မကူညီချင်နေပါ ကျေးဇူးပြုပြီးတော့ မနှောင့်ယှက်ပါနဲ့

ကျွန်မ အစစအရာရာ ပြီးပြည့်စုံနေတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် အကောင်းဆုံးကြိုးစားနေတဲ့ လူတစ်ယောက်ပါ

မကူညီချင်နေ မနှောင့်ယှက်ပါနဲ့ ဆိုတဲ့စကားကို ကြားဖူးတယ်မဟုတ်ဘူး အပြစ်တွေ ရှိလာတဲ့အခါ ထောက်ပြသလိုလို ဒေါက်ဖြုတ်ချချင်နေတာကိုလဲ သိပါတယ် အပြစ်ကို ထောက်မပြချင်နေပါ လူကြားသူကြား ငါတတ်ကြီးလုပ်ပြီး ခဏခဏ ကိုယ်ထင်မပြပါနဲ့

အမှားနဲ့ မကင်းတဲ့လူတွေကြားက လူသားတစ်ဦးပါပဲ အစစအရာရာ ပြီးပြည့်စုံတယ်လို့ ဘယ်သူများ ရှိလို့လဲ အားနည်းချက်တွေ အားသာချက်တွေနဲ့ပဲလေ တချို့အားနည်းချက်တွေက သိသာနေတာပဲရှိတာပါ လူတိုင်းမှာ အားနည်းချက်တွေ မရှိတာမဟုတ်ဘူးမသိသာတာပဲ ရှိတယ်

ကိုယ့်လမ်းကိုယ်လျှောက်နေတာပါ အတူတူလျှောက်မှ အနောက်က လျှောက်မှ အရှေ့က လျှောက်မှ မဟုတ်ဘူး ကိုယ့်လမ်းကိုယ်ပဲ လျှောက်နေတာပါ လမ်းပိတ်မရပ်ပါနဲ့ ခြေထိုးမခံနဲ့ အနောက်ကနေ တွန်းတိုက်ပြီးမချပါနဲ့ ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်တန်းတန်းလေးပဲ လျှောက်ချင်ရုံပါ ။

ကျွန်မက ကောင်းပါတယ်လို့ ဆိုလိုတာ မဟုတ်ဘူး ကျွန်မမှာ မကောင်းကွက်တွေ ရှိပါတယ် ဒါပေမယ့် မကောင်းပဲ မြင်တတ် ပြောတတ်တဲ့ ပတ်ဝန်းကျင်အတွက်တော့ ကျွန်မက တစ်စက်မှ ကောင်းမှာ မဟုတ်ဘူးလေ သုံးလောကထွတ်ထား သဗ္ဗေညု မြတ်စွာဘုရားတောင် အပြောလွတ်ခဲ့တာမှ မဟုတ်ပဲ ကျွန်မက သာမန်မိန်းမသားလေ ဘယ်လိုလုပ် လက်ညိုးထိုးလွတ်ပါ့မလဲ

မတစ်ထောင်ကြားမှာ အပြောလွတ်အောင်နေဖို့ထက် ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့ကိုပဲ ရွေးပါတယ် တစ်ခါတစ်လေ မကြားချင်ယောင် ဆောင်လိုက်တယ် တစ်ခါတစ်လေ မသိချင်ယောင် ဆောင်လိုက်တယ် လိုက်ပြီး ရှင်းပြနေလဲ အချိန်ကုန် လူပဲပင်ပန်းသွားမှာ အကောင်းမမြင်တဲ့လူက အကောင်းလို့ ထင်လာမှာမဟုတ်ဘူး

ပြီးစုံမှုဆိုတာ ဘယ်သူ့မှာမှ မရှိနိုင်ပါဘူး လုံး၀ အပြစ်အနာအဆာကင်းပြီး အရမ်းကို ကောင်းလွန်းနေရင် အဲ့တာ အတုအယောင်ဖြစ်ဖို့ ပိုပြီးများပါတယ် ကျွန်မလဲ ပြီးပြည့်စုံနေတဲ့လူ တစ်ယောက်မဟုတ်ဘူး ဒါပေမယ့် အကောင်းဆုံး ကြိုးစားနေပါတယ် ဒါကြောင့် မကူညီချင်နေပါ ကျေးဇူးပြုပြီးတော့ မနှောင့်ယှက်ပါနဲ့ ။

Zuu

ကြၽန္မ အစစအရာရာ ၿပီးျပည့္စုံေနတဲ့ လူတစ္ေယာက္ေတာ့ မဟုတ္ဘူးေပါ့ ။ ဒါေပမယ့္ အေကာင္းဆုံးႀကိဳးစားေနတဲ့ လူတစ္ေယာက္ပါ

မကူညီခ်င္ေန မေႏွာင့္ယွက္ပါနဲ႔ ဆိုတဲ့စကားကို ၾကားဖူးတယ္မဟုတ္ဘူး အျပစ္ေတြ ရွိလာတဲ့အခါ ေထာက္ျပသလိုလို ေဒါက္ျဖဳတ္ခ်ခ်င္ေနတာကိုလဲ သိပါတယ္ အျပစ္ကို ေထာက္မျပခ်င္ေနပါ လူၾကားသူၾကား ငါတတ္ႀကီးလုပ္ၿပီး ခဏခဏ ကိုယ္ထင္မျပပါနဲ႔

အမွားနဲ႔ မကင္းတဲ့လူေတြၾကားက လူသားတစ္ဦးပါပဲ အစစအရာရာ ၿပီးျပည့္စုံတယ္လို႔ ဘယ္သူမ်ား ရွိလို႔လဲ အားနည္းခ်က္ေတြ အားသာခ်က္ေတြနဲ႔ပဲေလ တခ်ိဳ႕အားနည္းခ်က္ေတြက သိသာေနတာပဲရွိတာပါ လူတိုင္းမွာ အားနည္းခ်က္ေတြ မရွိတာမဟုတ္ဘူးမသိသာတာပဲ ရွိတယ္

ကိုယ့္လမ္းကိုယ္ေလွ်ာက္ေနတာပါ အတူတူေလွ်ာက္မွ အေနာက္က ေလွ်ာက္မွ အေရွ႕က ေလွ်ာက္မွ မဟုတ္ဘူး ကိုယ့္လမ္းကိုယ္ပဲ ေလွ်ာက္ေနတာပါ ​လမ္းပိတ္မရပ္ပါနဲ႔ ေျခထိုးမခံနဲ႔ အေနာက္ကေန တြန္းတိုက္ၿပီးမခ်ပါနဲ႔ ကိုယ့္လမ္းကိုယ္ ေျဖာင့္ေျဖာင့္တန္းတန္းေလးပဲ ေလွ်ာက္ခ်င္႐ုံပါ ။

ကြၽန္မက ေကာင္းပါတယ္လို႔ ဆိုလိုတာ မဟုတ္ဘူး ကြၽန္မမွာ မေကာင္းကြက္ေတြ ရွိပါတယ္ ဒါေပမယ့္ မေကာင္းပဲ ျမင္တတ္ ေျပာတတ္တဲ့ ပတ္၀န္းက်င္အတြက္ေတာ့ ကြၽန္မက တစ္စက္မွ ေကာင္းမွာ မဟုတ္ဘူးေလ သုံးေလာကထြတ္ထား သေဗၺညဳ ျမတ္စြာဘုရားေတာင္ အေျပာလြတ္ခဲ့တာမွ မဟုတ္ပဲ ကြၽန္မက သာမန္မိန္းမသားေလ ဘယ္လိုလုပ္ လက္ညိဳးထိုးလြတ္ပါ့မလဲ

မတစ္ေထာင္ၾကားမွာ အေျပာလြတ္ေအာင္ေနဖို႔ထက္ ကိုယ့္လမ္းကိုယ္ဆက္ေလွ်ာက္ဖို႔ကိုပဲ ေ႐ြးပါတယ္ တစ္ခါတစ္ေလ မၾကားခ်င္ေယာင္ ေဆာင္လိုက္တယ္ တစ္ခါတစ္ေလ မသိခ်င္ေယာင္ ေဆာင္လိုက္တယ္ လိုက္ၿပီး ရွင္းျပေနလဲ အခ်ိန္ကုန္ လူပဲပင္ပန္းသြားမွာ အေကာင္းမျမင္တဲ့လူက အေကာင္းလို႔ ထင္လာမွာမဟုတ္ဘူး

ၿပီးစုံမႈဆိုတာ ဘယ္သူ႔မွာမွ မရွိႏိုင္ပါဘူး လုံး၀ အျပစ္အနာအဆာကင္းၿပီး အရမ္းကို ​ေကာင္းလြန္းေနရင္ အဲ့တာ အတုအေယာင္ျဖစ္ဖို႔ ပိုၿပီးမ်ားပါတယ္ ကြၽန္မလဲ ၿပီးျပည့္စုံေနတဲ့လူ တစ္ေယာက္မဟုတ္ဘူး ဒါေပမယ့္ အ​ေကာင္းဆုံး ႀကိဳးစားေနပါတယ္ ဒါေၾကာင့္ မကူညီခ်င္ေနပါ ေက်းဇူးျပဳၿပီးေတာ့ မေႏွာင့္ယွက္ပါနဲ႔ ။

Zuu