ကျေးဇူးပြုပြီးတော့ ကိုယ်ချင်းစာပါ ကိုယ်ခံစားရတာမဟုတိုင်းစကားတစ်ခွန်းကို လွယ်လွယ်လေးမပြောလိုက်ပါနဲ့

ကျေးဇူးပြုပြီးတော့ ကိုယ်ချင်းစာပါ ကိုယ်ခံစားရတာမဟုတိုင်းစကားတစ်ခွန်းကို လွယ်လွယ်လေးမပြောလိုက်ပါနဲ့ ရင်ဘတ်ကြီးနဲ့ ကိုယ့်မှာ အစစအရာရာကို ရင်းထားခဲ့တာလေ ဘာမဟုတ်တာလေးကအစ

သေလောာက်အောင်နာကျင်နေချင် နေကျင်နေတာလေ စကားလေးတစ်ခွန်းပြောဖို့ လွယ်လွယ်လေးပါပဲ စက္ကန့်အနည်းငယ်လောက်အတွင်းမှာ လူတစ်ယောက် မိုးပျံချင်စိတ်ပေါက်သွားတဲ့အထိ ပြောလိုက်လို့ရသလို သေချင်စိတ်ပေါက်သွားတဲ့အထိ ပြောလိုက်လို့လဲ ဖြစ်တယ်လေ

ကိုယ်ချင်းစာပါ ဒါမှမဟုတ် စာနာပေးပါ . . . မွေးဖွားလာရပုံချင်းမတူတဲ့အခါ ဘဝတွေဟာလဲ တစ်ယောက်နဲ့ တစ်ယောက်မတူကြဘူးလေ အရာရာကို ကိုယ့်ဘဝနဲ့ယှဉ်ပြီး နှိုင်းယှဉ်လိုက်ဖို့ လွယ်ပေမယ့် အနှိုင်းယှဉ်ခံလိုက်တဲ့ တခြားတစ်ဖက်မှာ ဘယ်လောက်သိမ်ငယ်သွားလိမ့်မလဲ စာနာပါ

ကိုယ်ကြိုးစားရင် ကြိုးစားသလို ဖြစ်တယ်ဆိုပေမယ့် တစ်ခါတစ်ရံမှာ အသေအလဲ ကြိုးစားနေပေမယ့် ဖြစ်မလာတတ်တာတွေလဲ လောကမှာ အများကြီးပါ မဖြစ်လာတိုင်း မကြိုးစားဘူးလို့ထင်နေတဲ့ အတွေးတွေထက် ဘာကြောင့်ဆိုတဲ့ အကြောင်းလေးကို ကိုယ်ချင်းစာတရားလေးနဲ့ဖြစ်ဖြစ် မြင်အောင်ကြည့်ပေးပါ

ဘာမဟုတ်တာလေးနဲ့ ဒီလောက် ဖြစ်နေဖို့လိုလို့လား တဲ့ တိုက်တန်းနစ်ဆိုတဲ့ သင်္ဘောကြီးနစ်သွားတာ ဘာမဟုတ်တဲ့ ရေခဲတောင်လေးတစ်ခုကို တိုက်သွားလို့ နစ်သွားတာပါ ကျွန်မက အများကြီး မျှော်လင့်ထားမိတဲ့လူလေ နဲနဲဖြစ်ဖြစ် အများကြီး ထိခိုက်ခံစားရစေပါတယ်

ဖုန်းမအားတာပဲ ဖြစ်ဖြစ် အချိန်မပေးတဲ့အခါပဲ ဖြစ်ဖြစ် ကျွန်မမှာ အတွေးပေါင်း မြောက်များစွာနဲ့ ဒေါသထွက်မလား စိတ်ပူရမလားဆိုတဲ့ ဒွိဟတွေ အများကြီးဖြစ်စေနဲ့ ဒီ ဘာမဟုတ်တာလေးတွေကိုကအစ ဂရုစိုက်ပါတယ် ။

ကျေးဇူးပြုပြီးတော့ ကိုယ်ချင်းစာပါ ဒါမှမဟုတ် စာနာပေးပါ ဂဲမှန်ခဲ့ဖူးတဲ့ စာသူငယ်က ဂဲကို ကြောက်တယ် ရေနွေးပူ လောင်ခဲ့ဖူးတဲ့ ကလေးတစ်ယောက်က ရေနွေးကိုကြောက်တာလဲ သဘာဝပါပဲ

လူတိုင်းမှာ ဖြတ်သန်းခဲ့ရတဲ့အတိတ်ဆိုတာရှိသလို အဲ့ဒီအတိတ်မှာလဲ မတူညီတဲ့ ဒဏ်ရာ ဒဏ်ချက်တွေ ကိုယ်စီရှိပါတယ် အဲ့အတွက် ကြောက်သင့်တာလားမကြောက်သင့်တာလား တုန်လှုပ်သင့်တာလား မတုန်လှုပ်သင့်ဘူးလားဆိုတာထက် ကိုယ် စိုးထိတ်တဲ့အရာကို ဆက်ပြီး စိုးထိတ်နေဦးမှာပဲလေ

အတိတ်ဆိုတာ ဖျောက်ပစ်ရခက်သလို စိတ်ထဲ စွဲသွားရင် စွဲသလောက် ပိုပြီးကြောက်တတ်လာတယ် ဒါ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာပါ

အတိတ်မှာ ဘာမှ မဖြစ်နိုင်ပါဘူးလေဆိုပြီး ယုံကြည်ကြည်နေခဲ့ပြီးမှ တစ်ယောက်တည်းကျန်ရစ်ခဲ့တဲ့လူက ဆက်ပြီး မယုံကြည်ရဲတော့တာဟာ ပုံကြီးချဲ့တာမဟုတ်ဘူးနောက်ထပ် ထပ်ပြီး မဖြစ်အောင် ကြိုတင်ပြင်ဆင်ထားတာပါ

ဘာမဟုတ်တာလေးနဲ့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အနာပေါ် ဒုတ်ကျသွားတဲ့ အဖြစ်တွေ အနာပေါ် ဆားထပ်ဖြူးခံရတဲ့အဖြစ်တွေ ရှိတဲ့အကြောင်း ပြောပြချင်တယ် လူတိုင်းမှာ ဒဏ်ရာကိုယ်စီရှိတတ်ကြပါတယ် မတူညီတဲ့ ဒဏ်ရာဒဏ်ချက်တွေပေါ့

အဲ့တာကြောင့် စကားတခွန်းကို မပြောခင်မှာ ဒါမှမဟုတ် လုပ်ရပ်တစ်ခုကို မလုပ်ခင်မှာ အရင်ဆုံး စာနာကြည့်ပေးပါ ဒါမှမဟုတ် ကိုယ်ချင်းစာပါ ။

Zuu

ေက်းဇူးျပဳၿပီးေတာ့ ကိုယ္ခ်င္းစာပါ ကိုယ္ခံစားရတာမဟုတိုင္းစကားတစ္ခြန္းကို လြယ္လြယ္ေလးမေျပာလိုက္ပါနဲ႔ ရင္ဘတ္ႀကီးနဲ႔ ကိုယ့္မွာ အစစအရာရာကို ရင္းထားခဲ့တာေလ ဘာမဟုတ္တာေလးကအစ

ေသေလာာက္ေအာင္နာက်င္ေနခ်င္ ေနက်င္ေနတာေလ စကားေလးတစ္ခြန္းေျပာဖို႔ လြယ္လြယ္ေလးပါပဲ စကၠန္႔အနည္းငယ္ေလာက္အတြင္းမွာ လူတစ္ေယာက္ မိုးပ်ံခ်င္စိတ္ေပါက္သြားတဲ့အထိ ေျပာလိုက္လို႔ရသလို ေသခ်င္စိတ္ေပါက္သြားတဲ့အထိ ေျပာလိုက္လို႔လဲ ျဖစ္တယ္ေလ

ကိုယ္ခ်င္းစာပါ ဒါမွမဟုတ္ စာနာေပးပါ . . . ေမြးဖြားလာရပုံခ်င္းမတူတဲ့အခါ ဘ၀ေတြဟာလဲ တစ္ေယာက္နဲ႔ တစ္ေယာက္မတူၾကဘူးေလ အရာရာကို ကိုယ့္ဘ၀နဲ႔ယွဥ္ၿပီး ႏႈိင္းယွဥ္လိုက္ဖို႔ လြယ္ေပမယ့္ အႏႈိင္းယွဥ္ခံလိုက္တဲ့ တျခားတစ္ဖက္မွာ ဘယ္ေလာက္သိမ္ငယ္သြားလိမ့္မလဲ စာနာပါ

ကိုယ္ႀကိဳးစားရင္ ႀကိဳးစားသလို ျဖစ္တယ္ဆိုေပမယ့္ တစ္ခါတစ္ရံမွာ အေသအလဲ ႀကိဳးစားေနေပမယ့္ ျဖစ္မလာတတ္တာေတြလဲ ေလာကမွာ အမ်ားႀကီးပါ မျဖစ္လာတိုင္း မႀကိဳးစားဘူးလို႔ထင္ေနတဲ့ အေတြးေတြထက္ ဘာေၾကာင့္ဆိုတဲ့ အေၾကာင္းေလးကို ကိုယ္ခ်င္းစာတရားေလးနဲ႔ျဖစ္ျဖစ္ ျမင္ေအာင္ၾကည့္ေပးပါ

ဘာမဟုတ္တာေလးနဲ႔ ဒီေလာက္ ျဖစ္ေနဖို႔လိုလို႔လား တဲ့ တိုက္တန္းနစ္ဆိုတဲ့ သေဘၤာႀကီးနစ္သြားတာ ဘာမဟုတ္တဲ့ ေရခဲေတာင္ေလးတစ္ခုကို တိုက္သြားလို႔ နစ္သြားတာပါ ကြၽန္မက အမ်ားႀကီး ေမွ်ာ္လင့္ထားမိတဲ့လူေလ နဲနဲျဖစ္ျဖစ္ အမ်ားႀကီး ထိခိုက္ခံစားရေစပါတယ္

ဖုန္းမအားတာပဲ ျဖစ္ျဖစ္ အခ်ိန္မေပးတဲ့အခါပဲ ျဖစ္ျဖစ္ ကြၽန္မမွာ အေတြးေပါင္း ေျမာက္မ်ားစြာနဲ႔ ေဒါသထြက္မလား စိတ္ပူရမလားဆိုတဲ့ ဒြိဟေတြ အမ်ားႀကီးျဖစ္ေစနဲ႔ ဒီ ဘာမဟုတ္တာေလးေတြကိုကအစ ဂ႐ုစိုက္ပါတယ္ ။

ေက်းဇူးျပဳၿပီးေတာ့ ကိုယ္ခ်င္းစာပါ ဒါမွမဟုတ္ စာနာေပးပါ ဂဲမွန္ခဲ့ဖူးတဲ့ စာသူငယ္က ဂဲကို ေၾကာက္တယ္ ေရေႏြးပူ ေလာင္ခဲ့ဖူးတဲ့ ကေလးတစ္ေယာက္က ေရေႏြးကိုေၾကာက္တာလဲ သဘာ၀ပါပဲ

လူတိုင္းမွာ ျဖတ္သန္းခဲ့ရတဲ့အတိတ္ဆိုတာရွိသလို အဲ့ဒီအတိတ္မွာလဲ မတူညီတဲ့ ဒဏ္ရာ ဒဏ္ခ်က္ေတြ ကိုယ္စီရွိပါတယ္ အဲ့အတြက္ ေၾကာက္သင့္တာလားမေၾကာက္သင့္တာလား တုန္လႈပ္သင့္တာလား မတုန္လႈပ္သင့္ဘူးလားဆိုတာထက္ ​ကိုယ္ စိုးထိတ္တဲ့အရာကို ဆက္ၿပီး စိုးထိတ္ေနဦးမွာပဲေလ

အတိတ္ဆိုတာ ေဖ်ာက္ပစ္ရခက္သလို စိတ္ထဲ စြဲသြားရင္ စြဲသေလာက္ ပိုၿပီးေၾကာက္တတ္လာတယ္ ဒါ ျဖစ္ေလ့ျဖစ္ထ ရွိတဲ့ အရာပါ

အတိတ္မွာ ဘာမွ မျဖစ္ႏိုင္ပါဘူးေလဆိုၿပီး ယုံၾကည္ၾကည္ေနခဲ့ၿပီးမွ တစ္ေယာက္တည္းက်န္ရစ္ခဲ့တဲ့လူက ဆက္ၿပီး မယုံၾကည္ရဲေတာ့တာဟာ ပုံႀကီးခ်ဲ႕တာမဟုတ္ဘူးေနာက္ထပ္ ထပ္ၿပီး မျဖစ္ေအာင္ ႀကိဳတင္ျပင္ဆင္ထားတာပါ

ဘာမဟုတ္တာေလးနဲ႔ ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ အနာေပၚ ဒုတ္က်သြားတဲ့ အျဖစ္ေတြ အနာေပၚ ဆားထပ္ျဖဴးခံရတဲ့အျဖစ္ေတြ ရွိတဲ့အေၾကာင္း ေျပာျပခ်င္တယ္ လူတိုင္းမွာ ဒဏ္ရာကိုယ္စီရွိတတ္ၾကပါတယ္ မတူညီတဲ့ ဒဏ္ရာဒဏ္ခ်က္ေတြေပါ့

အဲ့တာေၾကာင့္ စကားတခြန္းကို မေျပာခင္မွာ ဒါမွမဟုတ္ လုပ္ရပ္တစ္ခုကို မလုပ္ခင္မွာ အရင္ဆုံး စာနာၾကည့္ေပးပါ ဒါမွမဟုတ္ ကိုယ္ခ်င္းစာပါ ။

Zuu