တချို့ လမ်းခွဲခြင်းတွေမှာကျ ဘယ်လိုမှ ရှေ့ဆက်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေကြောင့် ရင်နာနာနဲ့ ချန်ခဲ့ရတာတွေပဲ ရှိပါတယ်

ကျန်ခဲ့တဲ့သူ နဲ့ ချန်ခဲ့တဲ့သူ ဘယ်သူက ပိုပြီးနာကျင်ရသလဲဆိုတဲ့ မေးခွန်းတွေမေးတဲ့ များသောအားဖြင့် ကျန်ခဲ့တဲ့သူပဲ ပိုပြီးနာကျင်မှာပေါ့ဆိုတဲ့ အဖြေတွေပဲ များပါတယ်

ဒီအဖြေဟာ အမြဲတမ်းတော့ မမှန်တတ်ပါဘူး ချန်ခဲ့တဲ့သူပဲ ဖြစ်ဖြစ် ကျန်ခဲ့ရတဲ့သူပဲ ဖြစ်ဖြစ် ပိုပြီးမျှော်လင့်ထားခဲ့တဲ့သူက ပိုပြီး နာကျင်ရတာပါပဲ လမ်းခွဲဆိုတာ ဘယ်သူမှ လိုချင်ခဲ့တာ မဟုတ်ပါဘူး

မဖြစ်မနေမို့ လမ်းခွဲရပြီဆိုရင် မဖြစ်မနေ ဝမ်းနည်းရတာပါပဲ ဘယ်လောက်ပဲ မချစ်မနှစ်သက်ဘူးပြောပြော ကိုယ့်အနားမှာအချိန်တစ်ခုထိ အတူတူရှိခဲ့ဖူးတဲ့သူကို အနည်းနဲ့အများတော့ ပြန်ပြောင်းသတိရတတ်ပါတယ်

ကျန်ခဲ့ရတဲ့သူအဖို့မှာတော့ မူလနေရာမှာပဲ ရပ်နေရှိနေတဲ့အတွက် အမှတ်တရတွေ ပြီးတော့ အတူတူရှိခဲ့ဖူးပါလားဆိုတဲ့ အသိက နဲနဲလေးပိုပြီး နာကျင်ခံစားရတာပါ တချို့အချိန်တွေဆို နှစ်ခါပြန်ပြီးအသတ်ခံရသလိုပေါ့

ချန်ခဲ့တဲ့သူ အဖို့ကတော့ သတိရကောင်းရနိုင်ပါတယ် ဒါပေမယ့် မူလနေရာမှာ ကျန်ခဲ့တဲ့သူလောက် အချိန်ပေးပြီး သတိရဖို့ သူမအားဘူးလေ နေရာအသစ်မှာ ပတ်ဝန်းကျင်အသစ်သစ်မှာ ဆက်ပြီး ရပ်တည်ဖို့ ကြိုးစားရုန်းကန်ရင်းနဲ့ တချို့အမှတ်တရတွေကို မေ့သွားတတ်ကြတယ်

ဒါပေမယ့် တချို့ လမ်းခွဲခြင်းတွေမှာကျ ဘယ်လိုမှ ရှေ့ဆက်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေကြောင့် ရင်နာနာနဲ့ ချန်ခဲ့ရတာတွေပဲ ရှိပါတယ် နောက်လှည့်ထွက်သွားတိုင်း မုန်းသွားတာမှ မဟုတ်တာ ချစ်လျက်နဲ့ ဝေးသွားကြတဲ့သူတွေထဲမှာ ကိုယ်လဲ တစ်ယောက်အပါအဝင်ပေါ့

ကိုယ့်ဘက်က ဘယ်လောက်ပဲ နီးစပ်အောင်သွားသွား သူက မူလနေရာမှာ မူလအတိုင်းပဲ ရပ်နေတဲ့အခါ ကိုယ့်ရဲ့ကြိုးစားမှုတွေက ဘာတစ်ခုမှ အရာမထင်သလို မြင်လာ တွေးလာတတ်တယ်လေ အပြုံးနဲ့လဲ မကြို လက်ကမ်းပြီးလဲ မကြို မောကြီးပန်းပြီး ပြေးလာရတဲ့ကိုယ့်မှာ ပိုပြီး အမောတွေဆို့လာရတာတွေလဲ ရှိပါတယ်

ဒီလို အချိန်မျိုးတွေ ကိုယ့်ကို လိုလိုလားလားမရှိမှန်းသိလိုက်ရတဲ့ အချိန်မျိုးတွေမှာ ကိုယ့်မှာ ရင်နာနာနဲ့ ချန်ခဲ့ရတာပါ မုန်းတဲ့စိတ်နဲ့မှ မဟုတ်ပဲ ဒါကြောင့် လူနှစ်ယောက် ခွဲခွါခြင်းတွေမှာ ချန်ခဲ့တဲ့သူနဲ့ ကျန်ခဲ့ရတဲ့သူ ဘယ်သူက ပိုပြီးခံစားရလဲဆိုတဲ့အဖြေမှာ ကျန်ခဲ့တဲ့သူက ပိုပြီး နာကျင်ခံစားရလိမ့်မယ်ဆိုတာကတော့ အမြဲတမ်းမမှန်ပါဘူး

တစ်ခါတစ်လေမှာ ကိုယ့်ဘက်က ရင်နာနာနဲ့ ချန်ခဲ့ရတာတွေ ကျောခိုင်းလှည့်ထွက်ခဲ့ပြီးမှ အမှတ်တရတွေ များများစားစားမရှိခဲ့တာတောင် မှတ်မှတ်ရရနဲ့ သတိတရလွမ်းနေခဲ့ဖူးတာတွေ အများကြီးပါ ကိုယ်က ချန်ခဲ့တဲ့သူပါ ဒါပေမယ့် ကျန်ခဲ့တဲ့သူ ပြုံးနေတာကို ကြည့်ပြီး ဒီနေ့ဒီချိန်ထိ လွမ်းနေရတုန်းပဲ ။

PStar

က်န္ခဲ့တဲ့သူ နဲ႔ ခ်န္ခဲ့တဲ့သူ ဘယ္သူက ပိုၿပီးနာက်င္ရသလဲဆိုတဲ့ ေမးခြန္းေတြေမးတဲ့ မ်ားေသာအားျဖင့္ က်န္ခဲ့တဲ့သူပဲ ပိုၿပီးနာက်င္မွာေပါ့ဆိုတဲ့ အေျဖေတြပဲ မ်ားပါတယ္

ဒီအေျဖဟာ အၿမဲတမ္းေတာ့ မမွန္တတ္ပါဘူး ခ်န္ခဲ့တဲ့သူပဲ ျဖစ္ျဖစ္ က်န္ခဲ့ရတဲ့သူပဲ ျဖစ္ျဖစ္ ပိုၿပီးေမွ်ာ္လင့္ထားခဲ့တဲ့သူက ပိုၿပီး နာက်င္ရတာပါပဲ လမ္းခြဲဆိုတာ ဘယ္သူမွ လိုခ်င္ခဲ့တာ မဟုတ္ပါဘူး

မျဖစ္မေနမို႔ လမ္းခြဲရၿပီဆိုရင္ မျဖစ္မေန ၀မ္းနည္းရတာပါပဲ ဘယ္ေလာက္ပဲ မခ်စ္မႏွစ္သက္ဘူးေျပာေျပာ ကိုယ့္အနားမွာအခ်ိန္တစ္ခုထိ အတူတူရွိခဲ့ဖူးတဲ့သူကို အနည္းနဲ႔အမ်ားေတာ့ ျပန္ေျပာင္းသတိရတတ္ပါတယ္

က်န္ခဲ့ရတဲ့သူအဖို႔မွာေတာ့ မူလေနရာမွာပဲ ရပ္ေနရွိေနတဲ့အတြက္ အမွတ္တရေတြ ၿပီးေတာ့ အတူတူရွိခဲ့ဖူးပါလားဆိုတဲ့ အသိက နဲနဲေလးပိုၿပီး နာက်င္ခံစားရတာပါ တခ်ိဳ႕အခ်ိန္ေတြဆို ႏွစ္ခါျပန္ၿပီးအသတ္ခံရသလိုေပါ့

ခ်န္ခဲ့တဲ့သူ အဖို႔ကေတာ့ သတိရေကာင္းရႏိုင္ပါတယ္ ဒါေပမယ့္ မူလေနရာမွာ က်န္ခဲ့တဲ့သူေလာက္ အခ်ိန္ေပးၿပီး သတိရဖို႔ သူမအားဘူးေလ ေနရာအသစ္မွာ ပတ္၀န္းက်င္အသစ္သစ္မွာ ဆက္ၿပီး ရပ္တည္ဖို႔ ႀကိဳးစား႐ုန္းကန္ရင္းနဲ႔ တခ်ိဳ႕အမွတ္တရေတြကို ေမ့သြားတတ္ၾကတယ္

ဒါေပမယ့္ တခ်ိဳ႕ လမ္းခြဲျခင္းေတြမွာက် ဘယ္လိုမွ ေရွ႕ဆက္ဖို႔ မျဖစ္ႏိုင္တဲ့ အေျခအေနေၾကာင့္ ရင္နာနာနဲ႔ ခ်န္ခဲ့ရတာေတြပဲ ရွိပါတယ္ ေနာက္လွည့္ထြက္သြားတိုင္း မုန္းသြားတာမွ မဟုတ္တာ ခ်စ္လ်က္နဲ႔ ေဝးသြားၾကတဲ့သူေတြထဲမွာ ကိုယ္လဲ တစ္ေယာက္အပါအ၀င္ေပါ့

ကိုယ့္ဘက္က ဘယ္ေလာက္ပဲ နီးစပ္ေအာင္သြားသြား သူက မူလေနရာမွာ မူလအတိုင္းပဲ ရပ္ေနတဲ့အခါ ကိုယ့္ရဲ႕ႀကိဳးစားမႈေတြက ဘာတစ္ခုမွ အရာမထင္သလို ျမင္လာ ေတြးလာတတ္တယ္ေလ အၿပဳံးနဲ႔လဲ မႀကိဳ လက္ကမ္းၿပီးလဲ မႀကိဳ ေမာႀကီးပန္းၿပီး ေျပးလာရတဲ့ကိုယ့္မွာ ပိုၿပီး အေမာေတြဆို႔လာရတာေတြလဲ ရွိပါတယ္

ဒီလို အခ်ိန္မ်ိဳးေတြ ကိုယ့္ကို လိုလိုလားလားမရွိမွန္းသိလိုက္ရတဲ့ အခ်ိန္မ်ိဳးေတြမွာ ကိုယ့္မွာ ရင္နာနာနဲ႔ ခ်န္ခဲ့ရတာပါ မုန္းတဲ့စိတ္နဲ႔မွ မဟုတ္ပဲ ဒါေၾကာင့္ လူႏွစ္ေယာက္ ခြဲခြါျခင္းေတြမွာ ခ်န္ခဲ့တဲ့သူနဲ႔ က်န္ခဲ့ရတဲ့သူ ဘယ္သူက ပိုၿပီးခံစားရလဲဆိုတဲ့အေျဖမွာ က်န္ခဲ့တဲ့သူက ပိုၿပီး နာက်င္ခံစားရလိမ့္မယ္ဆိုတာကေတာ့ အၿမဲတမ္းမမွန္ပါဘူး

တစ္ခါတစ္ေလမွာ ကိုယ့္ဘက္က ရင္နာနာနဲ႔ ခ်န္ခဲ့ရတာေတြ ေက်ာခိုင္းလွည့္ထြက္ခဲ့ၿပီးမွ အမွတ္တရေတြ မ်ားမ်ားစားစားမရွိခဲ့တာေတာင္ မွတ္မွတ္ရရနဲ႔ သတိတရလြမ္းေနခဲ့ဖူးတာေတြ အမ်ားႀကီးပါ ကိုယ္က ခ်န္ခဲ့တဲ့သူပါ ဒါေပမယ့္ က်န္ခဲ့တဲ့သူ ၿပဳံးေနတာကို ၾကည့္ၿပီး ဒီေန႔ဒီခ်ိန္ထိ လြမ္းေနရတုန္းပဲ ။

PStar