နောက်ဆုံးတော့ ကျွန်မ ပြောင်းလဲတတ်ခဲ့ပါပြီ ပြောင်းလဲနိုင်ခဲ့ပါပြီ

ကျွန်မ အရင်ကလိုမဟုတ်တော့ဘူးတဲ့ အရာရာပြောင်းလဲလာပြီလို့ ခေါင်းစဉ်တပ်ကြတယ် ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေကျ ဘယ်သူမှ မမေးကြဘူး ။

ဟုတ်ပါတယ် ကျွန်မ အရင်လို မဟုတ်တော့ဘူး . . .

ကိုယ့်အပေါ် အပေါ်ယံလေးပဲ ပေါင်းတတ်တဲ့လူတွေအပေါ် ကျွန်မ အပေါ်ယံလေးပဲ ပြန်ပြီး ဆက်ဆံတတ်နေပြီ ။

လူ့အကြောင်းပေါင်းဖူးမှ သိတာတဲ့ ကြာကြာပေါင်းလေ မကောင်းမှန်းပိုသိလာလေပဲ မကောင်းမှန်းသိလို့ မပေါင်းပဲနေလိုက်တာပါ ပြောင်းလဲလာတာမဟုတ်ဘူး စိတ်ဓာတ်မကောင်းလို့ ဝေးဝေးက ရှောင်လိုက်တဲ့သဘောပါပဲ

အချစ်နဲ့ပတ်သက်ပြီးလဲ အရမ်းကြီးမတွယ်တာ မမျှော်လင့်ထားမိတော့ဘူး အရမ်းကြီးမချစ်ပြတော့ဘူး အရင်ကလို ဘယ်သွားသွား ဘာလုပ်လုပ် နေရာတကာ ဝင်ဝင်မပါတော့ဘူး မချစ်တော့လို့မဟုတ်ဘူး အရင်တုန်းကလို မနာကျင်ချင်တော့တာပါ နဲနဲလေးဆင်ခြင်လိုက်ရုံပါ

ကိုယ့်အားနည်းချက်တွေ ဒဏ်ရာတွေ လူတကာကို လိုက်ပြဖြစ်တဲ့ အကျင့်လဲ မရှိတော့ပါဘူး အရင်တုန်းကဆို ကိုယ်ထိခိုက်နာကျင်ရတိုင်း ဖွင့်ပြောလိုက်ရမှ သက်တောင့်သက်သာရှိသွားတတ်တာလေ အဲ့လိုဖွင့်ပြောလိုက်ခြင်းက ပိုပြီးနာကျင်စရာကောင်းမှန်း တဖြေးဖြေးနားလည်သဘောပေါက်လာတာပါ လောကမှာ ဒဏ်ရာကိုဆေးကုပေးမယ့်ဆရာဝန်တွေထက် ဆားဖြူးမယ့်လူတွေ ပိုများမှန်း သိလာတာပါ

အရင်တုန်းကလို ကိုယ်ဒုက္ခဖြစ်တိုင်း ဘယ်သူ့လက်ကို ပြေးဆွဲရမလဲလို့ မတွေးတော့ဘူး ကိုယ်လဲကျသွားတဲ့အခါ ကိုယ်နာကျင်နေရတဲ့အခါ ကိုယ်ကိုယ်တိုင်ပဲ ထူမပြီး ကိုယ်ကိုယ်တိုင်ပဲ နှစ်သိမ့်တတ်နေပါပြီ

လူတွေ ပြောကြသလို ကျွန်မပြောင်းလဲလာတယ်ဆိုတာထက် နဲနဲလေးဆင်ခြင်လိုက်ရုံပါ အရာအားလုံးကို ရင်ဘတ်ထဲ ထည့်မထားတော့ဘူး ကိုယ့်ဘဝအတွက် တစ်ဖန်ပြန်တွေးပြီးတော့ ပေါ့ပေါ့ပါးပါးလေး နေထိုင်စပြုလာတာပါ

ကိုယ့်အတွက်အရေးမပါတဲ့လူတွေကို စိတ်ထဲ မထားတော့ဘူး အရာအားလုံးပြွတ်သိပ်ထည့်ထားတဲ့ နှလုံးသားက တဖြေးဖြေးပင်ပန်းလာလို နဲနဲပါးပါး လွတ်ချတတ်လာတာပါ

ကျွန်မ ပြောင်းလဲလာတယ်ဆိုတဲ့ ခေါင်းစဉ်တွေပဲ တပ်တယ် ဘာကြောင့်လဲလို့ ဘယ်သူမှ မေးခွန်းမထုတ်ကြဘူး သူတို့ကြောင့်ဆိုတဲ့ အဖြေကို သူတို့ကိုယ်တိုင် သိနှင့်ပြီးသားဖြစ်နေလို့နေမှာပါ နောက်ဆုံးတော့ ကျွန်မ ပြောင်းလဲတတ်ခဲ့ပါပြီ ပြောင်းလဲနိုင်ခဲ့ပါပြီ ။

သျှင်ယွန်း

ကြၽန္မ အရင္ကလိုမဟုတ္ေတာ့ဘူးတဲ့ အရာရာေျပာင္းလဲလာၿပီလို႔ ေခါင္းစဥ္တပ္ၾကတယ္ ဘာေၾကာင့္လဲဆိုတဲ့ ေမးခြန္းေတြက် ဘယ္သူမွ မေမးၾကဘူး ။

ဟုတ္ပါတယ္ ကြၽန္မ အရင္လို မဟုတ္ေတာ့ဘူး . . .

ကိုယ့္အေပၚ အေပၚယံေလးပဲ ေပါင္းတတ္တဲ့လူေတြအေပၚ ကြၽန္မ အေပၚယံေလးပဲ ျပန္ၿပီး ဆက္ဆံတတ္ေနၿပီ ။

လူ႔အေၾကာင္းေပါင္းဖူးမွ သိတာတဲ့ ၾကာၾကာေပါင္းေလ မေကာင္းမွန္းပိုသိလာေလပဲ မေကာင္းမွန္းသိလို႔ မေပါင္းပဲေနလိုက္တာပါ ေျပာင္းလဲလာတာမဟုတ္ဘူး စိတ္ဓာတ္မေကာင္းလို႔ ေဝးေဝးက ေရွာင္လိုက္တဲ့သေဘာပါပဲ

အခ်စ္နဲ႔ပတ္သက္ၿပီးလဲ အရမ္းႀကီးမတြယ္တာ မေမွ်ာ္လင့္ထားမိေတာ့ဘူး အရမ္းႀကီးမခ်စ္ျပေတာ့ဘူး အရင္ကလို ဘယ္သြားသြား ဘာလုပ္လုပ္ ေနရာတကာ ၀င္၀င္မပါေတာ့ဘူး မခ်စ္ေတာ့လို႔မဟုတ္ဘူး အရင္တုန္းကလို မနာက်င္ခ်င္ေတာ့တာပါ နဲနဲေလးဆင္ျခင္လိုက္႐ုံပါ

ကိုယ့္အားနည္းခ်က္ေတြ ဒဏ္ရာေတြ လူတကာကို လိုက္ျပျဖစ္တဲ့ အက်င့္လဲ မရွိေတာ့ပါဘူး အရင္တုန္းကဆို ကိုယ္ထိခိုက္နာက်င္ရတိုင္း ဖြင့္ေျပာလိုက္ရမွ သက္ေတာင့္သက္သာရွိသြားတတ္တာေလ အဲ့လိုဖြင့္ေျပာလိုက္ျခင္းက ပိုၿပီးနာက်င္စရာေကာင္းမွန္း တေျဖးေျဖးနားလည္သေဘာေပါက္လာတာပါ ေလာကမွာ ဒဏ္ရာကိုေဆးကုေပးမယ့္ဆရာ၀န္ေတြထက္ ဆားျဖဴးမယ့္လူေတြ ပိုမ်ားမွန္း သိလာတာပါ

အရင္တုန္းကလို ကိုယ္ဒုကၡျဖစ္တိုင္း ဘယ္သူ႔လက္ကို ေျပးဆြဲရမလဲလို႔ မေတြးေတာ့ဘူး ကိုယ္လဲက်သြားတဲ့အခါ ကိုယ္နာက်င္ေနရတဲ့အခါ ကိုယ္ကိုယ္တိုင္ပဲ ထူမၿပီး ကိုယ္ကိုယ္တိုင္ပဲ ႏွစ္သိမ့္တတ္ေနပါၿပီ

လူေတြ ေျပာၾကသလို ကြၽန္မေျပာင္းလဲလာတယ္ဆိုတာထက္ နဲနဲေလးဆင္ျခင္လိုက္႐ုံပါ အရာအားလုံးကို ရင္ဘတ္ထဲ ထည့္မထားေတာ့ဘူး ကိုယ့္ဘ၀အတြက္ တစ္ဖန္ျပန္ေတြးၿပီးေတာ့ ေပါ့ေပါ့ပါးပါးေလး ေနထိုင္စျပဳလာတာပါ

ကိုယ့္အတြက္အေရးမပါတဲ့လူေတြကို စိတ္ထဲ မထားေတာ့ဘူး အရာအားလုံးႁပြတ္သိပ္ထည့္ထားတဲ့ ႏွလုံးသားက တေျဖးေျဖးပင္ပန္းလာလို နဲနဲပါးပါး လြတ္ခ်တတ္လာတာပါ

ကြၽန္မ ေျပာင္းလဲလာတယ္ဆိုတဲ့ ေခါင္းစဥ္ေတြပဲ တပ္တယ္ ဘာေၾကာင့္လဲလို႔ ဘယ္သူမွ ေမးခြန္းမထုတ္ၾကဘူး သူတို႔ေၾကာင့္ဆိုတဲ့ အေျဖကို သူတို႔ကိုယ္တိုင္ သိႏွင့္ၿပီးသားျဖစ္ေနလို႔ေနမွာပါ ေနာက္ဆုံးေတာ့ ကြၽန္မ ေျပာင္းလဲတတ္ခဲ့ပါၿပီ ေျပာင္းလဲႏိုင္ခဲ့ပါၿပီ ။

သွ်င္ယြန္း