ကျေးဇူးမတင်ချင်နေပါ စေတနာပျက်အောင်တော့ မလုပ်ပါနဲ့

လူတွေက သနားလို့ လိုက်လျောပေးတာကို အတယ်လို့ထင်တတ်ကြတယ် အ တာ မဟုတ်ဘူး တကယ်တော့ အ ချင်ယောင်ဆောင်လိုက်တာပါ

ကိုယ့်ကို လိမ်နေလား ဒါမှမဟုတ် အမှန်ပြောနေလားဆိုတာ အလုံးစုံမသိတောင် အနည်းနဲ့အများတော့ ရိပ်မိတတ်တာတွေ ချည်းပဲ ချစ်တဲ့စိတ် ခင်တဲ့စိတ် သနားတဲ့စိတ် တွေကြောင့်သာ လိမ်နေမှန်းသိသိရဲ့နဲ့ မသိသလို နေပေးလိုက်တဲ့အချိန်တွေလည်း အများကြီးပဲ

ဘာမှ မသိဘူးဆိုတာထက် ဘာမှမသိသလို နေပြလိုက်တာပါ ဒါကို တုံးလိုက်တာ အ လိုက်တာဆိုတဲ့ ပုံစံမျိုးနဲ့ ဘာလုပ်လုပ်ရတယ်ဆိုတဲ့အချိုးမျိုးတွေ မလုပ်ပါနဲ့

အကူအညီတောင်းတဲ့အခါ ငါသာ သူ့နေရာမှာဆိုတဲ့စာနာစိတ်တစ်ခုနဲ့ မငြင်းရက် မငြင်းတတ်ခဲ့တာ ကူညီပေးရမယ်ဆိုတဲ့တာဝန်ရှိနေလို့တော့ မဟုတ်ဘူး ကူညီကောင်းပါရဲ့ဆိုတဲ့ စိတ်လေးတစ်ခုနဲ့ မငြင်းတတ်ခဲ့တာပါ

ခွင့်လွှတ်ခြင်းတွေလဲ အတူတူပါပဲ လူတိုင်းဟာ တစ်ကြိမ်တစ်ခါတော့ မှားတတ်ကြတယ် တဲ့ အမှားတွေ ပြင်လာလိမ့်မယ်အထင်နဲ့ အခွင့်အရေးပေးကြည့်တာပါ ဘယ်လိုအမှားမျိုးကိုမဆို ခွင့်လွတ်ပေးလိမ့်မယ်လို့တော့ အထင်မရောက်စေချင်ဘူး

ကိုယ်သာဆိုရင်ဆိုတဲ့ စိတ်လေးနဲ့ နေရာတကာကို ခြုံပြီးကြည့်တတ်တာလေးက အားနည်းချက်တစ်ခုသာဆိုရင် မပြင်ပဲ ထားလိုက်ပါမယ် အနည်းဆုံးတော့ အသက်ရှင်နေတုန်းမှာ လိပ်ပြာလုံချင်တယ် ကမ္ဘာကြီးကို မကယ်တင်နိုင်ရင်တောင် ဘဝတစ်ခုပဲဖြစ်ဖြစ် မိသားစုတစ်စုပဲဖြစ်ဖြစ် ကိုယ်နိုင်တဲ့ဝန်ကနေ လောကတာဝန်ကို ထမ်းချင်တယ်

အဲ့ဒီမေတ္တာတွေကို ပျက်စီးသွားအောင် ခဏခဏမလုပ်ပါနဲ့ အ လို့ ခံနေတယ်လို့ အထင်ရောက်နေတဲ့အခါ တစ်ချက်လောက်စာနာပေးပါ ကူညီဖို့ တာဝန်မရှိပါပဲ အလိုက်တသိနဲ့ အကူအညီတွေ ပေးခဲ့တာ စာနာလို့ ။ခွင့်လွှတ်ဖို့ အကြောင်းမရှိခဲ အခွင့်အရေးပေးဖို့ ကြိုးစားခဲ့တာ မစွန့်လွှတ်လိုက်ချင်လို့ ။

စေတနာတွေ ထားခဲ့သမျှကို ပြန်ပြီး မသိတတ်ရင်နေပါ ကျေးဇူးမတင်ချင်နေပါ စေတနာပျက်အောင်တော့ မလုပ်ပါနဲ့ ကျေးဇူးအတင်ခံချင်လို့ ကူညီပေးလိုက်တာ မဟုတ်ဘူးလေ ကျေးဇူးမတင်လို့ ဘာမှမဖြစ်ပေမယ့် စော်ကားခံရတဲ့ အောင့်သက်သက်နိုင်တယ်

ကျေးဇူးပြုပြီးတော့ အ လို့ ခံနေတယ်လို့ အထင်မရောက်ပါနဲ့ ကူညီပေးရမယ့် တာဝန်ရှိနေတယ်လို့လဲ မထင်ပါနဲ့ ကိုယ်ချင်းစာတရားလေးနဲ့ အရာရာကို ခြုံပြီး ကြည့်တတ်လို့ပါ ။

PStar

လူေတြက သနားလို႔ လိုက္ေလ်ာေပးတာကို အတယ္လို႔ထင္တတ္ၾကတယ္ အ တာ မဟုတ္ဘူး တကယ္ေတာ့ အ ခ်င္ေယာင္ေဆာင္လိုက္တာပါ

ကိုယ့္ကို လိမ္ေနလား ဒါမွမဟုတ္ အမွန္ေျပာေနလားဆိုတာ အလုံးစုံမသိေတာင္ အနည္းနဲ႔အမ်ားေတာ့ ရိပ္မိတတ္တာေတြ ခ်ည္းပဲ ခ်စ္တဲ့စိတ္ ခင္တဲ့စိတ္ သနားတဲ့စိတ္ ေတြေၾကာင့္သာ လိမ္ေနမွန္းသိသိရဲ႕နဲ႔ မသိသလို ေနေပးလိုက္တဲ့အခ်ိန္ေတြလည္း အမ်ားႀကီးပဲ

ဘာမွ မသိဘူးဆိုတာထက္ ဘာမွမသိသလို ေနျပလိုက္တာပါ ဒါကို တုံးလိုက္တာ အ လိုက္တာဆိုတဲ့ ပုံစံမ်ိဳးနဲ႔ ဘာလုပ္လုပ္ရတယ္ဆိုတဲ့အခ်ိဳးမ်ိဳးေတြ မလုပ္ပါနဲ႔

အကူအညီေတာင္းတဲ့အခါ ငါသာ သူ႔ေနရာမွာဆိုတဲ့စာနာစိတ္တစ္ခုနဲ႔ မျငင္းရက္ မျငင္းတတ္ခဲ့တာ ကူညီေပးရမယ္ဆိုတဲ့တာ၀န္ရွိေနလို႔ေတာ့ မဟုတ္ဘူး ကူညီေကာင္းပါရဲ႕ဆိုတဲ့ စိတ္ေလးတစ္ခုနဲ႔ မျငင္းတတ္ခဲ့တာပါ

ခြင့္လႊတ္ျခင္းေတြလဲ အတူတူပါပဲ လူတိုင္းဟာ တစ္ႀကိမ္တစ္ခါေတာ့ မွားတတ္ၾကတယ္ တဲ့ အမွားေတြ ျပင္လာလိမ့္မယ္အထင္နဲ႔ အခြင့္အေရးေပးၾကည့္တာပါ ဘယ္လိုအမွားမ်ိဳးကိုမဆို ခြင့္လြတ္ေပးလိမ့္မယ္လို႔ေတာ့ အထင္မေရာက္ေစခ်င္ဘူး

ကိုယ္သာဆိုရင္ဆိုတဲ့ စိတ္ေလးနဲ႔ ေနရာတကာကို ၿခဳံၿပီးၾကည့္တတ္တာေလးက အားနည္းခ်က္တစ္ခုသာဆိုရင္ မျပင္ပဲ ထားလိုက္ပါမယ္ အနည္းဆုံးေတာ့ အသက္ရွင္ေနတုန္းမွာ လိပ္ျပာလုံခ်င္တယ္ ကမာၻႀကီးကို မကယ္တင္ႏိုင္ရင္ေတာင္ ဘ၀တစ္ခုပဲျဖစ္ျဖစ္ မိသားစုတစ္စုပဲျဖစ္ျဖစ္ ကိုယ္ႏိုင္တဲ့၀န္ကေန ေလာကတာ၀န္ကို ထမ္းခ်င္တယ္

အဲ့ဒီေမတၱာေတြကို ပ်က္စီးသြားေအာင္ ခဏခဏမလုပ္ပါနဲ႔ အ လို႔ ခံေနတယ္လို႔ အထင္ေရာက္ေနတဲ့အခါ တစ္ခ်က္ေလာက္စာနာေပးပါ ကူညီဖို႔ တာ၀န္မရွိပါပဲ အလိုက္တသိနဲ႔ အကူအညီေတြ ေပးခဲ့တာ စာနာလို႔ ။ခြင့္လႊတ္ဖို႔ အေၾကာင္းမရွိခဲ အခြင့္အေရးေပးဖို႔ ႀကိဳးစားခဲ့တာ မစြန္႔လႊတ္လိုက္ခ်င္လို႔ ။

ေစတနာေတြ ထားခဲ့သမွ်ကို ျပန္ၿပီး မသိတတ္ရင္ေနပါ ေက်းဇူးမတင္ခ်င္ေနပါ ေစတနာပ်က္ေအာင္ေတာ့ မလုပ္ပါနဲ႔ ေက်းဇူးအတင္ခံခ်င္လို႔ ကူညီေပးလိုက္တာ မဟုတ္ဘူးေလ ေက်းဇူးမတင္လို႔ ဘာမွမျဖစ္ေပမယ့္ ေစာ္ကားခံရတဲ့ ေအာင့္သက္သက္ႏိုင္တယ္

ေက်းဇူးျပဳၿပီးေတာ့ အ လို႔ ခံေနတယ္လို႔ အထင္မေရာက္ပါနဲ႔ ကူညီေပးရမယ့္ တာ၀န္ရွိေနတယ္လို႔လဲ မထင္ပါနဲ႔ ကိုယ္ခ်င္းစာတရားေလးနဲ႔ အရာရာကို ၿခဳံၿပီး ၾကည့္တတ္လို႔ပါ ။

PStar