ဘယ်လိုအခြေအနေမျိုးတွေပဲဖြစ်လာဖြစ်လာ ရိုးရိုးသားသားပဲရှင်သန်နေထိုင်ပါ

freepik

ရိုးသားခြင်းဟာ လူတစ်ယောက်ဘဝမှာ အရေးပါဆုံးအရာတစ်ခုပါ။ ရိုးသားတာက အလွယ်ဆုံးအလုပ်တစ်ခုဖြစ်သလို၊ အခက်ဆုံးလည်းဖြစ်ပါတယ်။ ရိုးသားဖို့ဆိုတာ အပြောလွယ်ပေမယ့် အလုပ်ခက်ပါတယ်။ ဘယ်သူတွေဘာပြောပြော ကိုယ်ကတော့ ရိုးရိုးသားသားပဲနေထိုင်မယ်၊ ရိုးသားမှုကို တန်ဖိုးထားမယ်ဆိုတဲ့စိတ်မျိုး ထားနိုင်ဖို့လိုပါတယ်။

မရိုးသားခြင်းက

ကိုယ်ရည်ကိုယ်သွေးကျဆင်းစေတယ်

သူတစ်ပါးအပေါ် ရိုးသားမှုမရှိခြင်း၊ လိမ်ညာခြင်း၊ လှည့်ပတ်ခြင်း စတာတွေက ကိုယ်ကိုယ်တိုင်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း ကျဆင်းစေပါတယ်။ တဖြည်းဖြည်း ညံ့ဖျင်းတဲ့လူတစ်ယောက်ဖြစ်လာစေပါတယ်။

freepik

စိုးရိမ်ပူပန်မှုများစေတယ်

ကိုယ်မရိုးသားတာကို လူတွေမသိအောင်ဖုံးကွယ်ထားနိုင်တယ်ဆိုရင်တောင်မှ ကိုယ့်ကိုယ်ကိုသိပါတယ်။ ဒီအသိက ကိုယ့်စိတ်ကို စိုးရိမ်ပူပန်မှုများစေပါတယ်။ မရိုးသားတဲ့သူတွေဟာ အမြဲတမ်း တစ်ခုခုကိုစိုးရိမ်နေသလိုပုံစံမျိုးဖြစ်နေတတ်ပါတယ်။

လူတွေဆီကယုံကြည်မှုကိုဆုံးရှုံးရစေတယ်

လူတစ်ယောက်ရိုးသားတယ်၊ မရိုးသားဘူးဆိုတာ တစ်ကြိမ်တစ်ခါပေါင်းသင်းဆက်ဆံကြည့်ရင် သိနိုင်ပါတယ်။ မရိုးသားတဲ့သူတွေဟာ လူ့ပတ်ဝန်းကျင်ရဲ့ ယုံကြည်မှုကိုဆုံးရှုံးရတတ်ပါတယ်။ ယုံကြည်မှုဆုံးရှုံးရခြင်းက ပြန်လည်တည်ဆောက်ဖို့လုံးဝမလွယ်ပါဘူး။

ရိုးသားခြင်းက

ကိုယ်ရည်ကိုယ်သွေးတိုးတက်စေတယ်

ရိုးသားတဲ့သူက စိတ်ရှင်းတယ်၊ ကိုယ်လုပ်မယ့်အရာကို အပြည့်အဝအာရုံစူးစိုက်နိုင်တယ်၊ အတွင်းစိတ်ကြည်လင်တော့ ကိုယ်ရည်ကိုယ်သွေးလည်း တဖြည်းဖြည်းတိုးတက်လာတယ်။

freepik

အခွင့်အလမ်းကောင်းတွေရစေတယ်

ရိုးသားခြင်းက ယုံကြည်မှုကိုဖြစ်ပေါ်စေပြီး ကိုယ့်ဘဝအတွက် ကောင်းမွန်တဲ့အခွင့်အလမ်းတွေကိုရလာစေတယ်။ ကိုယ်လိုချင်တဲ့ အခွင့်အလမ်းတွေ သူ့အလိုလိုရောက်လာတာမျိုးဖြစ်စေနိုင်တဲ့ အစွမ်းရှိပါတယ်။

အဆင်မပြေမှုတွေကိုပြေလည်စေတယ်

ရိုးသားခြင်းက ကံကောင်းခြင်းကိုဖြစ်ပေါ်စေပါတယ်။ ကိုယ်ကရိုးသားရင် အဆင်မပြေမှုတွေဖြစ်လည်းခဏပါပဲ။ အဆင်မပြေတာတွေ၊ ဒုက္ခတွေဆိုတာ သူ့အလိုလိုရှင်းသွားတာမျိုးပါ။

written by PP