Buddha Words and Knowledge
ကံမကောင်းဘူးဆိုရင် ကံကောင်းအောင် ဘာလုပ်ရမှာလဲ….
ကံမကောင်းဘူးဆိုရင် ကံကောင်းအောင် ဘာလုပ်ရမှာလဲ…. မကောင်းတဲ့ကံ တွေ ပပျောက်အောင် ကံကောင်းတဲ့နည်းတွေ မရှိဘူးလားဆို၊ ရှိတယ်။ အကုသိုလ် အကျိုးတွေ ဝင်ရောက်ဖြစ်ပေါ်နေတာကို လူတွေက ကံမကောင်းဘူးလို့ပြောတာ။ အကုသိုလ်ရဲ့ အကျိုးတရား တွေက ကိုယ့်သန္တာန် ရောက်ပြီ၊ ထိခိုက်နေပြီဆိုရင်… ဒါက ကံမကောင်းဘူးလို့ ပြောကြတယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့လုပ်ရပ်ကို ပြန်ဆန်းစစ် ကြည့်ရမယ်။ ငါတို့လုပ်နေတာ အမှားမရှိဘူး၊ အကောင်း တွေလုပ်တယ်။ သို့သော် အတိတ်တုန်းက မှားယွင်းမှုတွေကလည်း လူတွေရဲ့သန္တာန် […]
Buddha Words and Knowledge
ဝမ်းသာခြင်းက အသက်ရှည်ဆေးပဲ – သီတဂူဆရာတော်
အေး … ဝမ်းသာခြင်းက အသက်ရှည်ဆေးပဲ။အလှူဒါနဲ့ ပတ်သက်ပြီးတော့ ဝမ်းသာခြင်းကိုပြောတာက ဒါနိဒါန်းလောက်ပဲ ပြောတာ။ အားလုံး သူတော်ကောင်းတွေ တကယ်ကျင့်ဖို့ကတော့အကုသိုလ်နဲ့ မပတ်သက်ခဲ့ရင်, ကုသိုလ်တရားနဲ့ ပတ်သက်ခဲ့မယ်ဆိုရင်,အကျင့်ကောင်းနဲ့ သက်ဆိုင်ခဲ့မယ်ဆိုရင် ဘယ်အခါမျိုးမှာမဆို (ပရိသတ်ကြီးရေ …)ဝမ်းသာနိုင်အောင် ကြိုးစား။ ဝမ်းသာခြင်းက အသက်ရှည်ဆေးပဲ၊ ဟုတ်လား။ လူ့ဘဝဆိုတာ နှစ်ပေါင်း ခုနှစ်ဆယ်,ရှစ်ဆယ်နော်။ အလွန်တရာ တိုတောင်းတဲ့ နှစ်ကာလအတွင်းမှာ ဝမ်းမြောက်ဝမ်းသာနေကြရမှ ရောဂါကင်းမယ်၊ ရောဂါကင်းတယ်။ ပြောင်းပြန် ဆန့်ကျင်ဘက်စဉ်းစားကြည့် ….အမြဲတမ်း သောကတွေရောက် […]
Buddha Words and Knowledge
ဘယ်သူရှိရှိ မရှိရှိ ကိုယ့်အနားမှာ ကိုယ်ရှိနေတာပဲလေ အားငယ်မနေပါနဲ့။
အားမငယ်နဲ့ ဘယ်သူရှိရှိ မရှိရှိ ကိုယ့်အနားမှာ ကိုယ်ရှိနေတာပဲလေ အားငယ်မနေပါနဲ့။ ဘယ်သူသိသိ မသိသိ ကိုယ့်ဘာသာကိုယ် သိနေတာပဲလေ အားငယ်မနေပါနဲ့။ ဘယ်သူအားပေးပေး မပေးပေး ကိုယ့်ကိုယ်ကိုယ်ပဲ အားပေးရမှာပဲလေ အားငယ်မနေပါနဲ့။ ဘယ်သူထောက်ခံခံ မခံခံကိုယ့်ဘာသာကိုယ်ပဲ ထောက်ခံရမှာပဲလေ အားငယ်မနေပါနဲ့။ ဘယ်သူဆပ်ဆပ် မဆပ်ဆပ်ကိုယ့်အကြွေးတော့ ကိုယ်ဆပ်ရမှာပဲလေ အားငယ်မနေပါနဲ့။ ဘယ်သူလုပ်လုပ် မလုပ်လုပ် ကိုယ့်အတွက်တော့ ကိုယ်လုပ်ရမှာပဲလေ။ အားငယ်မနေပါနဲ့။ အရင်းစစ်တော့ ကိုယ်သာလျှင် ကိုးကွယ်ရာအစစ် ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ်ကောင်းကိုယ်စံ ကိုယ်မှားကိုယ်ပြင်၊ […]
Buddha Words and Knowledge
“ဒီနေ့က စပြီး ကိုယ့်အကြောင်းပဲတွေးပြီး ကိုယ်ကောင်းအောင်နေ”
ကိုယ့်စိတ်ကိုယ်စစ် စိတ်မညစ်ပါစေနဲ့။
ကိုယ့်စိတ်ကိုယ်စစ် စိတ်မညစ်ပါစေနဲ့။ စိတ်ဆိုးတာက ဒေါသအသေးစား၊စိတ်ကောက်တာက ဒေါသအလတ်စား၊စိတ်နာတာက ဒေါသအကြီးစား။ဘယ်ဒေါသမှ မကောင်းဘူး။ အဆိုးဆုံးက စိတ်နာတာပဲ။စိတ်ဆိုးတာက ခဏလေးပြေတယ်။စိတ်ကောက်တာက ချော့ရင်ပြေတယ်။ စိတ်နာတာကျတော့ ပြေဖို့မလွယ်သလိုသံသရာနဲ့ချီပြီးတော့ကို ဒီအနာကမပျောက်ဘဲ ဖြစ်တတ်တယ်။ ကိုယ်ကသူများကို ..စိတ်နာရရင်လည်း မကောင်းဘူး၊သူများက ကိုယ့်ကို …စိတ်နာသွားရင်လည်း မကောင်းဘူး။ ဘယ်သူက ဘယ်သူကြောင့်ပဲ နာနာစိတ်အနာဟာ ပူလောင်မှုနဲ့နာကျင်မှုကိုပဲ ဖြစ်စေတယ်။စိတ်နာပစ်လိုက်လို့ငြိမ်းချမ်းသွားမှာတော့ မဟုတ်ဘူး။သံသရာရှည်ဖို့ပဲ ရှိတယ်။ ဒါကြောင့်လောကအနာတွေထဲမှာစိတ်နာတာက အဆိုးဆုံးပဲ ဖြစ်တဲ့အတွက်စိတ်နာအောင်လည်း မလုပ်နဲ့၊စိတ်လည်း မနာမိစေနဲ့။ကိုယ့်စိတ်ကိုယ်စစ် စိတ်မညစ်ပါစေနဲ့။ မေတ္တာဖြင့် […]
Buddha Words and Knowledge
ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ မှ ဖားကန့်ဒေသ ဝှေခါမှော် မြေပြိုမှု ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကျပ်သိန်း ၁၀၀ ကျပ်လှူဒါန်း
ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ မှ ဖားကန့်ဒေသ ဝှေခါမှော် မြေပြိုမှု ဖြစ်စဥ် နှင့် စပ်လျှင်း ၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ၊လူနာများအား ဖားကန့် — မြစ်ကြီးနား — မန္တလေး သို့ သယ်ဆောင်ရွှေ့ပြောင်းခြင်း လုပ်ငန်းများ အား ချက်ချင်း တုန့်ပြန်ဆောင်ရွက်နိုင်ရန် အတွက် အလှူတော်ငွေ ကျပ်သိန်းတစ်ရာ အား မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဗဟိုကော်မတီ ဒုတိယ ဥက္ကဌ)ဦးလှိုင်မင်းဦး ထံ […]
Buddha Words and Knowledge
သစ်တံခါးဆရာတော်ကြီး၏ ၀ါတွင်း၃လ ရက်ပေါင်း ၉၀ အဓိဠာန်ပုတီးစိပ်နည်း
ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့မှ သီတင်းကျွတ်လပြည့်နေ့) အထိ ရက်ပေါင်း( ၉၀ ) ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့မှ သီတင်းကျွတ်လပြည့်နေ့) အထိ ရက်ပေါင်း(၉၀)တိတိစိပ်ရပါမယ်ရှင်သက်သတ်လွတ်လည်းစားစရာမလိုပါဘူးရှင်စားနိုင်သူကတော့ ပိုထူးခြားပါတယ်နော် အချိန်လည်းတိတိကျကျစိပ်စရာမလိုပါဘူးနော်နေ့တိုင်းမှန်မှန်စိပ်နေဖို့ပဲလိုပါတယ်ရှင့်ပုတီးစိပ်ရမယ့်နေ့ရက်များ 3.. 8 . 2020. မှ11. 8 . 2020 အထိ ဂုဏ်တော် ( ၉)ပါးစလုံးကိုနေ့တိုင်းတစ်ပတ်စီပါနော် အရဟံ (၁)ပတ် သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ် ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ် သုဂတော (၁)ပတ် လောကဝိဒူ […]
Buddha Words and Knowledge
အဆင့်မြင့်မြင့်နေဖို့အတွက် လိုအပ်သော အရည်အချင်းများ
အဆင့်မြင့်မြင့်နေဖို့အတွက် လိုအပ်သော အရည်အချင်းများ မဟာနာမ်ဘုရင်ကြီးက မြတ်စွာဘုရားကိုဘဝမှာ ဘယ်လိုနေနည်းနဲ့ နေရမလဲ ဆိုတာကိုမေးတော့ မြတ်စွာဘုရားက အဆင့်မြင့်တဲ့နေနည်းနဲ့နေဖို့ အကြံပေး တယ်နော်။ အဲဒီလိုနေဖို့အတွက် လူဆိုတာက အရည်အချင်းကလိုသေးတယ်နော်။ အလုပ်တာဝန်တစ်ခုကိုလုပ်ဖို့အတွက် အရည်အချင်းက အရေးမကြီးဘူးလား။ တာဝန်တစ်ခုကို ထမ်းဆောင်တော့မယ်ဆိုရင် ထိုတာဝန်နဲ့ထိုက်တန်တဲ့အရည် အချင်းက လိုအပ်တယ်နော်။ အဲဒီလိုပဲ အဆင့်မြင့်မြင့်နေဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေက ဘာလဲဆိုတော့ … (၁) သဒ္ဓါ တဲ့။ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာယုံကြည်ချက် ရှိရမယ်။ […]
Buddha Words and Knowledge
ခဏ သေကြည့်ပါ – အရှင်ဆန္ဒာဓိက ( ရွှေပါရမီတောရ)
ခဏ သေကြည့်ပါ ညအိပ်ခါနီးအချိန်ကို တစ်ကယ်သေခါနီးအချိန်လို့သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင်အလေးအနက်ထား ကြိုးစားကြရပါမယ်။ ကုသိုလ်အာရုံက ဒါနအာရုံ သီလအာရုံ သမထအာရုံ ဝိပဿနာအာရုံ လို့လေးမျိုးရှိပါတယ်။ ဒါနအာရုံအနေနဲ့ ဒီနေ့ဒီအချိန်အထိ ဘဝ တစ်သက်တာမှာပြုခဲ့တဲ့ ကောင်းမှုတွေထဲက ကိုယ်အနှစ်သက်ဆုံးကိုယ်ပီတိအဖြစ်ဆုံး ဒါန ကောင်းမှုတစ်ခုခုကိုအာရုံပြုရပါမယ်။ အဲဒီဒါနဟာ ငွေကြေးအကုန်အကျ အနည်းအများနဲ့မဆိုင်ပါဘူး။ အကုန်အကျများတိုင်း အကျိုးပေးထက်သန်တာမဟုတ်ပါဘူး။ ပီတိအားကောင်းမှ အကျိုးပေးထက်သန်တာပါ။ ညအိပ်ရာဝင်ခါနီးတိုင်း ဘုရားသောက်တော်ရေအသစ်လဲတဲ့အကျင့်ကို စွဲစွဲမြဲမြဲလုပ်ပေးပါ။ အိပ်ခါနီး(အသေလေး)ရဲ့အနီးကပ်ဆုံးဒါနဖြစ်လို့အာရုံယူရတာ အလွန်လွယ်ကူပါတယ်။ အေးချမ်းမှုနဲ့ တစ်နေ့တာကို […]
Buddha Words and Knowledge
ကောင်းတာတွေ များများလုပ်လေရှေ့လျှောက် ပိုပြီးတော့အဆင်ပြေလေလေပဲ …
ကောင်းတာတွေ များများလုပ် ကောင်းတာတွေ များများလုပ်လေရှေ့လျှောက် ပိုပြီးတော့အဆင်ပြေလေလေပဲ … ကိုယ်ကောင်းတာတွေ လုပ်ခဲ့တာပြန်ကြည့်တဲ့ အခါမှာ စိတ်ထဲမှာ ဘယ့်နှယ့်နေလဲပီတိဖြစ်တယ် , ကြည်နူးတယ် … ကုသိုလ်ကောင်းမှုတွေပြုခဲ့တယ်ဆိုတာကို အမှတ်ရလို့ , သိလို့ စိတ်ချမ်းသာတဲ့ စိတ်ကလေးဟာကိုယ့်ရဲ့အသိဉာဏ်ကိုပိုပြီးတော့ ပွင့်လင်းသွားစေတယ် … တခြားလည်းပဲဘဝမှာ အဆင်ပြေဖို့ရာ အတွက်အထောက်အပံ့ အများကြီးဖြစ်တယ် … ကိုယ့်ဘဝကို ကျေနပ်မှု ပိုရတယ်စိတ်လည်း ချမ်းသာတယ် ,ပျော်လည်း ပျော်တယ် … နောက်ထပ်လည်းကောင်းတာတွေ […]