Tameelay Knowledge

အိမ်ထောင်ရေးမှာ အဆင်ပြေဖို့ နားလည်မှုကအရေးကြီးတယ်။

အိမ်ထောင်ရေးမှာ အဆင်ပြေဖို့ နားလည်မှုကအရေးကြီးတယ်။ ကိုယ့်ဘက်ပဲကြည့်ပြီး သူ့ဘက်နားမလည်ပေးနိုင်ရင် အဲ့ဒီအိမ်ထောင်ရေး ရေရှည်တည်မြဲမှာမဟုတ်။ကိုယ်တိုင်လည်း အရင်ကဆို အမြဲစကားများတယ်။ရန်ဖြစ်တယ်။နောက်ပိုင်းတော့ အတတ်နိုင်ဆုံးနားလည်ပေးလိုက်တယ် ။ အားလုံးအေးချမ်းသွားတယ် ။ နောက်တစ်ခုက ကိုယ့်အိမ်တွင်းရေးကို ဘယ်သူ့ကိုမှ မပြောတာအကောင်းဆုံးပဲ။ပတ်ဝန်းကျင်မှာ ကိုယ့်ကိုနှစ်သက်သဘောကျတဲ့သူရှိသလို အကောက်ကြံမယ့်သူတွေလည်းရှိတယ်။မလိုတဲ့သူတွေက အိမ်ထောင်ရေးအဆင်မပြေလေပိုကြိုက်လေမို့ ရန်ဖြစ်အောင်ရန်တိုက်ပေးမှာ အမှန်ပဲ ။ ဒါကြောင့် ဘယ်သူ့ကိုမှ အတတ်နိုင်ဆုံး ရင်မဖွင့်မိစေနဲ့ ။ နောက်တစ်ခုက ထစ်ကနဲဆို လိုင်းပေးမတင်နဲ့။လိုင်းပေါ်တင်လိုက်လို့ ဘာအကျိုးကျေးဇူးမှမရှိဘူး ။ ကိုယ့်အကြောင်း လူသိတာပဲ […]

Tameelay Knowledge

သူများလုပ်တိုင်းလိုက်လုပ်စရာမလိုပါဘူး . . .သူကသူ ကိုယ်ကကိုယ်ပါပဲ

အားလုံးဟာကိုယ့်ဘဝနဲ့ကိုယ်ပါပဲ . . .သူများသုံးတိုင်း သူများဖြုန်းတိုင်း လိုက်မဖြုန်းချင်ပါနဲ့ ။ ကိုယ့်ဘဝကိုယ်နားလည်ပါ ။ မင်းသမီးတွေအတွက် အလှအပဟာ သူတို့ရဲ့အဓိကဖြစ်တဲ့အတွက် လှအောင်ပြင်မယ် ဈေးကြီးတဲ့အလှကုန်တွေသုံးမယ် ။ ဈေးကြီးတဲ့အဝတ်အစားတွေဝတ်မယ် ။ အဲ့လိုပြင်တာ ဝတ်တာတွေဟာ သူတို့ကို ဝင်ငွေတိုးစေတယ် ။ ကိုယ်က သူတို့ကိုအားကျပြီး သူတို့လို သုံးမယ် ဝယ်မယ် ဝတ်မယ်ဆိုရင်တော့ စဉ်းစားကြည့်ပေါ့ . . . ကိုယ်လှလို့လည်း ဘယ်သူမှ ကြော်ငြာခေါ်မရိုက်ဘူး […]

Tameelay Knowledge

စိုက်ခင်းထဲကပေးတဲ့ ဘဝသင်ခန်းစာ

စိုက်ခင်းထဲကပေးတဲ့ ဘဝသင်ခန်းစာ ဒီနေ့အလုပ်လေးနားတော့ ခြံထဲအလည်ရောက်ဖြစ်တယ် ။ ကိုယ်နှစ်သက်လို့စိုက်ထားတဲ့အပင်တွေကျတော့ ရေလောင်းပေါင်းတင်လုပ်ပေးမှ ကြီးထွားရှင်သန်လာတာ ။ ကိုယ့်စိတ်တိုင်းကျဖြစ်လာတယ် ။ ၁ လလောက်ဂရုမစိုက်ပဲပစ်ထားတဲ့အခါ ဖြစ်ချင်သလိုဖြစ်နေတာ တွေ့ရတယ် ။ ပတ်ဝန်းကျင်မှာလည်း မြက်တွေ ပေါင်းတွေနဲ့စုံလို့ ။ ဒါလေးကိုမြင်တော့ ဘာကိုတွေးမိလည်းဆို ။ ကျွန်တော်တို့ဘဝမှာလည်း အကျင့်ကောင်းတွေ အကျင့်ဆိုးတွေဆိုတာရှိတယ် ။ ကောင်းတဲ့အကျင့်ဖြစ်ဖို့ သေချာဂရုတစိုက် ပြုစုပျိုးထောင်ပေးဖို့လိုသလောက် မကောင်းတဲ့အကျင့်ဖြစ်ဖို့ကျ ဘာမှကိုမလိုဘူး ။ သူ့အလိုလိုဖြစ်လာတာ ။ […]

Tameelay Knowledge

ရေစည်လှည်းကပေးတဲ့ ဘဝသင်ခန်းစာ

ရေစည်လှည်းကပေးတဲ့ ဘဝသင်ခန်းစာ ဒီနေ့အိမ်က သုံးနေကျရေတွင်းက ရေမထွက်တော့ပဲ ရေခမ်းသွားတယ် ။ ရေတွင်းအသစ်တူးဖို့စီစဉ်ရတယ် ။ ရေတွင်းမတူးရသေးခင် လတ်တလောအိမ်မှာသုံးဖို့ ရေစည်လှည်းမှာရတယ် ။ တစ်စီးကို ၂၀၀၀ ပေးရတယ် ။ တစ်နေ့စာ ၅ စီးမှာရတယ် ။ ရေအတွက် တစ်နေ့စာ ၁၀၀၀၀ ကုန်သွားတယ် ။ အခုမှပဲ စဉ်းစားမိတော့တယ် ။ တစ်နေ့ကို ရေတန်ဖိုး ၁၀၀၀၀ ရှိတယ်ဆိုပြီး ။ တစ်လ […]

Tameelay Knowledge

ဒီနေ့ဖြစ်ပျက်နေတဲ့ အရာများ . . . ဒီလိုတွေဖြစ်နေတာ စိတ်မကောင်းမိတာတော့အမှန်ပဲ

ဒီနေ့ ရေတံခွန်တောင်ဘက် စာအုပ်သွားပို့တော့ မြင်တွေ့ရတာလေးပြောပြချင်တယ် . . . ဟိုတလောက Facebook ပေါ်မှာ ရေတံခွန်တောင်နားက လယ်တောထဲမှာ တဲလေးတွေနဲ့ ကြက်ကြော်ဆိုင်လေး တစ်ယောက်က စဖွင့်တယ် . . . ရှုခင်းလေးကလည်းစိမ်းဆိုပြီး ဓာတ်ပုံရိုက်လို့ အရမ်းလှတော့ လူတွေသွားကြရင်း နာမည်ကြီးသွားတယ် . . . ဒီနေ့ အဲ့ဘက်လည်းရောက်ရော မျက်လုံးပြူးသွားတယ် . . . အဲ့လို တဲလေးတွေနဲ့ […]

Tameelay Knowledge

သင့်ကိုသင်တကယ်ချစ်ရဲ့လား . . . ဒီစာလေးဖတ်ပြီး သုံးသပ်ကြည့်ပါဦး

လောကမှာ ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးတဲ့ ဟုတ်မနေဘူး . . .ကိုယ့်ကိုယ်ကိုသာ မချစ်ဆုံးလို့ပြောရင် ပိုမှန်မယ်ထင်တယ် . . ဘာတွေကြောင့်လဲဆိုတော့ ဖြစ်ချင်ရာဖြစ် နေချင်သလိုနေ နေကြတယ် ။ ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ဒီလိုနေပါ့မလား ။ ကျန်းမာရေးအတွက် ဘာလေ့ကျင့်ခန်းလုပ်ဖြစ်လဲ . . .ဘာမှ မလုပ်ဘူး ။ အိပ်ချိန် တစ်ရက် ၈ နာရီအိပ်ရမယ်တဲ့ စောစောအိပ်စောစောထရမယ်တဲ့ . . .ဘာမလိုက်နာဘူး ညသန်းခေါင်ထိမအိပ် […]

Tameelay Knowledge

လူအများစုလိမ်ခံနေရသော လိမ်နည်းများ

သမီးလေးတို့ရေ . . . အပြင်မှာ ကိုယ်နဲ့နှစ်ရှည်လများ ပေါင်းသင်းဆက်ဆံလာတဲ့သူတွေ ၊ လက်တွဲလုပ်ကိုင်လာတဲ့သူတွေတောင် အကုန်လုံးကိုအကြွင်းမဲ့ယုံကြည်လိုက်တဲ့အခါ နောက်ကျောကို ဓားနဲ့ထိုးတာမျိုး ခံရသေးတာ လိုင်းပေါ်မှာ လူချင်းလည်းမသိ ဘယ်မှာနေလည်းသေချာမသိ သူပြောသမျှသာ ယုံနေရတဲ့လူတစ်ယောက်ကို ဘယ်လိုစိတ်မျိုးနဲ့ ချက်ချင်းအကြွင်းမဲ့ယုံကြည်ရမလဲ ။ ဒီနေ့ခေတ်မှာ လူလိမ်တွေဟာလိုင်းပေါ်မှာ ပုံစံအမျိုးမျိုးနဲ့လိမ်နေကြတာ . . သမီးလေးတို့အသိပါပဲ ။ သိပေမယ့် သိသိကြီးနဲ့လိမ်ခံရတဲ့သူတွေလည်းများပြီ ။ ဒါကြောင့် ဒီစာလေးကိုရေးလိုက်တာသမီး ။ လူလိမ်တွေဟာ […]

Tameelay Knowledge

facebook သုံးသူတိုင်း သတိပြုစရာလေးတွေကို မျှဝေပေးမယ်နော် . . အထူးသဖြင့် ကိုယ်တွေ့လေးတွေပေါ့ ။

facebook သုံးသူတိုင်း သတိပြုစရာလေးတွေကို မျှဝေပေးမယ်နော် . . အထူးသဖြင့် ကိုယ်တွေ့လေးတွေပေါ့ ။ facebook အကောင့်ထဲမှာ ကိုယ်နဲ့တဲ့သူဆို လုံး၀ လက်မခံပါနဲ့ ။ သူတို့ဟာကိုယ်ဘာလုပ်လဲ ကိုယ်ဘာစားလဲ ကိုယ်ဘယ်သွားလဲဆိုတာတွေ လေ့လာနေပြီး တစ်ချိန်ချိန်မှာ ကိုယ့်ကိုယ်ဒုက္ခပေးနိုင်ပါတယ် . . . ကျွန်မကတော့ မသိတဲ့သူစိမ်းကို လက်ခံမိလို့ အကောင့်ဟက်ခံရဖူးပါတယ် ။ ပိုက်ဆံနဲ့ ပြန်ရွေးလိုက်ရပါတယ် ။ နောက်တစ်ခုက Group တွေမှာ […]