ဘယ်သူ့ကိုမှလဲ အပြစ်မမြင်သလို အပြစ်လဲ မတင်ပါဘူး ကိုယ့်ထိုက်နဲ့ကိုယ့်ကံလို့သာ မှတ်ပါတယ်

ကိုယ်နာကျင်ခဲ့ရတဲ့အရာတွေထဲမှာ ကိုယ်ညံ့ခဲ့တာတွေလဲ အများကြီးပါခဲ့ပါတယ် ။ ဥပမာ – လွယ်လွယ်လေးနဲ့ အယုံလွယ်တတ်တာမျိုး ပြီးတော့ အစွဲအလမ်းကြီးတတ်တာမျိုးပေါ့ ။

မိတ်ဆွေ သူငယ်ချင်း ဆိုတာနဲ့ ကိုယ်မှာ ဇွတ်ပြီး ခင်လိုက်တာပဲ အတိတ်ကို ပြန်ပြောင်းမပြောပြပဲ ပြန်မတူးဖော်ပဲ လက်ရှိကို ကြည့်ပြီးပဲပေါင်းတယ် အိတ်ကပ်ဖောင်းတာမဖောင်းတာတွေ ဂရုမစိုက်ဘူး

စိတ်ဓာတ်ကောင်းတာ မကောင်းတာလဲ ဂရုမစိုက်ခဲ့မိဘူး ကိုယ့်အပေါ် နဲနဲလေး ဂရုစိုက်တာနဲ့ ကိုယ်က အများကြီးပြန် ဂရုစိုက်တတ်တာမျိုးလေ

ကိုယ့်အနားမှာ ရှိနေတဲ့လူတိုင်းကို ပျော်စေချင်တဲ့စိတ်နဲ့ အရာအားလုံးနီးနီးကို အလျှော့ပေးတယ် လိုက်လျောတယ် မပျော်တော့ရင် ထွက်သွားမှာကြောက်တဲ့ စိတ်တစ်ခုနဲ့ပေါ့ ဆိုးဆိုးကောင်းကောင်း သည်းခံပြီးကို ပေါင်းခဲ့တာ

ကိုယ့်အပေါ် ဖောင်းတာတွေ တမင်တကာကပ်ဖဲ့တာတွေကိုတောင် စတာနောက်တာပါနေမှာဆိုတဲ့ စိတ်နဲ့ ဖြည့်တွေးပေးခဲ့ဖူးတာ

နောက်ဆုံးတော့လဲ ကိုယ့်ရာဇဝင်အတိုင်း လိုချင်တာတွေ ဘာမှ မရှိတော့တဲ့အခါ မူလနေရာမှာ မူလအတိုင်း တစ်ယောက်တည်းကျန်ခဲ့ရတာပါ

မနေချင်မှန်းသိသိရဲ့နဲ့ ဆွဲထား ဆုပ်ကိုင်ထားမိတဲ့လက်တွေလဲ အများကြီးပါပဲ တစ်နေ့ နားလည်ကောင်းပါရဲ့ဆိုတဲ့ စိတ်နဲ့ မနေချင်လဲ ခဏတော့နေပါဆိုပြီး အပင်ပန်းခံပြီး ဆွဲထားခဲ့မိတာ

ဖြစ်မလာနိုင်တဲ့ တစ်နေ့တွေမှန်း အစောကတည်းက မဆင်ခြင်မိခဲ့ဘူး မေတ္တာမှန်ရင် မေတ္တာတွေပဲ ပြန်လာမှာပါဆိုတဲ့ အစွဲအလမ်းကြီးကြောင့် ကိုယ့်မှာ နာကျင်နေမှန်းသိသိရဲ့နဲ့ မစွန့်လွှတ်နိုင်ခဲ့ပြန်ဘူး

ထာဝရလို့ ပြောလာရင်လဲ လွယ်လွယ်လေး ယုံပစ်လိုက် ကြည်နူးပစ်လိုက်တာပဲ နောက်ဆက်တွဲ သံသယတွေကို မထားဖြစ်ခဲ့ဘူး သံသယဆိုတာ လူနှစ်ယောက်ကို ဝေးစေတယ်တဲ့ ဒါကြောင့် သံသယတွေ မထားမိအောင် ယုံကြည်မှုတွေ ပေးခဲ့ဖူးတာ

ယုံကြည်မိလွန်းပြန်တော့လဲ နောက်ဆုံး ကိုယ်တစ်ယောက်တည်းကျန်ခဲ့တာပါ အဲ့ဒီအစွဲအလမ်းကြီးလွန်းတဲ့ စိတ် အယုံလွယ်လွန်းတဲ့ စိတ်တွေကြောင့် ကိုယ်နာကျင်ရတာပါ ဘယ်သူ့ကိုမှလဲ အပြစ်မမြင်သလို အပြစ်လဲ မတင်ပါဘူး ကိုယ့်ထိုက်နဲ့ကိုယ့်ကံလို့သာ မှတ်ပါတယ် ။

PStar

ကိုယ္နာက်င္ခဲ့ရတဲ့အရာေတြထဲမွာ ကိုယ္ညံ့ခဲ့တာေတြလဲ အမ်ားႀကီးပါခဲ့ပါတယ္ ။ ဥပမာ – လြယ္လြယ္ေလးနဲ႔ အယုံလြယ္တတ္တာမ်ိဳး ၿပီးေတာ့ အစြဲအလမ္းႀကီးတတ္တာမ်ိဳးေပါ့ ။

မိတ္ေဆြ သူငယ္ခ်င္း ဆိုတာနဲ႔ ကိုယ္မွာ ဇြတ္ၿပီး ခင္လိုက္တာပဲ အတိတ္ကို ျပန္ေျပာင္းမေျပာျပပဲ ျပန္မတူးေဖာ္ပဲ လက္ရွိကို ၾကည့္ၿပီးပဲေပါင္းတယ္ အိတ္ကပ္ေဖာင္းတာမေဖာင္းတာေတြ ဂ႐ုမစိုက္ဘူး

စိတ္ဓာတ္ေကာင္းတာ မေကာင္းတာလဲ ဂ႐ုမစိုက္ခဲ့မိဘူး ကိုယ့္အေပၚ နဲနဲေလး ဂ႐ုစိုက္တာနဲ႔ ကိုယ္က အမ်ားႀကီးျပန္ ဂ႐ုစိုက္တတ္တာမ်ိဳးေလ

ကိုယ့္အနားမွာ ရွိေနတဲ့လူတိုင္းကို ေပ်ာ္ေစခ်င္တဲ့စိတ္နဲ႔ အရာအားလုံးနီးနီးကို အေလွ်ာ့ေပးတယ္ လိုက္ေလ်ာတယ္ မေပ်ာ္ေတာ့ရင္ ထြက္သြားမွာေၾကာက္တဲ့ စိတ္တစ္ခုနဲ႔ေပါ့ ဆိုးဆိုးေကာင္းေကာင္း သည္းခံၿပီးကို ေပါင္းခဲ့တာ

ကိုယ့္အေပၚ ေဖာင္းတာေတြ တမင္တကာကပ္ဖဲ့တာေတြကိုေတာင္ စတာေနာက္တာပါေနမွာဆိုတဲ့ စိတ္နဲ႔ ျဖည့္ေတြးေပးခဲ့ဖူးတာ

ေနာက္ဆုံးေတာ့လဲ ကိုယ့္ရာဇ၀င္အတိုင္း လိုခ်င္တာေတြ ဘာမွ မရွိေတာ့တဲ့အခါ မူလေနရာမွာ မူလအတိုင္း တစ္ေယာက္တည္းက်န္ခဲ့ရတာပါ

မေနခ်င္မွန္းသိသိရဲ႕နဲ႔ ဆြဲထား ဆုပ္ကိုင္ထားမိတဲ့လက္ေတြလဲ အမ်ားႀကီးပါပဲ တစ္ေန႔ နားလည္ေကာင္းပါရဲ႕ဆိုတဲ့ စိတ္နဲ႔ မေနခ်င္လဲ ခဏေတာ့ေနပါဆိုၿပီး အပင္ပန္းခံၿပီး ဆြဲထားခဲ့မိတာ

ျဖစ္မလာႏိုင္တဲ့ တစ္ေန႔ေတြမွန္း အေစာကတည္းက မဆင္ျခင္မိခဲ့ဘူး ေမတၱာမွန္ရင္ ေမတၱာေတြပဲ ျပန္လာမွာပါဆိုတဲ့ အစြဲအလမ္းႀကီးေၾကာင့္ ကိုယ့္မွာ နာက်င္ေနမွန္းသိသိရဲ႕နဲ႔ မစြန္႔လႊတ္ႏိုင္ခဲ့ျပန္ဘူး

ထာ၀ရလို႔ ေျပာလာရင္လဲ လြယ္လြယ္ေလး ယုံပစ္လိုက္ ၾကည္ႏူးပစ္လိုက္တာပဲ ေနာက္ဆက္တြဲ သံသယေတြကို မထားျဖစ္ခဲ့ဘူး သံသယဆိုတာ လူႏွစ္ေယာက္ကို ေဝးေစတယ္တဲ့ ဒါေၾကာင့္ သံသယေတြ မထားမိေအာင္ ယုံၾကည္မႈေတြ ေပးခဲ့ဖူးတာ

ယုံၾကည္မိလြန္းျပန္ေတာ့လဲ ေနာက္ဆုံး ကိုယ္တစ္ေယာက္တည္းက်န္ခဲ့တာပါ အဲ့ဒီအစြဲအလမ္းႀကီးလြန္းတဲ့ စိတ္ အယုံလြယ္လြန္းတဲ့ စိတ္ေတြေၾကာင့္ ကိုယ္နာက်င္ရတာပါ ဘယ္သူ႔ကိုမွလဲ အျပစ္မျမင္သလို အျပစ္လဲ မတင္ပါဘူး ကိုယ့္ထိုက္နဲ႔ကိုယ့္ကံလို႔သာ မွတ္ပါတယ္ ။

PStar