နေဝင်ချိန်လေးတော့ အေးအေးသက်သာလေး ဖြတ်သန်းသွားချင်တယ် တစ်နည်းအားဖြင့် အိုဇာတာကောင်းချင်တယ်

မွေးဖွားလာတဲ့ကံ မကောင်းချင်နေပါ အိုဇာတာတော့ ကောင်းချင်တယ် အိုဇာတာတဲ့ ကိုယ်အိုသွားတဲ့အခါ ကိုယ်နာသွားတဲ့အခါ နောက်ဆုံးနေဝင်ချိန်တွေကို အပြုံးလေးနဲ့ ထွက်ခွါသွားချင်တယ်လေ

အိုဇာတာကောင်းဖို့ဆိုရင် ငါမှန်တယ်ဆိုတဲ့ အတ္တတွေ လျော့သင့်တန်သလောက် လျော့သင့်တယ် ငါဆိုတဲ့ အတ္တတွေကြီးနေတဲ့လူက အသက်ကြီးလာတဲ့အခါ တစ်ယောက်တည်း အထီးကျန်ရတတ်တယ်လေ

ပေးတတ်ကမ်းတတ်တဲ့လက်တစ်စုံလဲ လိုပါတယ် . . .ဒီနေ့မှာမျိုးစေ့မချခဲ့ရင် နောင်တစ်ချိန်မှာ အပင်ပေါက်လာစရာအကြောင်းမရှိဘူးလေ တစ်ခါတစ်လေ မျိုးစေ့တွေ ချခဲ့ရင်တောင် အပင်ပေါက်ချင်မှ ပေါက်တတ်တာလေ

သွားနိုင်လာနိုင်တုန်းမှာ ရှာနိုင်ဖွေနိုင်တုန်းမှာ ငါဆိုတဲ့မာနကြီးနဲ့ နေချင်နေလို့ရတယ် တစ်ကောင်တည်းခြင်္သေ့ဆိုပြီးလဲ လုပ်ချင်လုပ်လို့ရတယ် ဒါပေမယ့် အသက်တွေကြီးလာတဲ့အခါ စိတ်သာရှိပြီ ကိုယ်မပါတဲ့အချိန်တွေ ရောက်တဲ့အခါ နောင်တတွေ ရလာတတ်တယ်

ပြီးတော့ အိုဇာတာကောင်းဖို့ဆိုတာ ကိုယ့်ကံချည်းပဲနဲ့လည်း မဆိုင်ပါဘူး ကိုယ်လုပ်ရပ်တွေနဲ့ဆိုင်တာပါ အိုမင်းသွားရမှာချင်းအတူတူ နေဝင်ချိန်တွေချင်း မတူကြတာ ကံချင်းမတူလို့ ဒါမှမဟုတ် လုပ်ရပ်ချင်းမတူကြလို့ပါ

ဘေးနားမှာရှိနေမယ့်လက်တွဲဖော်ဆိုတာကလဲ ကံစမ်းမဲနှိုက်ရသလိုပါပဲ ဆိုးခြင်းကောင်းခြင်းတွေဆိုတာ အချိန်ကြာလာတာနဲ့အမျှပိုပြီး သိလာရတာလေ အိမ်ထောင်ရေးကံ ပြီးတော့ သားသမီးကံ အများကြီးပါ

ဒါကြောင့် ဘယ်လောက်ပဲ ဒီချိန်မှာ ရှာနိုင်ဖွေနိုင်ပါစေ အိုစာမင်းစာဆိုတာလေးကို မေ့မထားနဲ့ ကိုယ်ပေးနိုင်ကမ်းနိုင်တုန်းက လူတိုင်းက အနားမှာ ကပ်နေကြမှာပဲ ကိုယ် ဘာမှ မပေးနိုင်တော့တဲ့အခါ တစ်ယောက်တည်းကျန်ခဲ့တတ်တာလေ

လူဆိုတာက အသက်ကြီးလာတာနဲ့အမျှ အဖော်ကိုပိုပြီးရှာလာတတ်တယ် စကားတွေပြောပေးမယ့်အဖော်ဆိုတာထက် ကိုယ်ပြောနေတဲ့စကားတွေကို ဂရုတစိုက်နဲ့နားထောင်ပေးမယ့်အဖော်ကို ပိုပြီးလိုချင်ကြတာလေ

ပြီးတော့ အသက်ကြီးလာတာနဲ့အမျှ ကလေးပိုပြီးဆန်လာတတ်ကြတယ် ကိုယ့်အပေါ်ဂရုစိုက်တာတွေ ကြင်နာတာတွေကို ပိုပြီး မက်မောလာတတ်ကြတာလေ

အိုဇာတာ တဲ့ တစ်ကောင်တည်း ခြင်္သေ့ဆိုပြီး ဘယ်လောက်ပဲ မာန်တွေတင်းထားတင်းထား တစ်နေ့ ကိုယ်အိုသွားတဲ့အခါ တစ်နေ့ နာလာရတဲ့အခါ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့တဲ့အခါ ကိုယ့်ကို နားလည်ပေးနိုင်တဲ့ လူတစ်ယောက်ရှိနေတာကိုက အိုဇာတာကောင်းတာပါ

အူဝဲဆိုပြီး ငိုပြီး စလာရတဲ့ဘဝမှာ နေဝင်ချိန်လေးတော့ အေးအေးသက်သာလေး ဖြတ်သန်းသွားချင်တယ် တစ်နည်းအားဖြင့် အိုဇာတာကောင်းချင်တယ် ။

Zuu

ေမြးဖြားလာတဲ့ကံ မေကာင္းခ်င္ေနပါ အိုဇာတာေတာ့ ေကာင္းခ်င္တယ္ အိုဇာတာတဲ့ ကိုယ္အိုသြားတဲ့အခါ ကိုယ္နာသြားတဲ့အခါ ေနာက္ဆုံးေန၀င္ခ်ိန္ေတြကို အၿပဳံးေလးနဲ႔ ထြက္ခြါသြားခ်င္တယ္ေလ

အိုဇာတာေကာင္းဖို႔ဆိုရင္ ငါမွန္တယ္ဆိုတဲ့ အတၱေတြ ေလ်ာ့သင့္တန္သေလာက္ ေလ်ာ့သင့္တယ္ ငါဆိုတဲ့ အတၱေတြႀကီးေနတဲ့လူက အသက္ႀကီးလာတဲ့အခါ တစ္ေယာက္တည္း အထီးက်န္ရတတ္တယ္ေလ

ေပးတတ္ကမ္းတတ္တဲ့လက္တစ္စုံလဲ လိုပါတယ္ . . .ဒီေန႔မွာမ်ိဳးေစ့မခ်ခဲ့ရင္ ေနာင္တစ္ခ်ိန္မွာ အပင္ေပါက္လာစရာအေၾကာင္းမရွိဘူးေလ တစ္ခါတစ္ေလ မ်ိဳးေစ့ေတြ ခ်ခဲ့ရင္ေတာင္ အပင္ေပါက္ခ်င္မွ ေပါက္တတ္တာေလ

သြားႏိုင္လာႏိုင္တုန္းမွာ ရွာႏိုင္ေဖြႏိုင္တုန္းမွာ ငါဆိုတဲ့မာနႀကီးနဲ႔ ေနခ်င္ေနလို႔ရတယ္ တစ္ေကာင္တည္းျခေသၤ့ဆိုၿပီးလဲ လုပ္ခ်င္လုပ္လို႔ရတယ္ ဒါေပမယ့္ အသက္ေတြႀကီးလာတဲ့အခါ စိတ္သာရွိၿပီ ကိုယ္မပါတဲ့အခ်ိန္ေတြ ေရာက္တဲ့အခါ ေနာင္တေတြ ရလာတတ္တယ္

ၿပီးေတာ့ အိုဇာတာေကာင္းဖို႔ဆိုတာ ကိုယ့္ကံခ်ည္းပဲနဲ႔လည္း မဆိုင္ပါဘူး ကိုယ္လုပ္ရပ္ေတြနဲ႔ဆိုင္တာပါ အိုမင္းသြားရမွာခ်င္းအတူတူ ေန၀င္ခ်ိန္ေတြခ်င္း မတူၾကတာ ကံခ်င္းမတူလို႔ ဒါမွမဟုတ္ လုပ္ရပ္ခ်င္းမတူၾကလို႔ပါ

ေဘးနားမွာရွိေနမယ့္လက္တြဲေဖာ္ဆိုတာကလဲ ကံစမ္းမဲႏႈိက္ရသလိုပါပဲ ဆိုးျခင္းေကာင္းျခင္းေတြဆိုတာ အခ်ိန္ၾကာလာတာနဲ႔အမွ်ပိုၿပီး သိလာရတာေလ အိမ္ေထာင္ေရးကံ ၿပီးေတာ့ သားသမီးကံ အမ်ားႀကီးပါ

ဒါေၾကာင့္ ဘယ္ေလာက္ပဲ ဒီခ်ိန္မွာ ရွာႏိုင္ေဖြႏိုင္ပါေစ အိုစာမင္းစာဆိုတာေလးကို ေမ့မထားနဲ႔ ကိုယ္ေပးႏိုင္ကမ္းႏိုင္တုန္းက လူတိုင္းက အနားမွာ ကပ္ေနၾကမွာပဲ ကိုယ္ ဘာမွ မေပးႏိုင္ေတာ့တဲ့အခါ တစ္ေယာက္တည္းက်န္ခဲ့တတ္တာေလ

လူဆိုတာက အသက္ႀကီးလာတာနဲ႔အမွ် အေဖာ္ကိုပိုၿပီးရွာလာတတ္တယ္ စကားေတြေျပာေပးမယ့္အေဖာ္ဆိုတာထက္ ကိုယ္ေျပာေနတဲ့စကားေတြကို ဂ႐ုတစိုက္နဲ႔နားေထာင္ေပးမယ့္အေဖာ္ကို ပိုၿပီးလိုခ်င္ၾကတာေလ

ၿပီးေတာ့ အသက္ႀကီးလာတာနဲ႔အမွ် ကေလးပိုၿပီးဆန္လာတတ္ၾကတယ္ ကိုယ့္အေပၚဂ႐ုစိုက္တာေတြ ၾကင္နာတာေတြကို ပိုၿပီး မက္ေမာလာတတ္ၾကတာေလ

အိုဇာတာ တဲ့ တစ္ေကာင္တည္း ျခေသၤ့ဆိုၿပီး ဘယ္ေလာက္ပဲ မာန္ေတြတင္းထားတင္းထား တစ္ေန႔ ကိုယ္အိုသြားတဲ့အခါ တစ္ေန႔ နာလာရတဲ့အခါ စိတ္သြားတိုင္း ကိုယ္မပါႏိုင္ေတာ့တဲ့အခါ ကိုယ့္ကို နားလည္ေပးႏိုင္တဲ့ လူတစ္ေယာက္ရွိေနတာကိုက အိုဇာတာေကာင္းတာပါ

အူဝဲဆိုၿပီး ငိုၿပီး စလာရတဲ့ဘ၀မွာ ေန၀င္ခ်ိန္ေလးေတာ့ ေအးေအးသက္သာေလး ျဖတ္သန္းသြားခ်င္တယ္ တစ္နည္းအားျဖင့္ အိုဇာတာေကာင္းခ်င္တယ္ ။

Zuu