ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲမှုကိုဖြစ်စေတာကြောင့် မိန်းကလေးတွေမလုပ်သင့်တဲ့အရာ(၅)မျိုး

June 5, 2020 PP 0

မိန်းကလေးအများစုက ဓမ္မတာလာချိန်မှာ နာကျင်ကိုက်ခဲမှုကိုခံစားရတာကြောင့် လစဉ်ဒီအချိန်ရောက်မှာကိုတောင် ကြောက်နေတတ်ကြပါတယ်။ တချို့တွေက ဝေဒနာအနည်းငယ်ပဲခံစားရပေမယ့် တချို့ကျတော့လည်း မခံမရပ်နိုင်အောင်နာကျင်ကိုက်ခဲမှုမျိုးကိုခံစားရတာပါ။ ဒီတော့ လစဉ်ကိုက်ခဲမှုတွေမဖြစ်ရအောင် အဲ့ဒီကိုက်ခဲမှုတွေဖြစ်စေတဲ့ အကြောင်းရင်းတွေကိုသိပြီး ဆင်ခြင်ဖို့လိုပါတယ်။ လစဉ်ဓမ္မတာလာချိန်ကိုက်ခဲမှုတွေကိုဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ ဒီအချက်တွေပဲဖြစ်တာကြောင့် ဆင်ခြင်နိုင်ဖို့ဖော်ပြပေးလိုက်ပါတယ်။ (၁) အပင်ပန်းခံလွန်းခြင်း လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်တာ၊ အလုပ်လုပ်တဲ့အခါခဏနားတာမျိုးမလုပ်ဘဲ ဆက်တိုက်လုပ်နေတာ၊ အရမ်းအညောင်းမိအောင်ထိုင်တာမျိုးတွေက ခန္ဓာကိုယ်ကိုထိခိုက်စေပြီး မိန်းကလေးတွေမှာဖြစ်တတ်တဲ့ […]

ကိုယ့်ကိုစိတ်ဒုက္ခအမျိုးမျိုးပေးနေတဲ့လူကိုဖြတ်လိုက်တဲ့အခါ ရလာမယ့်အကျိုးကျေးဇူးများ

June 4, 2020 PP 0

တစ်ယောက်တည်းနေရတာ အထီးကျန်တယ်လို့ လူအများကပြောတတ်ကြပါတယ်။ တကယ်တမ်းတော့ တစ်ယောက်တည်းနေရတာဟာ  ကိုယ့်အပေါ်မကောင်းတဲ့လူတစ်ယောက်နဲ့အတူရှိနေရတာထက်တော့ အများကြီးကောင်းပါသေးတယ်။ကိုယ့်ကို စိတ်ဒုက္ခအမျိုးမျိုးပေးတတ်တဲ့လူကိုဖြတ်ပစ်ပြီး တစ်ယောက်တည်းနေလိုက်တဲ့အချိန်ကစလို့ အခုလိုအကျိုးကျေးဇူးတွေရလာပါလိမ့်မယ်။ (၁) ကိုယ့်ကိုယ်ကိုအာရုံပိုစိုက်နိုင်လာမယ် နှစ်ယောက်ရှိတုန်းက နှစ်ယောက်စာအကြောင်းတွေခေါင်းထဲထည့်ရပေမယ့် တစ်ယောက်တည်းဖြစ်သွားတော့ တစ်ယောက်စာအကြောင်းတွေပဲ ခေါင်းထဲထည့်ဖို့လိုပါတော့တယ်။ ကိုယ့်ကို ပျော်အောင်မထားတဲ့သူကို ဖြတ်လိုက်တဲ့အခါ သူ့အတွက် ခေါင်းရှုပ်ခံပြီးစဉ်းစားစရာမလိုတော့ဘဲ ကိုယ့်အတွက်ပဲစဉ်းစားပြီး ကိုယ့်ကိုယ်ကိုအတွက်ပဲအာရုံပိုစိုက်နိုင်တာကြောင့် ကိုယ့်အတွက်ကောင်းတာတွေကို […]

စိတ်ထားကောင်းလွန်းသူတွေ အမြဲလိုလိုကျူးလွန်မိတတ်တဲ့ အမှား(၅)မျိုး

June 4, 2020 PP 0

လူတစ်ယောက်ဟာ ဘဝမှာအောင်မြင်ဖို့၊ ပညာတတ်ဖို့ဆိုတာတွေထက် စိတ်ရင်းကောင်းဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ လူတစ်ယောက်က ဘယ်လောက်ပဲတော်တော် စိတ်ထားမကောင်းဘူးဆိုရင် သုံးစားလို့မရပါဘူး။ ဒါပေမယ့် လူတစ်ယောက်က စိတ်ထားကောင်းလွန်းပြန်ရင်လည်း ထင်မှတ်မထားတဲ့အမှားလေးတွေကို လုပ်မိတတ်ပါတယ်။ စိတ်ထားကောင်းလွန်းသူတွေ အမြဲလိုလိုလုပ်မိတတ်တဲ့အမှားတွေကတော့ …. (၁) ခွင့်လွှတ်ဖို့မထိုက်တန်တဲ့သူကိုခွင့်လွှတ်မိတာ ကိုယ့်အပေါ်အမှားလုပ်တဲ့သူကို ခွင့်လွှတ်လိုက်ပါ လို့ လူတွေက အကြံပေးကြပေမယ့် အဲ့ဒီလူက […]

အိမ်ထောင်တစ်ခုကိုရိုးမြေကျသည်အထိတည်မြဲအောင် ထိန်းသိမ်းနည်း

June 1, 2020 PP 0

ရှေးခေတ်ကတော့ အိမ်ထောင်ပြုတာဟာ ပြုပြင်ဖို့ခက်တဲ့အရာလို့ယူဆကြပြီး အိမ်ထောင်ကွဲဖို့၊ ကွာရှင်းဖို့ဆိုတာ စဉ်းတောင်မစဉ်းစားကြတဲ့အရာပါ။ ဒါပေမယ့် အခုခေတ်မှာလည်း ဘယ်လောက်ပဲ ခေတ်မီလာတယ်ဆိုဆို အိမ်ထောင်ပြုပြီးရင်တော့ ဘယ်သူမှမကွာရှင်းချင်ကြတာအမှန်ပါ။ အရင်ခေတ်ကလောက် အယူမသည်းတော့ပေမယ့် ကိုယ့်ရဲ့အိမ်ထောင်ရေးကိုတော့ တည်မြဲစေချင်တဲ့သူ၊ သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုလိုချင်ကြသူတွေချည်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဘယ်ခေတ်မှာပဲရောက်ရောက် အိမ်ထောင်ရေးတည်မြဲအောင်ထိန်းသိမ်းထားနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြချင်ပါတယ်။ (၁) ကိုယ့်အိမ်ထောင်ရေးကိုပထမဦးစားပေးနေရာမှာထားပါ အိမ်ထောင်ရေးအဆင်ပြေပျော်ရွှင်ဖို့အတွက် […]

မိန်းမကောင်းတစ်ယောက်ရဲ့အင်္ဂါရပ်နဲ့ညီအောင်နေထိုင်တတ်ပြီလား…သမီးလေးတို့….

May 30, 2020 PP 0

မိန်းမကောင်းတစ်ယောက်ဆိုတာ ပြင်ပရုပ်ရည်သန့်ရှင်းသပ်ရပ်ပြီး အရည်အချင်းလည်းရှိတဲ့သူမျိုးကိုပြောတာပါ။ မိန်းမကောင်းတစ်ယောက်ဖြစ်ဖို့ ရုပ်ရည်ချောမောလှပနေဖို့၊ ပြီးပြည့်စုံနေဖို့မလိုပါဘူး။ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့၊ အများအမြင်မှာတင့်တယ်နေဖို့တော့လိုပါတယ်။ ဒီတော့ မိန်းမကောင်းတစ်ယောက်ရဲ့အင်္ဂါရပ်နဲ့ညီအောင် နေထိုင်နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ (၁) အပေါ်ယံတွေကိုအရမ်းဦးစားမပေးပါနဲ့ လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာ အပေါ်ယံတန်ဖိုးကြီးပစ္စည်းတွေမဟုတ်ပါဘူး။ အပေါ်ယံမိတ်ကပ်တွေ၊ဈေးကြီးပေးရတဲ့အဝတ်အစားတွေနဲ့ တန်ဖိုးကြီး branded အသုံးအဆောင်တွေက လူတစ်ယောက်ရဲ့တန်ဖိုးကို ကိုယ်စားမပြုပါဘူး။ အပေါ်ယံတွေကို ဦးစားပေးလွန်းတဲ့အခါ ကိုယ့်အတွက်တကယ်အရေးပါတဲ့အရာတွေ၊ […]

အပျော်ရည်းစားမထားခင်မှာ ဒါတွေကိုအရင်စဉ်းစားပါဦး သမီးလေးရေ ….

May 30, 2020 PP 0

မိန်းကလေးတွေအနေနဲ့ ဘဝလက်တွဲဖောက်အဖြစ်ရည်ရွယ်ပြီးချစ်သူ၊ရည်းစားထားကြသလို၊ လက်တွဲဖို့အထိမရည်ရွယ်ဘဲ အပျော်ရည်စားထားတာမျိုးလည်း လုပ်တတ်ကြပါတယ်။ တကယ်တော့ လူတစ်ယောက်ကိုအပျော်တွဲတယ်ဆိုတာ လုံးဝမလုပ်သင့်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် အပျော်ရည်းစားထားတယ်ဆိုတာမကောင်းကြောင်း၊ မထားသင့်ကြောင်းတွေပြောပြီး လိုက်ပိတ်ပင်နေလို့လည်း မရပါဘူး။ ဒါကြောင့် မိန်းကလေးတွေ အပျော်ရည်းစားထားဖို့ စဉ်းစားနေတယ်ဆိုရင် အရင်ဆုံး အခုပြောမယ့်အကြောင်းအရာတွေကို အလေးအနက်ထားစဉ်းစားသင့်ပါတယ်။ (၁) ကိုယ့်ကိုအပျော်တွဲမယ်ဆိုရင်ရောလက်ခံနိုင်မှာလား အပျော်တွဲတယ်ဆိုတာ ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် […]

လည်ချောင်းနာတာကိုချက်ချင်းသက်သာစေမယ့် အိမ်တွင်းနည်းလမ်း(၄)မျိုး

May 30, 2020 PP 0

ရာသီဥတုအပြောင်းအလဲဖြစ်လာတဲ့အခါမှာပဲဖြစ်ဖြစ်၊ နေပူထဲအသွားများတာကြောင့်ပဲဖြစ်ဖြစ်၊ အအေးမိလို့ပဲဖြစ်ဖြစ် နှာစေး၊ချောင်းဆိုး၊ ဖျားတာတွေနဲ့အတူ လည်ချောင်းနာတာလည်း ဖြစ်လာတတ်ပါတယ်။ လည်ချောင်းနာတဲ့အခါ လည်ပင်းတစ်ခုလုံးပူပြင်းခြောက်သွေ့နေပြီး နေရခက်လှပါတယ်။ လည်ချောင်းနာပျောက်ဖို့အတွက် အရမ်းခက်ခက်ခဲခဲစဉ်းစားနေစရာမလိုပါဘူး။ ဒီနည်းလေးတွေနဲ့ လွယ်လွယ်ကူကူကုသလို့ရပါတယ်။ (၁) ပျားရည် ပျားရည်က ဘက်တီးရီးယားတွေကိုသေစေပြီး ရောင်ရမ်းတာတွေကိုသက်သာစေပါတယ်။ လည်ချောင်းနာတဲ့အခါ ပျားရည်တစ်ဇွန်းကို ဒီအတိုင်းစားပေးတာပဲဖြစ်ဖြစ်၊ ရေနွေးအဖြူလေးနဲ့ရောပြီး သောက်လိုက်တာပဲဖြစ်ဖြစ် လုပ်ပေးလိုက်ပါ။ […]

အိမ်မွေးတိရစ္ဆာန်လေးတွေကို သံယောဇဉ်တွယ်တတ်တဲ့သူတွေရဲ့ စိတ်နေစိတ်ထား

May 29, 2020 PP 0

လောကကြီးမှာ အိမ်မွေးတိရစ္ဆာန်မွေးချင်တဲ့သူနဲ့ မမွေးချင်တဲ့သူဆိုပြီး လူနှစ်မျိုးရှိပါတယ်။ တချို့ကျတော့လည်း တိရစ္ဆာန်လေးတွေကို ချစ်ပေမယ့် နေရာအနေအထားကြောင့် မွေးဖို့အဆင်မပြေတဲ့သူတွေလည်းရှိကြတာပါပဲ။ အခုပြောချင်တာက အိမ်မွေးတိရစ္ဆာန်လေးတွေအပေါ် ချစ်ခင်တတ်တဲ့သူ၊ သံယောဇဉ်တွယ်တတ်သူတွေရဲ့ စိတ်နေစိတ်ထားအကြောင်းပါ။ အိမ်မွေးတိရစ္ဆာန်တွေကိုချစ်တတ်တဲ့သူတွေက …. (၁) ကြင်နာတတ်သူတွေ တိရစ္ဆာန်လေးတွေဟာ သခင်အပေါ်အရမ်းသိတတ်ကြပါတယ်။ သူတို့လေးတွေကို ရိုက်ရင်တောင် ဘာမှပြန်မလုပ်ပါဘူး။ ဒါပေမယ့် အကြင်နာတရားမရှိတဲ့ […]

အပူလောင်ဒဏ်ရာတွေကို အမာရွတ်မကျန်အောင် ကုသနည်း

May 29, 2020 PP 0

အပူလောင်တာ၊ မီးပူကပ်တာတွေဖြစ်လာတဲ့အခါ ကုသတဲ့နည်းလမ်းမမှန်တဲ့အခါ အမာရွတ်ကြီးကြီးကျန်ခဲ့တတ်ပါတယ်။ ဒါကြောင့် မတော်တဆအပူလောင်တာတွေဖြစ်လာရင် အမာရွတ်မကျန်အောင်ကုသနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ပျားရည် ပျားရည်က အေးမြပြီး ရောင်ရမ်းတာတွေကိုသက်သာစေတာကြောင့် အပူလောင်ဒဏ်ရာပေါ်မှာ ပျားရည်ကိုပါးပါးလေးလိမ်းပေးလိုက်ရင် အပူလောင်ဒဏ်ရာသက်သာလွယ်ပြီး အမာရွတ်လည်းမကျန်အောင်အစွမ်းထက်ပါတယ်။ (၂) ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ်အနှစ်ကလည်း အေးမြတာကြောင့် အပူလောင်ဒဏ်ရာတွေအတွက် အရမ်းကောင်းပါတယ်။ ဒါကြောင့် […]

နေ့စဉ်နဲ့အမျှစိတ်ညစ်နေရတာကိုလျော့ပါးသက်သာစေပြီး သင့်ကိုပျော်ရွှင်စေမယ့်လျှို့ဝှက်ချက်

May 29, 2020 PP 0

အသက်ရှင်နေတုန်း ပျော်ရွှင်တဲ့သူဖြစ်မှ လူဖြစ်ကျိုးနပ်တယ်လို့ ဆိုရမှာပါ။ နေ့စဉ်နဲ့အမျှ စိတ်ညစ်စိတ်ဆင်းရဲနေရတဲ့ဘဝမျိုးမှာရှင်သန်နေရရင် လူဖြစ်ကျိုးနပ်တဲ့သူလို့ မခေါ်ထိုက်ပါဘူး။ ဘဝမှာပျော်ရွှင်တဲ့သူဖြစ်ဖို့အတွက် စည်းစိမ်ချမ်းသာ၊ ဂုဏ်ဒြပ်တွေအများကြီးရှိဖို့မလိုအပ်ပါဘူး။ ဒီအချက်လေးတွေကိုပဲ လိုအပ်တာပါ။ (၁) ကျေးဇူးတင်တတ်တဲ့စိတ် သူများပိုင်ဆိုင်မှုတွေကို မမက်မောဘဲ ကိုယ့်မှာရှိတဲ့အရာ၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို တန်ဖိုးထားတတ်ပြီး အရာရာကိုကျေးဇူးတင်တတ်တဲ့စိတ်က သင့်ကိုပျော်ရွှင်စေပါတယ်။ (၂) အကောင်းမြင်စိတ် အဆိုးမြင်စိတ်က […]