ဘယ်သူအပျော်ဆုံးလဲ
ဘယ်သူအပျော်ဆုံးလဲ တစ်ခါက ကျီးကန်းတစ်ကောင်ရှိတယ်…သူက သူ့ကိုယ်သူ “လောကမှာ ငါဟာအပျော်ဆုံးငှက်တစ်ကောင်ပဲ” ဆိုပြီး ဘဝကိုသာယာနေတယ်… တစ်နေ့ သူ ဗျိုင်းတစ်ကောင်ကိုတွေ့တယ်…”သူ့တစ်ကိုယ်လုံးက ဖြူဖွေးနေတာပဲ… ငါကတော့မည်းနက်နေတယ်… သူဟာ လောကမှာအပျော်ဆုံးငှက်ဖြစ်လိမ့်မယ်” လို့တွေးမိတယ်။ ဒီလိုနဲ့ သူဗျိုင်းကိုသွားပြောတယ်… ” ကိုဗျိုင်းရာ..ခင်ဗျားအရောင်က ဖြူဖွေးနေတာပဲ လှလိုက်တာ…ဧကန္တ ခင်ဗျားဟာ လောကမှာ အပျော်ဆုံးငှက်ပဲမလား”။ ဒီတော့ ဗျိုင်းကပြန်ပြောတယ် “ကျွန်တော်လည်းအစက ဒီလိုတွေးမိတာ ကြက်တူရွေးကိုမတွေ့ခင်အထိကပဲဗျာ… ကျွန်တော်ကသာအဖြူရောင်တစ်ခုတည်းရှိတာ… သူမှာကအရောင် ၂မျိုးရှိတယ် သိပ်လှတယ်ဗျ…” ဒီလိုနဲ့ ကျီးကန်းလည်း ကြက်တူရွေးဆီသွားတယ်…” ခင်ဗျားက အရောင် ၂မျိုးနဲ့ သိပ်လှတယ်ဗျာ…ခင်ဗျားက ကမ္ဘာပေါ်မှာ အပျော်ဆုံးငှက် ပဲမလား”.. ကြက်တူရွေးက ” ဟား ကျွန်တော်ကဘာဟုတ်သေးလဲဗျာ… ကျွန်တော့်မှာ အရောင်၂မျိုးပဲရှိတာ ဒေါင်းမှာအရောင်တွေ အများကြီးနဲ့ဗျ…ခင်ဗျားသူ့ကိုသွားမေးပါလား” လို့ဖြေလိုက်တယ်။ ဒီလိုနဲ့ ကျီးကန်းလည်း … Read more