လူတိုင်းသဘောကျဖို့မလိုပါဘူး ကိုယ့်ဘဝကိုယ် ကျေနပ်နေဖို့ပဲ လိုတာပါ
ကိုယ့်ကို မကြိုချင်လို့ ပိတ်ထားတဲ့တံခါးတွေကို အတင်းတွန်းဖွင့်မဖို့မကြိုးစားနဲ့တော့ မသိသလိုလေးပဲ လှည့်ထွက်ခဲ့လိုက်ပါ ။ ကိုယ်အတင်းဖွင့်ဝင်ပြီးမှ တစ်ဖက်မှာ မကြိုဆိုတဲ့မျက်နှာတွေ တွေ့ရင် ပိုပြီး အမောဆို့ရတတ်တယ်လေ ကိုယ့်ကို မခေါ်ချင်လို့တစ်ဖက်လှည့်သွားတဲ့မျက်နှာတွေကို ပြုံးပြဖို့မကြိုးစားပါနဲ့တော့ သူကတောင် မခေါ်ပဲ နေနိုင်သေးတာ ကိုယ်လဲမခေါ်ပဲ နေမယ်ဆိုတဲ့မာနလေးထားကြည့်ပါ ။ သူမရှိလို့ကိုယ် ဘာမှဖြစ်မသွားပါဘူး ။ ကိုယ်ခဏခဏ ဆက်နေလို့လဲ မကိုင်တဲ့ဖုန်းတွေကို နောက်တစ်ခါ ထပ်ပြီးမဆက်မိအောင် ကြိုးစားပါ ကိုယ်ပိုတဲ့စာတွေ seen ဖြစ်ပြီး မပြန်တဲ့ conservation တွေကိုလဲ ဒီထပ်ပိုပြီးမပို့မိအောင်နေပါ လူတစ်ယောက်အတွက် ကိုယ်က အရေးပါတယ်မပါဘူးဆိုတာ သူထုတ်ပြောမှ မဟုတ်ပါဘူး သူ့လုပ်ရပ်တွေကနေလဲ ဖော်ပြတတ်ပါတယ် ။ ကိုယ့်ဘက်က စခေါ်မှ ပြန်ပြီး အသက်ဝင်လာမယ့် ဆက်ဆံရေးတွေကိုလဲ ဒီနေ့ကစလို့ရပ်တန့်ပစ်လိုက်ပါ ဘယ်ဆက်ဆံရေးမဆို . . … Read more