ဘဝမဆုံးမချင်း ကံမကုန်ချင်း ကိုယ်ရွေးထားတဲ့လမ်းကို ကိုယ်ကိုယ်တိုင် ဆက်ပြီးလျှောက်နေရမှာပဲလေ

လမ်း . . .ဘဝမှာ ဆက်ပြီး လျှောက်ရမယ့်လမ်းတွေမရောက်ခင် ဒွိဟဖြစ်စရာ လမ်းတွေနဲ့ အရင် ကြုံရတတ်တယ်

ရွေးချယ်ပြီးသွားရင် ဘယ်လောက်ပဲ ဒဏ်ရာများများ ဆက်ပြီး လျှောက်ရမှာတွေကြီးပဲလေ ကိုယ် ရွေးချယ်ပြီးသွားပြီမလား ဆက်ပြီးပဲ လျှောက်ရုံပေါ့

တချို့လမ်းတွေက ဘယ်လောက်မှားတယ်လို့ပဲ ဆင်ခြင်မိဆင်ခြင်မိ နောက်ပြန်လှည့်ခွင့်မရှိတော့ဘူး ဒဏ်ရာ ဒဏ်ချက်တွေနဲ့ ဆက်ပြီးလျှောက်ရတာများတယ်

ဒါကြောင့် လမ်းတွေလျှောက်ရင် ရွေးချယ်စရာတွေ ရှိလာတဲ့အခါ နှလုံးသားတစ်ခုတည်းနဲ့ ဆုံးဖြတ်ဖို့ မလုံလောက်ဘူး ဦးဏှောက်လေးနဲ့ပါ တွေးခေါ်သုံးသပ်ဖို့လိုတယ်လေ

ငါ့လှေ ငါထိုး ပဲခူးရောက်ရောက် ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုသလိုမျိုး ကိုယ်ရွေးတဲ့လမ်း ကိုယ့်ဟာနဲ့ကိုယ်လျှောက်မယ် ဘာပဲဖြစ်ဖြစ် ဂရုမစိုက်နဲ့ဆိုပြီး လုပ်လို့မရဘူးမဟုတ်ဘူး လုပ်လို့ရပါတယ်

ဒါပေမယ့် ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံရတာ လောကမှာ ရေစက်ပါလို့ပဲဆုံဆုံ ဝဋ်ကြွေးပါလို့ပဲဆုံဆုံ တစ်နေ့ကျရင် ခွဲခွါရမယ်ဆိုတဲ့ ဓမ္မတာကိုတော့ ရှောင်လွဲလို့မရဘူး

ကိုယ်တစ်ယောက်တည်း ကျန်ချင်ကျန်ခဲ့လိမ့်မယ် ဒါပေမယ့် ကျန်ခဲ့ရုံ ချန်ခဲ့ရုံနဲ့ ရပ်တန့်လိုက်လို့မရဘူးလေ

ကိုယ့်လမ်းကိုယ် ဆက်ပြီးလျှောက်နေရမှာလေ ဘဝမဆုံးမချင်း ကံမကုန်ချင်း ကိုယ်ရွေးထားတဲ့လမ်းကို ကိုယ်ကိုယ်တိုင် ဆက်ပြီးလျှောက်နေရမှာပဲလေ

ဒါကြောင့် လမ်းတွေ ရွေးဖို့ဖြစ်လာတဲ့အခါ အရွေးမမှားစေနဲ့ ခဏတဖြုတ်လေး ကြည့်ပြီး လွယ်လွယ်လေး မဆုံးဖြတ်ပစ်လိုက်နဲ့

အရာအားလုံးကို သေချာသုံးသပ်ပြီးသွားတော့မှ ဆိုးတာတွေကြီးပဲ ဖြစ်လာရင်တောင် ခံနိုင်ရည်ရှိတယ်ဆိုကာမှ ရွေးချယ်စေချင်တယ်

နောင်တတွေနဲ့ နာကျင်စရာတွေနဲ့ ဆက်ပြီးလျှောက်ရတဲ့လမ်းတွေက ဘယ်လောက်အထိ ပင်ပန်းရလဲဆိုတာ မခံစားစေချင်ဘူးလေ ။

ပြီးတော့ ကိုယ့်လမ်းကိုယ်လျှောက်နေတာပဲ ဘယ်သူ့ ဂရုစိုက်စရာလိုလဲဆိုတာ တကယ်တော့မှားတယ် ကိုယ့်လမ်းကိုယ် လျှောက်နေတာမှန်ပေမယ့်

လမ်းခုလတ်မှာ ခြေထိုးခံမယ့်လူတွေ ရှိတယ် ခလုတ်လာတိုက်မယ့်လူတွေ ရှိတယ် အဲ့ဒီအခိုက်အတန့်တွေမှာ ကိုယ့်လမ်းကိုယ်လျှောက်နေတာမှန်ပေမယ့် ဂရုစိုက်ရမယ်လေ

အနောက်ကနေ ဘေးကနေ သိသိသာသာပဲဖြစ်ဖြစ် မသိမသာပဲဖြစ်ဖြစ် တိုက်ခိုက်မယ့်လူတွေက အများကြီးစောင့်နေတဲ့ ဘဝမှာ ဂရုတစိုက်နဲ့ ကိုယ့်လမ်းကိုယ်လျှောက်ပါ ။

PStar

လမ္း . . .ဘ၀မွာ ဆက္ၿပီး ေလွ်ာက္ရမယ့္လမ္းေတြမေရာက္ခင္ ဒြိဟျဖစ္စရာ လမ္းေတြနဲ႔ အရင္ ႀကဳံရတတ္တယ္

ေ႐ြးခ်ယ္ၿပီးသြားရင္ ဘယ္ေလာက္ပဲ ဒဏ္ရာမ်ားမ်ား ဆက္ၿပီး ေလွ်ာက္ရမွာေတြႀကီးပဲေလ ကိုယ္ ေ႐ြးခ်ယ္ၿပီးသြားၿပီမလား ဆက္ၿပီးပဲ ေလွ်ာက္႐ုံေပါ့

တခ်ိဳ႕လမ္းေတြက ဘယ္ေလာက္မွားတယ္လို႔ပဲ ဆင္ျခင္မိဆင္ျခင္မိ ေနာက္ျပန္လွည့္ခြင့္မရွိေတာ့ဘူး ဒဏ္ရာ ဒဏ္ခ်က္ေတြနဲ႔ ဆက္ၿပီးေလွ်ာက္ရတာမ်ားတယ္

ဒါေၾကာင့္ လမ္းေတြေလွ်ာက္ရင္ ေ႐ြးခ်ယ္စရာေတြ ရွိလာတဲ့အခါ ႏွလုံးသားတစ္ခုတည္းနဲ႔ ဆုံးျဖတ္ဖို႔ မလုံေလာက္ဘူး ဦးေဏွာက္ေလးနဲ႔ပါ ေတြးေခၚသုံးသပ္ဖို႔လိုတယ္ေလ

ငါ့ေလွ ငါထိုး ပဲခူးေရာက္ေရာက္ ငါ့ျမင္းငါစိုင္း စစ္ကိုင္း​ေရာက္ေရာက္ဆိုသလိုမ်ိဳး ကိုယ္ေ႐ြးတဲ့လမ္း ကိုယ့္ဟာနဲ႔ကိုယ္ေလွ်ာက္မယ္ ဘာပဲျဖစ္ျဖစ္ ဂ႐ုမစိုက္နဲ႔ဆိုၿပီး လုပ္လို႔မရဘူးမဟုတ္ဘူး လုပ္လို႔ရပါတယ္

ဒါေပမယ့္ ကိုယ္ျဖစ္ရင္ ကိုယ္ပဲ ခံရတာ ေလာကမွာ ေရစက္ပါလို႔ပဲဆုံဆုံ ၀ဋ္ေႂကြးပါလို႔ပဲဆုံဆုံ တစ္ေန႔က်ရင္ ခြဲခြါရမယ္ဆိုတဲ့ ဓမၼတာကိုေတာ့ ေရွာင္လြဲလို႔မရဘူး

ကိုယ္တစ္ေယာက္တည္း က်န္ခ်င္က်န္ခဲ့လိမ့္မယ္ ဒါေပမယ့္ က်န္ခဲ့႐ုံ ခ်န္ခဲ့႐ုံနဲ႔ ရပ္တန္႔လိုက္လို႔မရဘူးေလ

ကိုယ့္လမ္းကိုယ္ ဆက္ၿပီးေလွ်ာက္ေနရမွာေလ ဘ၀မဆုံးမခ်င္း ကံမကုန္ခ်င္း ကိုယ္ေ႐ြးထားတဲ့လမ္းကို ကိုယ္ကိုယ္တိုင္ ဆက္ၿပီးေလွ်ာက္ေနရမွာပဲေလ

ဒါေၾကာင့္ လမ္းေတြ ေ႐ြးဖို႔ျဖစ္လာတဲ့အခါ အေ႐ြးမမွားေစနဲ႔ ခဏတျဖဳတ္ေလး ၾကည့္ၿပီး လြယ္လြယ္ေလး မဆုံးျဖတ္ပစ္လိုက္နဲ႔

အရာအားလုံးကို ေသခ်ာသုံးသပ္ၿပီးသြားေတာ့မွ ဆိုးတာေတြႀကီးပဲ ျဖစ္လာရင္ေတာင္ ခံႏိုင္ရည္ရွိတယ္ဆိုကာမွ ေ႐ြးခ်ယ္ေစခ်င္တယ္

ေနာင္တေတြနဲ႔ နာက်င္စရာေတြနဲ႔ ဆက္ၿပီးေလွ်ာက္ရတဲ့လမ္းေတြက ဘယ္ေလာက္အထိ ပင္ပန္းရလဲဆိုတာ မခံစားေစခ်င္ဘူးေလ ။

ၿပီး​ေတာ့ ကိုယ့္လမ္းကိုယ္ေလွ်ာက္ေနတာပဲ ဘယ္သူ႔ ဂ႐ုစိုက္စရာလိုလဲဆိုတာ တကယ္ေတာ့မွားတယ္ ကိုယ့္လမ္းကိုယ္ ေလွ်ာက္ေနတာမွန္ေပမယ့္

လမ္းခုလတ္မွာ ေျခထိုးခံမယ့္လူေတြ ရွိတယ္ ခလုတ္လာတိုက္မယ့္လူေတြ ရွိတယ္ အဲ့ဒီအခိုက္အတန္႔ေတြမွာ ကိုယ့္လမ္းကိုယ္ေလွ်ာက္ေနတာမွန္ေပမယ့္ ဂ႐ုစိုက္ရမယ္ေလ

အေနာက္ကေန ေဘးကေန သိသိသာသာပဲျဖစ္ျဖစ္ မသိမသာပဲျဖစ္ျဖစ္ တိုက္ခိုက္မယ့္လူေတြက အမ်ားႀကီးေစာင့္ေနတဲ့ ဘ၀မွာ ဂ႐ုတစိုက္နဲ႔ ကိုယ့္လမ္းကိုယ္ေလွ်ာက္ပါ ။

PStar