ကျွန်မကြိုးစားရဦးမယ်လေ
ကျမက ပတ်ဝန်းကျင်ကိုသိပ်ဂရုမစိုက်တတ်ဘူး …ကိုယ်ကကောင်းအောင်နေတယ်လေ။အမြင်ကြည်တာမကြည်တာ သူတို့အပိုင်း ..ကျမကမှန်တယ် ထင်ရင်ဘယ်သူတားတားလုပ်တတ်တယ်။ဖေဖေ ကတော့ အဲ့ဒါ တဇွတ်ထိုးဆန်တာတဲ့ ။ ကျမပြုံးနေလိုက်တယ်။ကိုယ့်ခံယူချက်ပဲလေ။ကိုယ်ကအမှားကင်းသူမဖြစ်နိုင်တော့အမှားနည်းအောင်ဆင်ခြင်တယ်။ တကယ်တမ်းစဉ်းစားကြည့်လေ .. ပတ်ဝန်းကိုဂရုမစိုက်နိုင်အားလေပဲ။“ချီးမွမ်း (၇)ရက် ၊ကဲ့ရဲ့(၇)ရက်´´ဆိုတာမှားတယ်။ချီးမွမ်းတာ(၇)ပြည့်ချင်မှပြည့်မယ်။ကဲ့ရဲ့စကားကတော့ ကြုံရင်ကြုံသလိုပြောနေကြမှာပဲ။ ကောင်းတဲ့ပတ်ဝန်းကျင်ဆိုတာတော်တော်ရှားပါတယ်။လူတွေတော်တော်များများကကိုယ့်ထက်သာရင် မနာလိုတတ်တဲ့အကျင့်ကရှိနေတော့ ဂုဏ်ပြိုင်တယ်၊ ပိုက်ဆံပြိုင်တယ်၊ စီးပွားရေးပြိုင်မယ်၊ အဝတ်အစားကအစ သားသမီးကိစ္စအဆုံး .. ကိုယ်ကသာ ..သာချင်ကြတာလေ။ကျမ လက်စွဲထားတဲ့စာသားလေးက`ပတ်ဝန်းကျင်စကားအလေးထားကသွားမယ့်အရေးတစ်လှမ်းနှေး၏´တဲ့။ ပတ်ဝန်းကျင်ကပေးတဲ့ အပြစ်တင်ဝေဖန်သံတွေက ကျမခြေလှမ်းတွေကို တုံ့နှေးစေခဲ့ဖူးတယ်။ စိတ်ဓာတ်ကျခဲ့ဖူးတယ်။ နောက်တော့မှ ..သူတို့ပေးတဲ့ ဒဏ်ရာတွေကပဲ ကျမအတွက်မခံချင်စိတ်ဖြစ်ခဲ့ရတာ။အဲ့ဒီစိတ်နဲ့ကြိုးစားခဲ့တာခုချိန်ထိ။သူတို့ပြောသလိုမဖြစ်စေရဘူး။ ငါ့ဘဝကို သူတို့ထင်မြင်ချက်နဲ့လွဲမှားစေရမယ်ဆိုတဲ့စိတ်နဲ့ပေါ့။ကိုယ်ကောင်းရင်ခေါင်းမရွေ့ပါဘူး။ ကျမကိုချစ်တဲ့သူတွေက ကျမရဲ့အပြစ်တွေတွေ့ခဲ့ရင်တောင် နားလည်ခွင့်လွှတ်ပေးကြလိမ့်မယ်။ ကျမကိုကြည့်မရတဲ့သူ .. မုန်းတဲ့သူတွေကတော့ .. ကျမဘယ်လောက်ကောင်းအောင်ကြိုးစားနေပါစေအပြစ်ရှာဝေဖန်ကြလိမ့်မယ်။ ကျမအတွက်ကတော့ကိုယ့်လမ်းကိုယ်ဖောက်မယ်။အနာဂတ်ကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးမယ်။ကျမလည်းလူသားမို့ကောင်းတာရှိသလိုမကောင်းတာလည်းရှိနိုင်တယ်။ အဲ့ဒါကြောင့် ကျမအကြောင်းစုံစမ်းချင်ရင် .. ကျမကိုချစ်တဲ့သူ ..မုန်းတဲ့သူ ထိုသူတွေဆီမှာ မေးမြန်းစုံစမ်းပါ။ … Read more