ဆေးရည် အဖြစ် ခပ်ပေး နိုင်ပါသည်။ ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက် လတ်ဆက်သည့် ကန်စွန်းရိုးနီ၊ ရွက်ကျ ပန်းလိန်ရွက်ကို ရေးနွေးနှင့် ဖျောပါ။ ထို့နောက် ပါးပါးလှီး … Read more

မသေခင်က ကြိုတင်ပြီးနတ်ပြည်မှာဗိမာန်ပေါက်နေသူရဲ့ အကြောင်း ( ဖြစ်ရပ်မှန်လေးပါ )

မသေခင်က ကြိုတင်ပြီးနတ်ပြည်မှာဗိမာန်ပေါက်နေသူရဲ့ အကြောင်း ( ဖြစ်ရပ်မှန်လေးပါ ) ဖတ်ကြည့်နော်… ညောင်လေးပင်ဆေးရုံပေါ်မှာ…သက်ရွယ်တော်( ၈၉ )နှစ်ရှိပြီဖြစ်တဲ့ဆရာတော်ကြီး ဦးဇာဂရဟာနာမကျန်းဖြစ်လို့ ဆေးကုသမှု ခံယူရာကနေတစ်နေ့မှာတော့သတိလစ်ပြီး မေ့မြောသွားခဲ့ပါတယ်။ အို…လှလိုက်တာလေ…ရွှေရောင်တွေက တဝင်းဝင်းစုလစ်မွန်ချွန်း ထုပိကာတပ် ပြာသာဒ်တွေကကြည့်လို့မဆုံး။ ဘုံဗိမာန်တွေကလည်း ဆန်းကြယ်ပါဘိသနဲ့။နတ်သားတွေ နတ်သမီးတွေအုပ်စုလိုက် အုပ်စုလိုက် သွားနေလိုက်ကြတာ။အဖြူ အပြာ အဝါ အရောင်မျိုးစုံ။ ကိုယ်ရောင်ကိုယ်ဝါတွေကလည်း တောက်ပ။နုနယ်ပျိုမြစ်အသက်က( ၁၈ )နှစ် ( ၁၆ )နှစ် အရွယ်လေးတွေ။ ချောလိုက် လှလိုက်တာ…ဆင်မြန်းထားတဲ့ စိန်တွေ ရွှေတွေ ကျောက်သံပတ္တမြားတွေကလည်း မျက်စေ့ကျိန်းမတတ်။ပြိုးပြိုးပြက်ပြက် တစ်ဖျပ်ဖျပ် တစ်ဖိတ်ဖိတ်။ ကောင်းကင်ကြီးက…ပန်းနုရောင်တချို့ လိမ္မော်ရောင်တစ်သွယ်အပြာရောင်ခြယ်လို့။အောက်မှာနင်းထားတဲ့ မြေကြီးကလည်းအလွန်နူးညံ့တဲ့ ကမ္ဗလာကြီး ခင်းထားသလိုစိမ်းစိမ်းစိုစိုနဲ့။ အင်း…ငါ…ဘယ်ကိုများ ရောက်နေပါလိမ့်…ဧကန္တ…ငါအခု နတ်ပြည်ကို ရောက်နေတယ်ထင်ပါရဲ့။သူ့ဗိမာန်နဲ့သူ စောင်းငြှင်းပတ်သာ တူရိယာတွေတီးမှုတ် ကခုန်နေလိုက်ကြတာ။ ဟော…ဒီ … Read more