အချစ်ဆိုတာ တစ်ယောက်ကတင်းနေရင် တစ်ယောက်ကအလျှော့ပေးရတယ်။ နှစ်ဖက်လုံးတင်းရင်တော့ အလွယ်တကူ ပြတ်စဲသွားနိုင်ပါတယ်။
တစ်ခါတုန်းက ခဏခဏ စကားများ ရန်ဖြစ်တတ်ကြတဲ့ ချစ်သူနှစ်ဦး ရှိတယ်…။ ဒါပေမဲ့ စကားများတဲ့အခါတိုင်း ကောင်လေးက ကောင်မလေးကို အလျှော့ပေးတတ်တယ်။ တစ်ခါမှာတော့ ကောင်မလေးက ချစ်သူကောင်လေးကို မေးတယ်။ ” ရန်ဖြစ်တိုင်း နင်ဘာလို့ ငါ့ကိုအလျှော့ပေးတာလဲ။ တခါတလေ ငါ့ဘက်ကမှားတာလဲ ရှိတယ်လေ ” ကောင်လေးက ပြန်ဖြေတယ်။ ” မင်းက ငါ့ချစ်သူလေ…။ ဘာပဲပြောပြော ရှေးဘဝက ရေစက်ကြောင့် ဒီဘဝမှာ ချစ်သူဖြစ်လာကြတာ…။ စကားများကြလို့ ကိုယ်ပြောတာ နိုင်သွားတော့ရော ဘာထူးမှာလဲ။ စကားနိုင်ပေမဲ့ ချစ်ချင်းမေတ္တာမှာတော့ ရှုံးသွားမှာလေ။ ဒါကိုတော့ ကိုယ်အရှုံးမခံနိုင်ဘူး။ ” ကောင်မလေးက ငြိမ်ပြီးနားထောင်နေတယ်။ ကောင်လေးက ဆက်ပြောတယ်။ ” မင်းကဆူလိုက် ကိုယ်ကပြုံးပြီးနားထောင်လိုက်။ မင်းကစိတ်တိုလိုက် ကိုယ်ကချော့လိုက်။ တွေးကြည့်ရင် ကြည်နူးစရာကြီးပါ။ ဒါပေမဲ့ … Read more