ရေထဲ ခဲပစ်သလိုပေါ့ – မနာပ ဒါယီ အရွင္ဝိစိတၱ

ရေထဲ ခဲပစ်သလိုပေါ့

ခဲနဲ့အပစ်ခံရတဲ့ ရေပြင်ဟာ လှုပ်ခတ်မှုကတော့ ရှိတာပေါ့။ အပစ်ခံရတဲ့အတွက် ရေပြင်ကတော့ အစိပ်အစိပ်အမွှာမွှာ ကွဲပြားသွားမှာ မဟုတ်ဘူး။ တသားတည်းဖြစ်နေမှာပါပဲ။ ပစ်တဲ့ခဲပဲ ရေထဲမှာ နစ်မြုတ်သွားမှာ မဟုတ်လား။

ဒီလိုပါပဲ။ အတိုက်အခိုက်ခံရတဲ့ ဘဝဟာလည်း လှုပ်ခတ်မှုတော့ ရှိမှာပေါ့။ ဒါပေမယ့် အထုအထောင်းခံရတဲ့ ကျောက်ခဲလိုတစ်စစီ လွင့်စင်သွားတာမျိုး မဖြစ်စေဖို့ပါပဲ။ ရေလိုမကွဲမပျက် တစပ်တည်း ရှိနေနိုင်အောင်သာ ကြိုးစားရမှာပါ။

လူ့ဘဝဆိုတာ အတိုက်အခိုက် အထုအထောင်းကတော့ နေရာတိုင်းမှာ ရှိနေကြမှာပဲ။ လူလည်းရှိတယ်။ ရဟန်းသံဃာလည်းရှိတယ်။ တိရစ္ဆာန်အချင်းချင်းလည်းရှိတယ်။ အလုံးစုံပြည့်စုံတော်မူတဲ့ ဘုရားရှင်တောင် ရှိနေတာပဲလေ။ ဒါအဆန်းကြီးမှ မဟုတ်တာ။ အရေးအကြီးဆုံးက အဲဒီဒဏ်တွေကို ခံနိုင်ရည်ရှိဖို့ပဲ။ ကျောက်လို မာမာထန်ထန် ခံနိုင်မလား၊ ရေလိုအလိုက်သင့် ပျော့ပျော့ပြောင်းပြောင်း ခံနိုင်အောင် ကြိုးစားမလားဆိုတာ အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီး ကျော်လွှားနိုင်ဖို့ပဲ။

သေချာတာကတော့ မာလွန်းတဲ့ကျောက်ဟာ ဆတ်ဆတ်ထိ မခံဖြစ်တတ်တဲ့အတွက် ရေလိုအလိုက်သင့်လေးနဲ့ ခံနိုင်ရည်ရှိအောင် ကြိုးစား၊ ရေထဲကျလာတဲ့ခဲ သူ့ဟာသူနစ်မြုတ်သွားမှာကတော့ အသေအချာပါပဲ။

မေတ္တာဖြင့်

မနာပ ဒါယီ အရှင်ဝိစိတ္တ

ေရထဲ ခဲပစ္သလိုေပါ့

ခဲနဲ႔အပစ္ခံရတဲ့ ေရျပင္ဟာ လႈပ္ခတ္မႈကေတာ့ ရွိတာေပါ့။ အပစ္ခံရတဲ့အတြက္ ေရျပင္ကေတာ့ အစိပ္အစိပ္အမႊာမႊာ ကြဲျပားသြားမွာ မဟုတ္ဘူး။ တသားတည္းျဖစ္ေနမွာပါပဲ။ ပစ္တဲ့ခဲပဲ ေရထဲမွာ နစ္ျမဳတ္သြားမွာ မဟုတ္လား။

ဒီလိုပါပဲ။ အတိုက္အခိုက္ခံရတဲ့ ဘဝဟာလည္း လႈပ္ခတ္မႈေတာ့ ရွိမွာေပါ့။ ဒါေပမယ့္ အထုအေထာင္းခံရတဲ့ ေက်ာက္ခဲလိုတစ္စစီ လြင့္စင္သြားတာမ်ိဳး မျဖစ္ေစဖို႔ပါပဲ။ ေရလိုမကြဲမပ်က္ တစပ္တည္း ရွိေနႏိုင္ေအာင္သာ ႀကိဳးစားရမွာပါ။

လူ႔ဘဝဆိုတာ အတိုက္အခိုက္ အထုအေထာင္းကေတာ့ ေနရာတိုင္းမွာ ရွိေနၾကမွာပဲ။ လူလည္းရွိတယ္။ ရဟန္းသံဃာလည္းရွိတယ္။ တိရစၧာန္အခ်င္းခ်င္းလည္းရွိတယ္။ အလုံးစုံျပည့္စုံေတာ္မူတဲ့ ဘုရားရွင္ေတာင္ ရွိေနတာပဲေလ။ ဒါအဆန္းႀကီးမွ မဟုတ္တာ။ အေရးအႀကီးဆုံးက အဲဒီဒဏ္ေတြကို ခံႏိုင္ရည္ရွိဖို႔ပဲ။ ေက်ာက္လို မာမာထန္ထန္ ခံႏိုင္မလား၊ ေရလိုအလိုက္သင့္ ေပ်ာ့ေပ်ာ့ေျပာင္းေျပာင္း ခံႏိုင္ေအာင္ ႀကိဳးစားမလားဆိုတာ အေျခအေနနဲ႔ အခ်ိန္အခါကိုၾကည့္ၿပီး ေက်ာ္လႊားႏိုင္ဖို႔ပဲ။

ေသခ်ာတာကေတာ့ မာလြန္းတဲ့ေက်ာက္ဟာ ဆတ္ဆတ္ထိ မခံျဖစ္တတ္တဲ့အတြက္ ေရလိုအလိုက္သင့္ေလးနဲ႔ ခံႏိုင္ရည္ရွိေအာင္ ႀကိဳးစား၊ ေရထဲက်လာတဲ့ခဲ သူ႔ဟာသူနစ္ျမဳတ္သြားမွာကေတာ့ အေသအခ်ာပါပဲ။

ေမတၱာျဖင့္

မနာပ ဒါယီ အရွင္ဝိစိတၱ