ပြသနာဆိုတာ စိတ်ညစ်စရာမဟုတ်ပါဘူး။အောင်မြင်ဖို့အတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။
ရလာဒ် အမြင့်ဆုံးကိုကြိုးစား ပျံကြည့်တယ်။မုန်တိုင်းနဲ့တွေ့တဲ့အခါတော့ အနိမ့်ဆုံးကို ချပြီးပျံသန်းရတာပေါ့။ လတ်ခုလတ်မှာ ပြုတ်ကျလို့မဖြစ်သေးပဲလေ။ မောရင်ခဏနားတယ်။ပြီးရင် ရှေ့ဆက်လှမ်းတယ်။ ပန်းတိုင်တစ်ခုဆီကိုပေါ့။ပုံမှန်လျှောက်နေဖို့ပါပဲ။ ပန်းတိုင်တစ်ခုရောက်တိုင်း မရပ်တန့်လိုက်ပါနဲ့။ရှေ့ဆက်တိုးပါ။ရောက်နေတဲ့ ပန်းတိုင်ထက် ရှေ့ကပန်းတိုင်တွေက ပိုလို့ လှတာ။ဒါပေမဲ့ အန္တရာယ်များလာပြီနော်။သတိတော့ထားပေါ့။ မောတယ်လို့မညည်းနဲ့။ပန်းတယ်ဆိုပြီးပစ်လဲမချနဲ့။မောတဲ့အခါ မော ပန်းတဲ့အခါပန်းပေမဲ့ ရောက်ရာ အဆင့်မှာ ပျော်ရွှင်ရပါတယ်။ကျေနပ်ရတယ်။ဒါပေမဲ့ ရပ်တန့်လို့မဖြစ်ဘူး။ တချို့အရာတွေမှာ ရောင့်ရဲတဲ့စိတ်က ကောင်းပေမဲ့ တချို့အရာတွေမှာတော့ ရောင့်ရဲတတ်တဲ့စိတ် ထားလို့မရဘူး။ အောင်မြင်ချင်ရင်တော့ ပင်ပန်းပါမယ်။တနေ့နှင့်တနေ့ မရိုးတဲ့ ပြသနာတွေတွေ့ရပါမယ် ။ ပြသနာဆိုတာ စိတ်ညစ်စရာမဟုတ်ပါဘူး။အောင်မြင်ဖို့အတွက် စိန်ခေါ်မှုတစ်ရပ်ပါပဲ။ စိန်ခေါ်မှုတွေများလေ ကိုယ်ကစင်ပေါ်ရောက်လေပါပဲ။ မကြောက်ပါနဲ့။အားမငယ်ပါနဲ့။ရဲရဲဆက်လျှောက်ပါမယ်။ စိတ်ညစ်တဲ့အခါ ငိုလိုက်ပါ။စိတ်လှုပ်ရှားပြီး အရမ်းကြောက်နေတဲ့မခါ မျက်စိလေးမှိတ်ပြီး ခဏလေး ရပ်နေလိုက်ပါ။ နောက်ပြန့်တော့ ဘယ်တော့မှ မလှည့်လိုက်ပါနဲ့။ ပျော်ရွှင်ချင်ရင် ခရီးထွက်ပါ။အေးချမ်းချင်ရင်တော့ ဝိပသနာရှု့ရမှာပေါ့။ဒါနမျိုးစေ့လဲ လမ်းတလျှောက်ကျဲပက်ခဲ့ပါ။နည်းစေများစေ မတွေးပါနဲ့။ကိုယ့်တနိုင်တပိုင်သာ … Read more