“”မေတ္တာဖျန်းလို့ လန်းမယ့်သင်္ကြန်””

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၏ ပြည်သူသို့ ပန်ကြားချက် (၁၁-၄-၂၀၂၀) “”မေတ္တာဖျန်းလို့ လန်းမယ့်သင်္ကြန်”” မန္တလေးမြို့တော်တစ်ခုလုံး မကြုံစဖူးထူးကဲမယ့်သင်္ကြန်ကိုဆင်နွဲကြရပါတော့မယ်။ ရေတစ်စက်မျှမပက်ဘဲမေတ္တာဖျန်းလို့ လန်းကြမယ့် သင်္ကြန်ပါ။ မန္တလေးမြို့တော်က သင်္ကြန်နဲ့ပတ်သက်ရင်အစဉ်အလာရှိတဲ့မြို့၊ သင်္ကြန်ပွဲတော်ကိုချစ်တဲ့မြို့၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိတဲ့မြို့ ပါ။ လမ်းလျှောက်သင်္ကြန်ကို မန္တလေးမြို့ကစတင်ဖန်တီးခဲ့တယ်။ လူမျိုးဘာသာမရွေး၊ အသက်အရွယ်မရွေး၊ ဆင်းရဲ ချမ်းသာမရွေး ငြိမ်းချမ်းပျော် ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြလို့ လမ်းလျှောက်သင်္ကြန်ကို နှစ်သက်သဘောကျ လက်ခံခဲ့ကြပါတယ်။ ယခုနှစ် မဟာသင်္ကြန်ပွဲတော် ဆင်နွှဲကြရမယ့်အချိန်မှာ Covid ရောဂါထိန်းချုပ်ကာကွယ်ဖို့အတွက် လူများစုကကိုယ့်အိမ်ဂေဟာထဲမှာသာ ကိုယ်နေကြရမယ့်အချိန်၊ လူစုလူဝေးရှောင်ကြရမယ့် အချိန်အခါဖြစ်ပါတယ်။ ယခုနှစ်သင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံသားအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး COVID-19 ရောဂါကပ်ဘေးကင်း ဝေးပြီး ကျန်းမာကြပါစေ။ မြန်မာနိုင်ငံသားအားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံး တရားမျှတမှုနဲ့ ငြိမ်းချမ်းခြင်းသုခ ခံစားကြရပါစေလို့ မေတ္တာပို့သနေကြ စေလိုပါတယ်။ အလေ့အထကို စွဲလန်းတတ်တဲ့ … Read more