ကိုယ့်အနားက လူတွေကကိုယ့်ကို ပြောင်းလဲပေးခဲ့တာပါ ပြီးတော့ . . .. ဒီဒဏ်ရာတွေကြောင့်ပဲ ပိုပြီး သန်မာလာခဲ့တာ ။

အမှောင်ကြောက်တတ်ခဲ့ဖူးတဲ့ ကလေးငယ်တစ်ယောက်လိုပေါ့ အမှောင်ထဲ နေတာ ကြာလာတဲ့အခါ အလိုလို ကျင့်သားရလာရုံပါ မကြောက်တတ်တော့တာ မဟုတ်ဘူး

ကျွန်တော်လဲ အဲ့ဒီကလေးလေးလိုပါပဲ ဒဏ်ရာ ဒဏ်ချက်တွေ ရလာတဲ့အခါ မနာကျင်ရတော့မဟုတ်ဘူး ခဏခဏ နာကျင်ပြီးရင် နာကျင်လာရတဲ့အခါ အရင်တုန်းကလောက် ဆတ်ဆတ်ထိမခံဖြစ်လာရုံပါ

ပုခုံဖက်ပေါင်းတဲ့ မိတ်ဆွေတွေကြောင့် ကိုယ့်ကျောကိုကိုယ် ဂရုစိုက်တတ်လာတာပဲရှိတယ် ကျွန်တော် မယုံကြည်လာတာမဟုတ်ဘူး ယုံကြည်ချင်ပါတယ် ယုံကြည်လို့ မရတော့တာ နောက်ကျောမှာ ကိုယ့်ကို ခင်ပါတယ်ဆိုတဲ့ သူငယ်ချင်းတွေချည်းကပဲ ထိုးသွားတဲ့ ဓားတွေမှာ မနည်းမနောပဲလေ

မအားလို့ပါဆိုတဲ့ စကားတွေကြောင့် ကျွန်တော် တစ်ယောက်တည်း လုပ်တတ်ကိုင်တတ်လာတာပါ ကိုယ် အကူအညီလိုတဲ့အခါတိုင်း အမြဲ အလုပ်များနေတတ်တဲ့ လူတွေကို ဆက်ပြီး အကူအညီမတောင်းချင်တော့တာကြောင့်ပေါ့

ခဏနော် ဆိုတဲ့စကားတွေကြောင့်ပဲ ကျွန်တော် တစ်ယောက်တည်းနေတတ်လာတာပါ အဲ့ဒီ ခဏနော် ဆိုတဲ့စကားတွေနောက်မှာ အချိန်တွေအကြာကြီး စောင့်ခဲ့ဖူးပြီးပြီလေ ဆက်ပြီးစောင့်နေရလောက်တဲ့ထိ ကျွန်တော် မရူးသင့်တော့ဘူး

ကိုယ်အဆင်ပြေနေတာထက် အဆင်မပြေတာကို ပိုပြီးမြင်ချင်ကြတဲ့ ပတ်ဝန်းကျင်ကြောင့် ဘာပဲဖြစ်လာဖြစ်လာ ပြုံးတတ်လာတာပါ ကိုယ်အဆင်မပြေဘူးပြောလို့လဲ လက်ကမ်းမယ့်လူက ကိုယ့်အနီးပတ်ဝန်းကျင်မှာ မရှိဘူးလေ ပိုပြီးပျော်သွားမယ့်လူတွေပဲ ဒါကြောင့် အဆင်မပြေလဲ ပြုံးတယ် အဆင်ပြေလဲ ပြုံးပါတယ် ခပ်ချေချေပဲပေါ့

တစ်ယောက်တည်းကျန်ခဲ့ရင်းနဲ့ တစ်ယောက်တည်း ချန်ခံထားရခြင်းတွေမှာ အဖော်ဆိုတာ မလိုအပ်တော့ဘူး ကျွန်တော့အတွက် ရေစက်ဆိုတာ မျက်စိတစ်မှိတ်ပဲ ဆုံတတ်တာမျိုးလဲ ကိုယ် မျက်လုံးဖွင့်လိုက်တာနဲ့ ပျောက်ပျက်သွားမှာတွေချည်းပဲ ကြုံခဲ့ ဆုံခဲ့ရတာ

ဒီဒဏ်ရာတွေကြောင့် ဒီဝေဒနာတွေကြောင့်ပဲ ကျွန်တော် အရင်ကထက် ပိုပြီး သန်မာလာတာပါ ပထမအကြိမ်တုန်းက အလူးအလဲ ခံစားခဲ့ရဖူးတယ်

ငါ့အပေါ်လုပ်ရက်လေခြင်းဆိုတဲ့ ဝမ်းနည်းစိတ်တွေ ဒီလောက်ကောင်းအောင် လုပ်ပေးခဲ့တာတောင်မှဆိုတဲ့ နှမျောတသစိတ်တွေ အချိန်တွေ ဖြုန်းမိလေခြင်းဆိုတဲ့ နောင်တတွေနဲ့ အလူးအလဲကို ခံခဲ့ရတာပါ

အခုဆို . . . နာလို့ နာရမှန်းမသိတဲ့ ဒဏ်ရာတွေ ရှိလာပြီလေ ဘာတစ်ခုမှ လုပ်ယူခဲ့တာ မရှိပါဘူး ကိုယ့်အနားက လူတွေကကိုယ့်ကို ပြောင်းလဲပေးခဲ့တာပါ ပြီးတော့ . . .. ဒီဒဏ်ရာတွေကြောင့်ပဲ ပိုပြီး သန်မာလာခဲ့တာ ။

PStar

အေမွာင္ေၾကာက္တတ္ခဲ့ဖူးတဲ့ ကေလးငယ္တစ္ေယာက္လိုေပါ့ အေမွာင္ထဲ ေနတာ ၾကာလာတဲ့အခါ အလိုလို က်င့္သားရလာ႐ုံပါ မေၾကာက္တတ္ေတာ့တာ မဟုတ္ဘူး

ကြၽန္ေတာ္လဲ အဲ့ဒီကေလးေလးလိုပါပဲ ဒဏ္ရာ ဒဏ္ခ်က္ေတြ ရလာတဲ့အခါ မနာက်င္ရေတာ့မဟုတ္ဘူး ခဏခဏ နာက်င္ၿပီးရင္ နာက်င္လာရတဲ့အခါ အရင္တုန္းကေလာက္ ဆတ္ဆတ္ထိမခံျဖစ္လာ႐ုံပါ

ပုခုံဖက္ေပါင္းတဲ့ မိတ္ေဆြေတြေၾကာင့္ ကိုယ့္ေက်ာကိုကိုယ္ ဂ႐ုစိုက္တတ္လာတာပဲရွိတယ္ ကြၽန္ေတာ္ မယုံၾကည္လာတာမဟုတ္ဘူး ယုံၾကည္ခ်င္ပါတယ္ ယုံၾကည္လို႔ မရေတာ့တာ ေနာက္ေက်ာမွာ ကိုယ့္ကို ခင္ပါတယ္ဆိုတဲ့ သူငယ္ခ်င္းေတြခ်ည္းကပဲ ထိုးသြားတဲ့ ဓားေတြမွာ မနည္းမေနာပဲေလ

မအားလို႔ပါဆိုတဲ့ စကားေတြေၾကာင့္ ကြၽန္ေတာ္ တစ္ေယာက္တည္း လုပ္တတ္ကိုင္တတ္လာတာပါ ကိုယ္ အကူအညီလိုတဲ့အခါတိုင္း အၿမဲ အလုပ္မ်ားေနတတ္တဲ့ လူေတြကို ဆက္ၿပီး အကူအညီမေတာင္းခ်င္ေတာ့တာေၾကာင့္ေပါ့

ခဏေနာ္ ဆိုတဲ့စကားေတြေၾကာင့္ပဲ ကြၽန္ေတာ္ တစ္ေယာက္တည္းေနတတ္လာတာပါ အဲ့ဒီ ခဏေနာ္ ဆိုတဲ့စကားေတြေနာက္မွာ အခ်ိန္ေတြအၾကာႀကီး ေစာင့္ခဲ့ဖူးၿပီးၿပီေလ ဆက္ၿပီးေစာင့္ေနရေလာက္တဲ့ထိ ကြၽန္ေတာ္ မ႐ူးသင့္ေတာ့ဘူး

ကိုယ္​အဆင္ေျပေနတာထက္ အဆင္မေျပတာကို ပိုၿပီးျမင္ခ်င္ၾကတဲ့ ပတ္၀န္းက်င္ေၾကာင့္ ဘာပဲျဖစ္လာျဖစ္လာ ၿပဳံးတတ္လာတာပါ ကိုယ္အဆင္မေျပဘူးေျပာလို႔လဲ လက္ကမ္းမယ့္လူက ကိုယ့္အနီးပတ္၀န္းက်င္မွာ မရွိဘူးေလ ပိုၿပီးေပ်ာ္သြားမယ့္လူေတြပဲ ဒါေၾကာင့္ အဆင္မေျပလဲ ၿပဳံးတယ္ အဆင္ေျပလဲ ၿပဳံးပါတယ္ ခပ္ေခ်ေခ်ပဲေပါ့

တစ္ေယာက္တည္းက်န္ခဲ့ရင္းနဲ႔ တစ္ေယာက္တည္း ခ်န္ခံထားရျခင္းေတြမွာ အေဖာ္ဆိုတာ မလိုအပ္ေတာ့ဘူး ကြၽန္ေတာ့အတြက္ ေရစက္ဆိုတာ မ်က္စိတစ္မွိတ္ပဲ ဆုံတတ္တာမ်ိဳးလဲ ကိုယ္ မ်က္လုံးဖြင့္လိုက္တာနဲ႔ ေပ်ာက္ပ်က္သြားမွာေတြခ်ည္းပဲ ႀကဳံခဲ့ ဆုံခဲ့ရတာ

ဒီဒဏ္ရာေတြေၾကာင့္ ဒီေဝဒနာေတြေၾကာင့္ပဲ ကြၽန္ေတာ္ အရင္ကထက္ ပိုၿပီး သန္မာလာတာပါ ပထမအႀကိမ္တုန္းက အလူးအလဲ ခံစားခဲ့ရဖူးတယ္

ငါ့အေပၚလုပ္ရက္ေလျခင္းဆိုတဲ့ ၀မ္းနည္းစိတ္ေတြ ဒီေလာက္ေကာင္းေအာင္ လုပ္ေပးခဲ့တာေတာင္မွဆိုတဲ့ ႏွေမ်ာတသစိတ္ေတြ အခ်ိန္ေတြ ျဖဳန္းမိေလျခင္းဆိုတဲ့ ေနာင္တေတြနဲ႔ အလူးအလဲကို ခံခဲ့ရတာပါ

အခုဆို . . . နာလို႔ နာရမွန္းမသိတဲ့ ဒဏ္ရာေတြ ရွိလာၿပီေလ ဘာတစ္ခုမွ လုပ္ယူခဲ့တာ မရွိပါဘူး ကိုယ့္အနားက လူေတြကကိုယ့္ကို ေျပာင္းလဲေပးခဲ့တာပါ ၿပီးေတာ့ . . .. ဒီဒဏ္ရာေတြေၾကာင့္ပဲ ပိုၿပီး သန္မာလာခဲ့တာ ။

PStar