ပန်းသီးတစ်နေ့တစ်လုံးစားပေးရုံနဲ့ရလာမယ့် အံ့မခန်းအကျိုးကျေးဇူး(၁၀)မျိုး

freepik

ပန်းသီး ဟာ အရသာလည်းကောင်း၊ ကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေလည်း များလွန်းလို့ “ဆရာဝန်နဲ့ဝေးချင်ရင် တစ်နေ့ကိုပန်းသီးတစ်လုံးစားပါ” ဆိုတဲ့ စကားလေးတောင်ရှိပါသေးတယ်။ ဒီတော့ တစ်နေ့ကိုပန်းသီးတစ်လုံးစားပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေများရစေတာလဲ ဆိုတာကို ဖတ်ကြည့်ပြီးရင် နေ့တိုင်း ပန်းသီးတစ်လုံးစားလိုက်တော့နော်။

သွားကျန်းမာစေတယ်

ပန်းသီးမှာပါဝင်တဲ့ ဓာတ်တွေက ခံတွင်းထဲကဘက်တီးရီးယားတွေကို သေစေပြီး တံတွေးထုတ်လုပ်မှုကို ကောင်းမွန်စေတာကြောင့် သွားတွေဖြူစေတယ်၊သွားပိုးစားတာတွေကိုသက်သာစေပြီး သွားကျန်းမာစေပါတယ်။

freepik

သတိမေ့ရောဂါမဖြစ်အောင်ကာကွယ်ပေးတယ်

ပန်းသီးက ဦးနှောက်လုပ်ဆောင်မှုတွေကို ကောင်းမွန်စေတာကြောင့် အသက်ကြီးလာတဲ့အချိန်မှာ သတိမေ့ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်ချေကိုလျှော့ချပေးတယ်

ပန်းသီးမှာပါဝင်တဲ့ triterpenoids ဒြပ်ပေါင်းက ပန်ကရိယကင်ဆာ၊ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ နဲ့ အသည်းကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာစေတယ်

ပန်းသီးတစ်နေ့တစ်လုံးပုံမှန်စားပေးခြင်းက ခန္ဓာကိုယ်တွင်းက ကိုလက်စထရောပမာဏကိုလျှော့ချပေးတာကြောင့် နှလုံးကိုကျန်းမာစေကာ၊ နှလုံးသွေးကြောရောဂါတွေမဖြစ်အောင် တားဆီးပေးပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်မတက်အောင်လည်း ထိန်းပေးနိုင်တာကြောင့် ဝမှာကြောက်တဲ့သူတွေက ပန်းသီးစားပေးနိုင်ပါတယ်။

freepik

သည်းခြေကျောက်မဖြစ်အောင်တားဆီးပေးတယ်

ခန္ဓာကိုယ်တွင်း ကိုလက်စထရောပမာဏကိုလျှော့ချပေးခြင်းကြောင့် သည်းခြေမှာကျောက်တည်တာမျိုးမဖြစ်အောင်လည်း တားဆီးပေးနိုင်ပါတယ်။

ဝမ်းမှန်စေတယ်

ပန်းသီးမှာပါဝင်တဲ့အမျှင်ဓာတ်တွေက ဝမ်းလျှောဝမ်းပျက်တာကိုသက်သာစေပြီး၊ ဝမ်းမချုပ်အောင်လည်း တားဆီးပေးပါတယ်။ ပန်းသီးဟာ ဝမ်းမှန်စေတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။

ဆီးချိုဖြစ်နိုင်ချေကိုလျှော့ချပေးတယ်

ပန်းသီးက သွေးတွင်းသကြားပမာဏမများအောင် ထိန်းပေးနိုင်တာကြောင့် ဆီးချိုရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အသည်းကိုသန့်စင်စေတယ်

အသည်းက ကိုယ်စားလိုက်တဲ့အစားအသောက်တွေထဲမှာပါလာတဲ့ အဆိပ်အတောက်တွေကို ချေဖျက်ပေးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေအရမ်းများနေရင်တော့ အသည်းကအလုပ်မလုပ်နိုင်တော့ဘဲဖြစ်သွားတတ်ပါတယ်။ အဲ့ဒီပြဿနာကို ပန်းသီးစားပြီးဖြေရှင်းနိုင်ပါတယ်။ ပန်းသီးက အသည်းမှာကျန်ရှိနေတဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်တဲ့အစွမ်းရှိပါတယ်။

freepik

ကိုယ်ခံအားကောင်းစေတယ်

ပန်းသီးမှာ quercetin ဆိုတဲ့ ကိုယ်ခံအားကောင်းစေတဲ့ antioxidant တစ်မျိုးပါဝင်ပါတယ်။ ဒါကြောင့် နေ့တိုင်းပန်းသီးတစ်လုံးစားပေးခြင်းက သင့်ကို လွယ်လွယ်နဲ့ဖျားတာ၊ အအေးမိတာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

လိပ်ခေါင်းရောဂါကိုတောင်သက်သာစေတယ်

ပန်းသီးမှာပါဝင်တဲ့အမျှင်ဓာတ်တွေက ဝမ်းမချုပ်အောင်၊ ဝမ်းမှန်အောင် ကူညီပေးနိုင်တာကြောင့် လိပ်ခေါင်းရောဂါရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ ပန်းသီးကိုပုံမှန်စားပေးရင် လိပ်ခေါင်းရောဂါကိုသက်သာစေနိုင်ပါတယ်။

reference – thehappyphilosopher.com

written  by PP