ကျွန်မ ပြုံးနေတဲ့အခါတိုင်း ပျော်နေတယ်လို့ တစ်ထစ်ချကြီး မယူဆလိုက်ပါနဲ့

ကျွန်မ ပြုံးနေတိုင်း ပျော်နေတယ်လို့ မထင်စေချင်ဘူး ကျွန်မဆိုတာမျိုးက ဝမ်းနည်းနေတဲ့အခါလဲ အလှဆုံးတွေ ပြုံးပြတတ်ပါတယ် မရ ရအောင်လဲ ပြုံးတယ်လေ

ကိုယ့်အပေါ် ဘယ်သူများစာနာလေမလဲလို့ ရင်ဖွင့်ရမယ့်အဖော်ကိုရှာလို့လဲ မတွေ့ခဲ့ဘူး ကိုယ်ဖြစ်ရင် ကိုယ်ခံ ကိုယ်ကောင်းရင် ကိုယ်ပဲ စံခဲ့ရတာလေ ။

နားလည်ပေးပါဆိုတဲ့စကားလုံးမျိုး မသုံးဖြစ်တာတောင် အဝာာ်ကြာခဲ့ပါပြီ ကိုယ့်အနားမှာ ရပ်နေတဲ့လူပဲ ဖြစ်ဖြစ် ဟိုးအဝေးမှာ ရောက်နေတဲ့လူပဲ ဖြစ်ဖြစ် ကျွန်မကို နားမလည်နိုင်ခဲ့ကြတာ ဘယ်သူ့ကို နားလည်ပေးပါလို့ သွားပြီးပြောရမှာလဲ

ဒီလိုနဲ့ပဲ နာကျင်နေလျက်နဲ့လဲ ပြုံးတတ်လာတာပါ ကိုယ့်ကျတဲ့မျက်ရည် ကိုယ်ကိုယ်တိုင်သုတ်ပြီး ကိုယ့်ကို ဘယ်သူမှ ပျော်အောင်ထားဖို့ သတိမရတဲ့အခါ ကိုယ်ကိုယ်တိုင်ပဲ ပြုံးတတ်လာတာပါ

ကိုယ့်ရင်ဘတ်ထဲမှာ သိမ်းထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ဘယ်သူမှ မြင်အောင်လဲ မကြည့်ဘူးလေ နဲနဲလေး မျက်ရည်ကျမိရင် မျက်ခံထိုးတတ်လိုက်တာဆိုတဲ့ စကားလုံးတွေ ပျော့ညံ့လိုက်တာဆိုတဲ့ စကားလုံးတွေနဲ့ပဲ စကားစစ်ထိုးဖို့ပဲ သိကြတာ

အမှန်အတိုင်းဝန်ခံရရင် နားလည်မယ်လို့ ထင်ခဲ့မိတာ ပိုပြီးနာကျင်ရတာပဲ အဖတ်တင်ခဲ့ပါတယ် ။ ကိုယ် သည်းခံခဲ့တဲ့အရာတွေ ခေါင်းငုံ့ခံခဲ့ရတဲ့အဖြစ်တွေ ဘယ်လောက်ပဲ ကြီးမားကြီးမား ဘယ်တစ်ဦးတစ်ယောက်မှ မမြင်ပါဘူး ကိုယ်ပေါက်ကွဲလိုက်တဲ့အခါ လူတွေ လူဆိုးမကြီးတစ်ယောက်လို မိန်းမကြမ်းကြီးတစ်ယောက်လို ကြည့်တတ် မြင်တတ်ကြတယ်

ဒါတွေကြောင့်ပဲ ဘာပဲဖြစ်လာဖြစ်လာ ဘယ်လောက်ပဲ နာကျင်ရ နာကျင်ရ ကျွန်မ မြိုသိပ်တတ်လာတာပါ ဆက်ပြီး မြိုသိပ်ပစ်လိုက်လို့လဲ နဲနဲလေး အနာတရပိုလာတာကလွဲလို့ ဘာမှ ထူးလာမှ မဟုတ်ပဲလေ

နာကျင်လွန်းလို့ပါဆိုပြီး အော်ဟစ်ပစ်လို့မှ မရပဲ မြိုသိပ်ပြီးဆက်ပြုံးနေရမယ့် ရွေးချယ်မှုတစ်ခုတည်း ကျွန်မ မှာ ရှိခဲ့တာလေ ကျွန်မကို ဘယ်သူမှ ပျော်အောင်မထားနိုင်တဲ့အခါ ကျွန်မကိုယ်ကျွန်မပဲ ပျော်အောင် နေတတ်လာတယ်

ဘယ်သူကမှ ကျွန်မကို နားလည်မပေးနိုင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပဲ နားလည်အောင်ကြည့်တယ် ပြုံးအောင် ပျော်အောင် ဘယ်သူကမှ လုပ်မပေးတဲ့အခါ ကျွန်မကိုယ် ကျွန်မ ပြုံးနိုင်အောင် ကြိုးစားတယ်

ဒါကြောင့် ကျွန်မ ပြုံးနေတဲ့အခါတိုင်း ပျော်နေတယ်လို့ တစ်ထစ်ချကြီး မယူဆလိုက်ပါနဲ့ ကျွန်မကလဲ ငိုချင်နေလျက်နဲ့လဲ ပြုံးချင် ပြုံးနေတတ်သလို ရယ်ချင်လဲ ရယ်နေတတ်တာလေ ။

သျှင်ယွန်း

ကြၽန္မ ၿပဳံးေနတိုင္း ေပ်ာ္ေနတယ္လို႔ မထင္ေစခ်င္ဘူး ကြၽန္မဆိုတာမ်ိဳးက ၀မ္းနည္းေနတဲ့အခါလဲ အလွဆုံးေတြ ၿပဳံးျပတတ္ပါတယ္ မရ ရေအာင္လဲ ၿပဳံးတယ္ေလ

ကိုယ့္အေပၚ ဘယ္သူမ်ားစာနာေလမလဲလို႔ ရင္ဖြင့္ရမယ့္အေဖာ္ကိုရွာလို႔လဲ မေတြ႕ခဲ့ဘူး ကိုယ္ျဖစ္ရင္ ကိုယ္ခံ ကိုယ္ေကာင္းရင္ ကိုယ္ပဲ စံခဲ့ရတာေလ ။

နားလည္ေပးပါဆိုတဲ့စကားလုံးမ်ိဳး မသုံးျဖစ္တာေတာင္ အဝာာ္ၾကာခဲ့ပါၿပီ ကိုယ့္အနားမွာ ရပ္ေနတဲ့လူပဲ ျဖစ္ျဖစ္ ဟိုးအေဝးမွာ ေရာက္ေနတဲ့လူပဲ ျဖစ္ျဖစ္ ကြၽန္မကို နားမလည္ႏိုင္ခဲ့ၾကတာ ဘယ္သူ႔ကို နားလည္ေပးပါလို႔ သြားၿပီးေျပာရမွာလဲ

ဒီလိုနဲ႔ပဲ နာက်င္ေနလ်က္နဲ႔လဲ ၿပဳံးတတ္လာတာပါ ကိုယ့္က်တဲ့မ်က္ရည္ ကိုယ္ကိုယ္တိုင္သုတ္ၿပီး ကိုယ့္ကို ဘယ္သူမွ ေပ်ာ္ေအာင္ထားဖို႔ သတိမရတဲ့အခါ ကိုယ္ကိုယ္တိုင္ပဲ ၿပဳံးတတ္လာတာပါ

ကိုယ့္ရင္ဘတ္ထဲမွာ သိမ္းထားရတဲ့ ဒဏ္ရာဒဏ္ခ်က္ေတြကို ဘယ္သူမွ ျမင္ေအာင္လဲ မၾကည့္ဘူးေလ နဲနဲေလး မ်က္ရည္က်မိရင္ မ်က္ခံထိုးတတ္လိုက္တာဆိုတဲ့ စကားလုံးေတြ ေပ်ာ့ညံ့လိုက္တာဆိုတဲ့ စကားလုံးေတြနဲ႔ပဲ စကားစစ္ထိုးဖို႔ပဲ သိၾကတာ

အမွန္အတိုင္း၀န္ခံရရင္ နားလည္မယ္လို႔ ထင္ခဲ့မိတာ ပိုၿပီးနာက်င္ရတာပဲ အဖတ္တင္ခဲ့ပါတယ္ ။ ကိုယ္ သည္းခံခဲ့တဲ့အရာေတြ ေခါင္းငုံ႔ခံခဲ့ရတဲ့အျဖစ္ေတြ ဘယ္ေလာက္ပဲ ႀကီးမားႀကီးမား ဘယ္တစ္ဦးတစ္ေယာက္မွ မျမင္ပါဘူး ကိုယ္ေပါက္ကြဲလိုက္တဲ့အခါ လူေတြ လူဆိုးမႀကီးတစ္ေယာက္လို မိန္းမၾကမ္းႀကီးတစ္ေယာက္လို ၾကည့္တတ္ ျမင္တတ္ၾကတယ္

ဒါေတြေၾကာင့္ပဲ ဘာပဲျဖစ္လာျဖစ္လာ ဘယ္ေလာက္ပဲ နာက်င္ရ နာက်င္ရ ကြၽန္မ ၿမိဳသိပ္တတ္လာတာပါ ဆက္ၿပီး ၿမိဳသိပ္ပစ္လိုက္လို႔လဲ နဲနဲေလး အနာတရပိုလာတာကလြဲလို႔ ဘာမွ ထူးလာမွ မဟုတ္ပဲေလ

နာက်င္လြန္းလို႔ပါဆိုၿပီး ေအာ္ဟစ္ပစ္လို႔မွ မရပဲ ၿမိဳသိပ္ၿပီးဆက္ၿပဳံးေနရမယ့္ ေ႐ြးခ်ယ္မႈတစ္ခုတည္း ကြၽန္မ မွာ ရွိခဲ့တာေလ ကြၽန္မကို ဘယ္သူမွ ​ေပ်ာ္ေအာင္မထားႏိုင္တဲ့အခါ ကြၽန္မကိုယ္ကြၽန္မပဲ ေပ်ာ္ေအာင္ ေနတတ္လာတယ္

ဘယ္သူကမွ ကြၽန္မကို နားလည္မေပးႏိုင္တဲ့အခါ ကိုယ့္ကိုယ္ကိုယ္ပဲ နားလည္ေအာင္ၾကည့္တယ္ ၿပဳံးေအာင္ ေပ်ာ္ေအာင္ ဘယ္သူကမွ လုပ္မေပးတဲ့အခါ ကြၽန္မကိုယ္ ကြၽန္မ ၿပဳံးႏိုင္ေအာင္ ႀကိဳးစားတယ္

ဒါေၾကာင့္ ကြၽန္မ ၿပဳံးေနတဲ့အခါတိုင္း ေပ်ာ္ေနတယ္လို႔ တစ္ထစ္ခ်ႀကီး မယူဆလိုက္ပါနဲ႔ ကြၽန္မကလဲ ငိုခ်င္ေနလ်က္နဲ႔လဲ ၿပဳံးခ်င္ ၿပဳံးေနတတ္သလို ရယ္ခ်င္လဲ ရယ္ေနတတ္တာေလ ။

သွ်င္ယြန္း