တကယ်တော့ ဘဝနာပါဆိုတာ

ဘဝနာပါဆိုတာ ကိုယ့်ဘဝကိုယ် မကျေမနပ်တွေ ဖြစ်နေခိုင်းတာမဟုတ်ဘူး တကယ်တော့ ဘဝနာပါဆိုတာ အတိတ်မှာ ကိုယ့်ဘ၀ မကောင်းခဲ့တဲ့အရာတွေကို နောက်ထပ်မဖြစ်ချင်တော့အောင် နာနေခိုင်းတာ ။9

ဘဝနာတတ်ဖို့ဆိုရင် နာကျင်စရာကောင်းတယ် အတိတ်တွေ အများကြီးလိုပါတယ် မွေးကတည်းက မပြည့်စုံခဲ့တာတွေ လိုတိုင်းမရခဲ့တာတွေ ငေးကြည့်ခဲ့ရတာတွေ အများကြီးပါ

ဒါပေမယ့် ဘယ်လိုမွေးဖွားလာသလဲဆိုတာ သင့်မိဘတွေနဲ့ ဆိုင်ပါတယ် ဘယ်လို သေဆုံးသွားသလဲဆိုတာတော့ သင်ကိုယ်တိုင်နဲ့ပဲ ဆိုင်တယ် ဒါကြောင့် ဘဝကို နာတတ်ပါစေ

ဟိုးကလေးဘဝကို ပြန်တွေးကြည့်ကြည့် အရာရာ ပြည့်စုံခဲ့ဖူးရဲ့လား တစ်ခုခုကို လိုအပ်နေတဲ့အခါတောင် ကိုယ့်အိမ်အကြောင်းကိုယ်သိလို့ ပြောရခက်ခဲ့တဲ့ ရက်တွေအကြောင်းကို သေချာပြန်တွေးကြည့်ကြည့်ပါ

ပြီးတော့ ငေးကြည့်ခဲ့ဖူးတဲ့ရက်တွေအကြောင်းလဲ ပြန်ပြီးတွေးကြည့်ပါ လိုချင်နေတာမှန်ပေမယ့် မတတ်နိုင်ခဲ့လို့ ငေးကြည့်ခဲ့တဲ့ရက်တွေ ရှိခဲ့ဖူးတယ် မဟုတ်လား

ဘဝနာပါဆိုတာ အဲ့လိုဘဝမျိုးကို နောက်ထပ် ထပ်ပြီးမသွားချင်တော့လောက်အောင် နာသွားစေချင်တာ ။ကိုယ့်ဘဝကိုယ် စိတ်နာပြီး မပျော်မရွှင်ဖြစ်နေတာမျိုးမဟုတ်ဘူးလေ

ကိုယ့်အတွက်မဟုတ်ရင်တောင် တစ်ချိန် ချိန် အိမ်ထောင်တွေကျပြီး ကလေးတွေရလာတဲ့အခါ ကိုယ်နေခဲ့ရတဲ့ဘဝလိုမျိုးမဟုတ်ပဲ ကိုယ်နေချင်ခဲ့တဲ့ ဘဝတစ်ခု ပေးနိုင်ဖို့ အများကြီး ကြိုးစားဖို့လိုတယ်လေ

အဖေ နဲ့ အမေဆိုတာ မွေးခဲ့ရုံ ကျွေးခဲ့ရုံနဲ့ ကျေးဇူးအနန္တထိုက်နေပြီးသားပါ အပြစ်မမြင်နဲ့ ကိုယ့်ကံနဲ့ကိုယ်လာတယ်လို့ပဲမြင်ပါတယ် ကိုယ့်ဘဝကိုကိုယ် ရောင့်ရဲတင်းတိမ်ပါ ဒါပေမယ့် အဆက်မပြတ် ကြိုးစားပြီး အမြင့်ကိုပဲ တက်ပါ

တချို့က ဘဝနာတယ် နာတယ်နဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနေကြတာတွေများတယ် ငါ့ဘဝကြီးကိုက မွေးကတည်းက ဒီလိုဖြစ်လာတာဆိုပြီး စိတ်ဓာတ်တွေကျနေတတ်တယ် ကိုယ့်မိဘကို ဒါမှမဟုတ် ကိုယ့်ကိုကိုယ်ပဲ အပြစ်တွေတင်နေတတ်တာ

အဲ့တာ ဘဝနာတာမဟုတ်ဘူး အဲ့တာ … ကိုယ့်ကိုကိုယ် ဖျက်ဆီးနေတာ တကယ် ဘဝနာပါတယ်ဆိုရင် အဲ့လိုဘဝမျိုး ထပ်မဖြစ်အောင် ကိုယ်က ကြိုးစားရုန်းကန်နေရမှာလေ သူများတွေက လွယ်လွယ်လေးနဲ့ ငွေလမ်းခင်းပြီးလျှောက်တဲ့လမ်းကို မမက်မောနဲ့ ငေးကြည့်မနေနဲ့

ကိုယ့်ဘဝပေးကုသိုလ်ကံကိုက သူများတွေထက် နှစ်ဆလောက်ကြိုးစားမှ တန်းတူရောက်မယ်ဆိုရင် နှစ်ဆကြိုးစားပါ

နောက်ထပ် အဲ့လို နုံခြာပြီးပျော်စရာမကောင်းတဲ့ဘဝကို ထပ်ပြီးပြန်မသွားချင်နဲ့တော့ ။ကိုယ့်ကလေးတွေအလှည့်ရောက်တဲ့အခါ ကိုယ်ဖြစ်ချင်ခဲ့တဲ့အိပ်မက်တွေကို တဖန်ပြန်ပြီးမက်ခွင့်ရတဲ့ မိဘတွေ ဖြစ်အောင် ကြိုးစားပါ ။ဘဝကို တကယ်နာတတ်တဲ့လူတွေက အမြင့်ကို မရောက်ရောက်အောင်တက်တယ် ။

PStar

ဘ၀နာပါဆိုတာ ကိုယ့္ဘ၀ကိုယ္ မေက်မနပ္ေတြ ျဖစ္ေနခိုင္းတာမဟုတ္ဘူး တကယ္ေတာ့ ဘ၀နာပါဆိုတာ အတိတ္မွာ ကိုယ့္ဘ၀ မေကာင္းခဲ့တဲ့အရာေတြကို ေနာက္ထပ္မျဖစ္ခ်င္ေတာ့ေအာင္ နာေနခိုင္းတာ ။9

ဘ၀နာတတ္ဖို႔ဆိုရင္ နာက်င္စရာေကာင္းတယ္ အတိတ္ေတြ အမ်ားႀကီးလိုပါတယ္ ေမြးကတည္းက မျပည့္စုံခဲ့တာေတြ လိုတိုင္းမရခဲ့တာေတြ ေငးၾကည့္ခဲ့ရတာေတြ အမ်ားႀကီးပါ

ဒါေပမယ့္ ဘယ္လိုေမြးဖြားလာသလဲဆိုတာ သင့္မိဘေတြနဲ႔ ဆိုင္ပါတယ္ ဘယ္လို ေသဆုံးသြားသလဲဆိုတာေတာ့ သင္ကိုယ္တိုင္နဲ႔ပဲ ဆိုင္တယ္ ဒါေၾကာင့္ ဘ၀ကို နာတတ္ပါေစ

ဟိုးကေလးဘ၀ကို ျပန္ေတြးၾကည့္ၾကည့္ အရာရာ ျပည့္စုံခဲ့ဖူးရဲ႕လား တစ္ခုခုကို လိုအပ္ေနတဲ့အခါေတာင္ ကိုယ့္အိမ္အေၾကာင္းကိုယ္သိလို႔ ေျပာရခက္ခဲ့တဲ့ ရက္ေတြအေၾကာင္းကို ေသခ်ာျပန္ေတြးၾကည့္ၾကည့္ပါ

ၿပီးေတာ့ ေငးၾကည့္ခဲ့ဖူးတဲ့ရက္ေတြအေၾကာင္းလဲ ျပန္ၿပီးေတြးၾကည့္ပါ လိုခ်င္ေနတာမွန္ေပမယ့္ မတတ္ႏိုင္ခဲ့လို႔ ေငးၾကည့္ခဲ့တဲ့ရက္ေတြ ရွိခဲ့ဖူးတယ္ မဟုတ္လား

ဘ၀နာပါဆိုတာ အဲ့လိုဘ၀မ်ိဳးကို ေနာက္ထပ္ ထပ္ၿပီးမသြားခ်င္ေတာ့ေလာက္ေအာင္ နာသြားေစခ်င္တာ ။ကိုယ့္ဘ၀ကိုယ္ စိတ္နာၿပီး မေပ်ာ္မ႐ႊင္ျဖစ္ေနတာမ်ိဳးမဟုတ္ဘူးေလ

ကိုယ့္အတြက္မဟုတ္ရင္ေတာင္ တစ္ခ်ိန္ ခ်ိန္ အိမ္ေထာင္ေတြက်ၿပီး ကေလးေတြရလာတဲ့အခါ ကိုယ္ေနခဲ့ရတဲ့ဘ၀လိုမ်ိဳးမဟုတ္ပဲ ကိုယ္ေနခ်င္ခဲ့တဲ့ ဘ၀တစ္ခု ေပးႏိုင္ဖို႔ အမ်ားႀကီး ႀကိဳးစားဖို႔လိုတယ္ေလ

အေဖ နဲ႔ အေမဆိုတာ ေမြးခဲ့႐ုံ ေကြၽးခဲ့႐ုံနဲ႔ ေက်းဇူးအနႏၲထိုက္ေနၿပီးသားပါ အျပစ္မျမင္နဲ႔ ကိုယ့္ကံနဲ႔ကိုယ္လာတယ္လို႔ပဲျမင္ပါတယ္ ကိုယ့္ဘ၀ကိုကိုယ္ ေရာင့္ရဲတင္းတိမ္ပါ ဒါေပမယ့္ အဆက္မျပတ္ ႀကိဳးစားၿပီး အျမင့္ကိုပဲ တက္ပါ

တခ်ိဳ႕က ဘ၀နာတယ္ နာတယ္နဲ႔ ကိုယ့္ကိုယ္ကိုယ္ ဖ်က္ဆီးေနၾကတာေတြမ်ားတယ္ ငါ့ဘ၀ႀကီးကိုက ေမြးကတည္းက ဒီလိုျဖစ္လာတာဆိုၿပီး စိတ္ဓာတ္ေတြက်ေနတတ္တယ္ ကိုယ့္မိဘကို ဒါမွမဟုတ္ ကိုယ့္ကိုကိုယ္ပဲ အျပစ္ေတြတင္ေနတတ္တာ

အဲ့တာ ဘ၀နာတာမဟုတ္ဘူး အဲ့တာ … ကိုယ့္ကိုကိုယ္ ဖ်က္ဆီးေနတာ တကယ္ ဘ၀နာပါတယ္ဆိုရင္ အဲ့လိုဘ၀မ်ိဳး ထပ္မျဖစ္ေအာင္ ကိုယ္က ႀကိဳးစား႐ုန္းကန္ေနရမွာေလ သူမ်ားေတြက လြယ္လြယ္ေလးနဲ႔ ေငြလမ္းခင္းၿပီးေလွ်ာက္တဲ့လမ္းကို မမက္ေမာနဲ႔ ေငးၾကည့္မေနနဲ႔

ကိုယ့္ဘ၀ေပးကုသိုလ္ကံကိုက သူမ်ားေတြထက္ ႏွစ္ဆေလာက္ႀကိဳးစားမွ တန္းတူေရာက္မယ္ဆိုရင္ ႏွစ္ဆႀကိဳးစားပါ

ေနာက္ထပ္ အဲ့လို ႏုံျခာၿပီး​ေပ်ာ္စရာမေကာင္းတဲ့ဘ၀ကို ထပ္ၿပီးျပန္မသြားခ်င္နဲ႔ေတာ့ ။ကိုယ့္ကေလးေတြအလွည့္ေရာက္တဲ့အခါ ကိုယ္ျဖစ္ခ်င္ခဲ့တဲ့အိပ္မက္ေတြကို တဖန္ျပန္ၿပီးမက္ခြင့္ရတဲ့ မိဘေတြ ျဖစ္ေအာင္ ႀကိဳးစားပါ ။ဘ၀ကို တကယ္နာတတ္တဲ့လူေတြက အျမင့္ကို မေရာက္ေရာက္ေအာင္တက္တယ္ ။

PStar