” မိမိစိတ်ကို ထိန်းသိမ်းနည်း “

လောကမှာ လူတွေဟာ အချင်းချင်း ဆက်ဆံနေကြတဲ့အခါမှာ

– မဟုတ်မမှန်တာတွေ ပြောတာတွေ

– ရိုင်းရိုင်းပြပြ ပြောတာတွေ

– ကျိုးကြောင်းစီလျော်မှုမရှိဘဲ ပြောတာတွေ ကြုံတွေ့နိုင်တယ်။

အဲလိုစကားတွေ ကြားလာခဲ့ရင် –

မြတ်စွာဘုရားက ကျင့်စဉ်လေးပေးထားတယ် ။

“န စေဝ မေ စိတ္တံ ဝိပရိဏတံ ဘဝိဿတိ ”

ငါ့စိတ်က အပြောင်းအလဲမဖြစ်စေရဘူး လို့အဲဒီလို စိတ်မဆိုးနဲ့တဲ့။

ပင်ကိုယ်စိတ်ကလေးကရုပ်ပျက်ဆင်းပျက် ဖြစ်မသွားစေနဲ့ ။

– ဒေါသစိတ် မဖြစ်ပေါ်နဲ့ ။

– စိတ်ဓါတ် မပြောင်းလဲသွားစေနဲ့တဲ့ ။

– အပြောမခံရခင်က စိတ်ကတစ်မျိုး , အပြောခံရတဲ့အခါမှာစိတ်က တစ်မျိုး အဲဒီလို မပြောင်းလဲသွားစေနဲ့ တဲ့ ။

အပြောမခံလိုက်ရခင်က စိတ်မျိုးကို ထိန်းထားပါတဲ့ ။

မျက်နှာကြော တင်းသွားတာတို့ ၊ဒေါသနဲ့ ပြန်ပြောမိတာတို့ ဖြစ်တတ်ပါတယ် ။

အဲဒီလို စိတ်ပြောင်းလဲမသွားအောင်ထိန်းပါ တဲ့ ။

တရားကျင့်တယ် ဆိုတာလဲ ဒါပါပဲ ။

တရားကျင့်တယ် ဆိုတာ အများက ” တင်ပလ္လင်ခွေ ထိုင်ပြီး မျက်စိကို စုံမှိတ်ထားတာ အဲဒီလိုမျိုး ထိုင်မှ တရားကျင့်တယ် , တရား အားထုတ်တယ် လို့ ထင်တယ် ။ အဲဒီလိုကျင့်တာက သမာဓိရအောင် ကျင့်တာ ခေါ်တယ် ။

ကိုယ့်စိတ်ကလေးကို ပြောင်းလဲသွားတာမျိုးမဖြစ်အောင် ထိန်းနိုင်တာကိုလည်းတရားကျင့်တယ် လို့ သတ်မှတ်နိုင်တယ် ။

ဒါကြောင့် စိတ်ဆုံးဖြတ်ချက်ချပြီးတော့ စိတ်ကလေးကိုထိန်းသိမ်းမယ် လို့ သန္နိဋ္ဌာန် ချထားလိုက်ပါ ။

စိတ်ကလေးကို မထိန်းနိုင်လို့ပြောင်းသွားပြီ ဆိုရင်ထပ်ပြီး ထိန်းလိုက်ရမှာက –

– မကောင်းတဲ့ စကားနဲ့ မတုန့်ပြန်နဲ့ ။

– ရိုင်းရိုင်းစိုင်းစိုင်း မတုန့်ပြန်နဲ့ တဲ့ ။

– မကြားဝံ့ မနာသာ စကားမျိုးတွေ မထွက်ပါစေနဲ့ တဲ့ ။

( ၁) စိတ်မဆိုးမိအောင် ထိန်းလိုက်ပါ ။

( ၂ ) တကယ်လို့ စိတ်မထိန်းနိုင်လို့ဒေါသ ဖြစ်မိရင်လဲမကြားဝံ့ မနာသာ စကားတွေနဲ့ မတုန့်ပြန်လိုက်ပါနဲ့ တဲ့ ။

လူက ကိုယ့်ကိုလာပြီးဆဲရင် ပြန်ပြီး ဆဲတတ်ကြတယ် ။ ဒါကြောင့် ယုတ်ယုတ်မာမာ စကားလုံးတွေနဲ့ ပြန်မပြောပါနဲ့ လို့ ပြောတာ ။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး ။ ဒါက မျိုသိပ်နိုင်တဲ့ အဆင့်ထိ ပြောတယ် ။ တချို့က ပြောတယ် ။ မျိုသိပ်ရတာ များရင် ပေါက်ကွဲကုန်မယ် တဲ့ ။ တနည်းအားဖြင့် သည်းခံတယ် ဆိုတာ အတိုင်းအတာ ရှိတယ် ။ ဒါကြောင့် မပေါက်ကွဲအောင် ဘယ်လိုလုပ်ရမလဲ ။

( ၃ ) အဲဒီစကားလာပြောတဲ့ ပုဂ္ဂိုလ်ရဲ့ ကောင်းကျိုးကို လိုလားတဲ့ စိတ်ကလေး မွေးလိုက်ပါ တဲ့ ။ ဒေါသစိတ်နဲ့ မတုံ့ပြန်ပဲ နေလိုက်ပါ ။ စိတ်ဓါတ်ကို ပြောင်းလိုက်တာနော် ။

( ၄ ) ဒီလို ပြောတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးကို လိုလားတဲ့စိတ်နဲ့ မေတ္တာ ပို့ပေးပါ ။

ဒီလိုမှ မဟုတ်ရင် ပေါက်ကွဲသွားနိုင်တာကိုး ။ ဒါကြောင့် မြတ်စွာဘုရားရှင်က ကိုယ့်ကို ဒီလိုမျိုး ဆက်ဆံလာလို့ရှိရင် –

ပထမ – ပြောလာတဲ့သူကို စိတ်မဆိုးမိအောင် စိတ်ကို ထိန်းလိုက်ပါ ။

ဒုတိယ – ကြမ်းတမ်းတဲ့ စကားတွေနဲ့ မတုံ့ပြန်ပါနဲ့ ။

တတိယ – အကျိုးလိုလားတဲ့ စိတ်ကလေး မေတ္တာစိတ်ကို မွေးလိုက်ပါ တဲ့ ။

ပိုပြီးခိုင်မာလာအောင် အဲဒီပုဂ္ဂိုလ်ကို မေတ္တာပွားများပေးလိုက်ပါ တဲ့ ။

နောက်တစ်ခုက အဲဒီလူအပေါ်ကနေ မေတ္တာစိတ်ကလေး ထားရာကနေ ပိုပြီး ကျယ်ပြန့်တဲ့ မေတ္တာနဲ့ သတ္တဝါအားလုံးအပေါ်မှာ မေတ္တာ ဖြန့်ကျက်လိုက်ပါတဲ့ . . ။

လွယ်လွယ်ကူကူတော့ရမှာ မဟုတ်ပေမယ့် လေ့ကျင့်ယူကြရမယ် ။

တချို့ကပြောတယ် ။ ကိုယ်နဲ့ မတန်တဲ့သူကို ဘယ်လိုမှ မေတ္တာ ထားလို့ မရဘူး တဲ့ ။ ဒါဟာ အမုန်းတရားကို အရှုံးပေးနေတာပါပဲ ။ အဲဒီလူမှာ မေတ္တာဓာတ် အလွန်အားနည်းနေလို့ပဲ ။

လူတွေရဲ့ မွေးရာပါ သန္တာန်မှာ အကောင်းနဲ့ အဆိုး ( ၂ ) မျိုးပဲ ရှိတယ် ။ သဘာဝ( ၂ ) မျိုးမှာ ဒေါသဆိုတဲ့ အဆိုးတရားက လွှမ်းမိုးနေလို့ မေတ္တာဓါတ်တွေ အားနည်းနေတာ ဖြစ်တယ် ။

ဒါဆို ဘယ်လိုလုပ်ရမလဲ ။ မေတ္တာဓါတ်တွေ ရလာအောင် တဖြည်းဖြည်း လေ့ကျင့်ယူရမှာပေါ့ ။ မလေ့ကျင့်ဘဲ လာမှ မဖြစ်လာနိုင်ဘူး။

တောင်တက်သမားတွေ ဆိုရင်လဲ လေ့ကျင့်ရတယ် ။

ဘောလုံးသမားတွေဆိုရင်လည်း လေ့ကျင့်ရတာပါပဲ ။

ရေကူးသမားတွေလည်း လေ့ကျင့်ရတာပဲ ။

လေ့ကျင့်ရင် စွမ်းရည် တက်လာတာပဲ။

စိတ်ကိုလည်း လေ့ကျင်ပေးရင် စွမ်းရည်တက်လာမှာပါပဲ ။

” ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ”

( မေတ္တာနှလုံး အစဉ်သုံး ၊ စာ- ၂၄- ၃၁ ) မှ အကျဉ်းအား ကောက်နုတ်ပူဇော်ပါ၏

” မိမိစိတ္ကို ထိန္းသိမ္းနည္း ”

ေလာကမွာ လူေတြဟာ အခ်င္းခ်င္း ဆက္ဆံေနၾကတဲ႔အခါမွာ

– မဟုတ္မမွန္တာေတြ ေျပာတာေတြ

– ရိုင္းရိုင္းျပျပ ေျပာတာေတြ

– က်ိဳးေၾကာင္းစီေလ်ာ္မႈမရွိဘဲ ေျပာတာေတြ ႀကံဳေတြ႔ႏိုင္တယ္။

အဲလိုစကားေတြ ၾကားလာခဲ႔ရင္ –

ျမတ္စြာဘုရားက က်င့္စဥ္ေလးေပးထားတယ္ ။

“န ေစဝ ေမ စိတၱံ ဝိပရိဏတံ ဘဝိႆတိ ”

ငါ့စိတ္က အေျပာင္းအလဲမျဖစ္ေစရဘူး လို႔အဲဒီလို စိတ္မဆိုးနဲ႔တဲ႔။

ပင္ကိုယ္စိတ္ကေလးကရုပ္ပ်က္ဆင္းပ်က္ ျဖစ္မသြားေစနဲ႔ ။

– ေဒါသစိတ္ မျဖစ္ေပၚနဲ႔ ။

– စိတ္ဓါတ္ မေျပာင္းလဲသြားေစနဲ႔တဲ႔ ။

– အေျပာမခံရခင္က စိတ္ကတစ္မ်ိဳး , အေျပာခံရတဲ႔အခါမွာစိတ္က တစ္မ်ိဳး အဲဒီလို မေျပာင္းလဲသြားေစနဲ႔ တဲ႔ ။

အေျပာမခံလိုက္ရခင္က စိတ္မ်ိဳးကို ထိန္းထားပါတဲ႔ ။

မ်က္ႏွာေၾကာ တင္းသြားတာတို႔ ၊ေဒါသနဲ႔ ျပန္ေျပာမိတာတို႔ ျဖစ္တတ္ပါတယ္ ။

အဲဒီလို စိတ္ေျပာင္းလဲမသြားေအာင္ထိန္းပါ တဲ႔ ။

တရားက်င့္တယ္ ဆိုတာလဲ ဒါပါပဲ ။

တရားက်င့္တယ္ ဆိုတာ အမ်ားက ” တင္ပလႅင္ေခြ ထိုင္ျပီး မ်က္စိကို စံုမွိတ္ထားတာ အဲဒီလိုမ်ိဳး ထိုင္မွ တရားက်င့္တယ္ , တရား အားထုတ္တယ္ လို႔ ထင္တယ္ ။ အဲဒီလိုက်င့္တာက သမာဓိရေအာင္ က်င့္တာ ေခၚတယ္ ။

ကိုယ့္စိတ္ကေလးကို ေျပာင္းလဲသြားတာမ်ိဳးမျဖစ္ေအာင္ ထိန္းနိုင္တာကိုလည္းတရားက်င့္တယ္ လို႔ သတ္မွတ္နိုင္တယ္ ။

ဒါေၾကာင့္ စိတ္ဆံုးျဖတ္ခ်က္ခ်ျပီးေတာ့ စိတ္ကေလးကိုထိန္းသိမ္းမယ္ လို႔ သႏၷိ႒ာန္ ခ်ထားလိုက္ပါ ။

စိတ္ကေလးကို မထိန္းနိုင္လို႔ေျပာင္းသြားျပီ ဆိုရင္ထပ္ျပီး ထိန္းလိုက္ရမွာက –

– မေကာင္းတဲ႔ စကားနဲ႔ မတုန္႔ျပန္နဲ႔ ။

– ရိုင္းရိုင္းစိုင္းစိုင္း မတုန္႔ျပန္နဲ႔ တဲ႔ ။

– မၾကားဝံ႔ မနာသာ စကားမ်ိဳးေတြ မထြက္ပါေစနဲ႔ တဲ႔ ။

( ၁) စိတ္မဆိုးမိေအာင္ ထိန္းလိုက္ပါ ။

( ၂ ) တကယ္လို႔ စိတ္မထိန္းနိုင္လို႔ေဒါသ ျဖစ္မိရင္လဲမၾကားဝံ႔ မနာသာ စကားေတြနဲ႔ မတုန္႔ျပန္လိုက္ပါနဲ႔ တဲ႔ ။

လူက ကိုယ့္ကိုလာျပီးဆဲရင္ ျပန္ျပီး ဆဲတတ္ၾကတယ္ ။ ဒါေၾကာင့္ ယုတ္ယုတ္မာမာ စကားလံုးေတြနဲ႔ ျပန္မေျပာပါနဲ႔ လို႔ ေျပာတာ ။

ဒါတင္ပဲလား ဆိုေတာ့ မဟုတ္ေသးဘူး ။ ဒါက မ်ိဳသိပ္နိုင္တဲ႔ အဆင့္ထိ ေျပာတယ္ ။ တခ်ိဳ႕က ေျပာတယ္ ။ မ်ိဳသိပ္ရတာ မ်ားရင္ ေပါက္ကြဲကုန္မယ္ တဲ႔ ။ တနည္းအားျဖင့္ သည္းခံတယ္ ဆိုတာ အတိုင္းအတာ ရွိတယ္ ။ ဒါေၾကာင့္ မေပါက္ကြဲေအာင္ ဘယ္လိုလုပ္ရမလဲ ။

( ၃ ) အဲဒီစကားလာေျပာတဲ႔ ပုဂၢိဳလ္ရဲ႕ ေကာင္းက်ိဳးကို လိုလားတဲ႔ စိတ္ကေလး ေမြးလိုက္ပါ တဲ႔ ။ ေဒါသစိတ္နဲ႔ မတံု႔ျပန္ပဲ ေနလိုက္ပါ ။ စိတ္ဓါတ္ကို ေျပာင္းလိုက္တာေနာ္ ။

( ၄ ) ဒီလို ေျပာတဲ႔ ပုဂၢိဳလ္ရဲ႕ အက်ိဳးကို လိုလားတဲ႔စိတ္နဲ႔ ေမတၱာ ပို႔ေပးပါ ။

ဒီလိုမွ မဟုတ္ရင္ ေပါက္ကြဲသြားနိုင္တာကိုး ။ ဒါေၾကာင့္ ျမတ္စြာဘုရားရွင္က ကိုယ့္ကို ဒီလိုမ်ိဳး ဆက္ဆံလာလို႔ရွိရင္ –

ပထမ – ေျပာလာတဲ႔သူကို စိတ္မဆိုးမိေအာင္ စိတ္ကို ထိန္းလိုက္ပါ ။

ဒုတိယ – ၾကမ္းတမ္းတဲ႔ စကားေတြနဲ႔ မတံု႔ျပန္ပါနဲ႔ ။

တတိယ – အက်ိဳးလိုလားတဲ႔ စိတ္ကေလး ေမတၱာစိတ္ကို ေမြးလိုက္ပါ တဲ႔ ။

ပိုျပီးခိုင္မာလာေအာင္ အဲဒီပုဂၢိဳလ္ကို ေမတၱာပြားမ်ားေပးလိုက္ပါ တဲ႔ ။

ေနာက္တစ္ခုက အဲဒီလူအေပၚကေန ေမတၱာစိတ္ကေလး ထားရာကေန ပိုျပီး က်ယ္ျပန္႔တဲ႔ ေမတၱာနဲ႔ သတၱဝါအားလံုးအေပၚမွာ ေမတၱာ ျဖန္႔က်က္လိုက္ပါတဲ႔ . . ။

လြယ္လြယ္ကူကူေတာ့ရမွာ မဟုတ္ေပမယ့္ ေလ့က်င့္ယူၾကရမယ္ ။

တခ်ိဳ႕ကေျပာတယ္ ။ ကိုယ္နဲ႔ မတန္တဲ႔သူကို ဘယ္လိုမွ ေမတၱာ ထားလို႔ မရဘူး တဲ႔ ။ ဒါဟာ အမုန္းတရားကို အရံႈးေပးေနတာပါပဲ ။ အဲဒီလူမွာ ေမတၱာဓာတ္ အလြန္အားနည္းေနလို႔ပဲ ။

လူေတြရဲ႕ ေမြးရာပါ သႏၲာန္မွာ အေကာင္းနဲ႔ အဆိုး ( ၂ ) မ်ိဳးပဲ ရွိတယ္ ။ သဘာဝ( ၂ ) မ်ိဳးမွာ ေဒါသဆိုတဲ႔ အဆိုးတရားက လႊမ္းမိုးေနလို႔ ေမတၱာဓါတ္ေတြ အားနည္းေနတာ ျဖစ္တယ္ ။

ဒါဆို ဘယ္လိုလုပ္ရမလဲ ။ ေမတၱာဓါတ္ေတြ ရလာေအာင္ တျဖည္းျဖည္း ေလ့က်င့္ယူရမွာေပါ့ ။ မေလ့က်င့္ဘဲ လာမွ မျဖစ္လာနိုင္ဘူး။

ေတာင္တက္သမားေတြ ဆိုရင္လဲ ေလ့က်င့္ရတယ္ ။

ေဘာလံုးသမားေတြဆိုရင္လည္း ေလ့က်င့္ရတာပါပဲ ။

ေရကူးသမားေတြလည္း ေလ့က်င့္ရတာပဲ ။

ေလ့က်င့္ရင္ စြမ္းရည္ တက္လာတာပဲ။

စိတ္ကိုလည္း ေလ့က်င္ေပးရင္ စြမ္းရည္တက္လာမွာပါပဲ ။

” ေဒါက္တာအရွင္နႏၵမာလာဘိဝံသ ”

( ေမတၱာႏွလံုး အစဥ္သံုး ၊ စာ- ၂၄- ၃၁ ) မွ အက်ဥ္းအား ေကာက္နုတ္ပူေဇာ္ပါ၏