လူတွေဆိုတာ ပေးနိုင်ကမ်းနိုင်မှ အနားကပ်ချင်ကြတာ

အစစအရာရာ အဆင်ပြေနေပါတယ်လို့ ပြောပြီး ငိုခဲ့ရတဲ့ရက်တွေအကြောင်း အရင်လို မပြောဖြစ်တော့ဘူး ပြောပြလိုက်လို့လဲ ထူးမလာတဲ့ အခြေအနေတစ်ခုမှ အရာရာကို မြိုသိပ်ပြီးနေတတ်နေပါပြီ

အဆင်မပြေဘူးရယ်လို့ ငြီးလိုက်ရုံနဲ့ ကိုယ့်ဘေးနား တစ်ကောင်တစ်မြီးမှ ရှိတော့တာ မဟုတ်ဘူးလေ အဆင်ပြေတုန်းက ဝိုင်းကြီးပတ်ပတ် ဒူဝေဝေဆော့ခဲ့တဲ့သူတွေ အဆင်မပြေတော့ တူတူပုန်းတမ်းကစားတတ်နေကြပြီ

လူတွေဆိုတာ ပေးနိုင်ကမ်းနိုင်မှ အနားကပ်ချင်ကြတယ်ဆိုတာ တကယ်အမှန်ပါ လိုချင်တာတွေ ပေးနေနိုင်သမျှတော့ ကိုယ်က သူတို့အတွက် ဘုရားကပေးတဲ့ ဆုလာဘ်ဆောင်အဖြစ် ရှိနေလိမ့်မယ် မေ

ပေးနိုင်တော့အခါ အတူဘေးနားကပ်ရပ်မိခြင်းကပဲ လာဘ်ပိတ်သလိုလို မတူသလိုလို ဆက်ဆံကြလိမ့်မယ်

ဒါ သဘာဝတွေထဲက သဘာဝပါပဲ သိပ်အများကြီးမခံစားနဲ့ သင်တစ်ခါလေး မကူညီနိုင်တာနဲ့ ကူညီခဲ့ဖူး ပေးကမ်းခဲ့ဖူးတဲ့ အကြိမ်တစ်ရာကို လွယ်လွယ်လေး မေ့ပစ်လိုက်ဖို့ ဝန်မလေးကြဘူးလေ ဒီထက်ဆိုးတာက တစ်ခါလေး ငြင်းမိတာနဲ့ ကိုယ့်ကို ရန်သူကြီးတစ်ယောက်လို မှတ်ထင်ကြခိမ့်မယ် ရင်ထဲ ထားမနေနဲ့

ခွေးတစ်ကောင်ကို ထမင်းတစ်နပ်ကျွေးရင် သင့်ကို သုံးနှစ်အထိ မှတ်မိနေလိမ့်မယ် တဲ့ လူတစ်ယောက်ကို သုံးနှစ်တင်ကျွေးထားလဲ ခြေစုံကန်ပစ်ဖို့က ဒီနေ့လား မနက်ဖြန်လား မသေချာဘူး ဘယ်နေ့မဆို ဖြစ်သွားနိုင်တယ်လေ

ကိုယ့် အဆင်မပြေမှုက ကိုယ်နဲ့ပဲ ဆိုင်ပါတယ် ဘယ်သူနဲ့မှ မဆိုင်ဘူး ကူညီပေးဖို့လဲ ဘယ်သူ့မှာမှ တာဝန်ရှိမနေဘူးလေ အဲ့အတွက် ကိုယ်အဆင်မပြေတဲ့အခါ ကိုယ်ကိုယ်တိုင်ပဲ အဆင်ပြေအောင် နေပါ ကိုယ်မပျော်တဲ့အခါ ကိုယ်ကိုယ်တိုင် ပျော်အောင်နေပါ ဘယ်သူမှ ရှိမနေလို့လဲ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့

ကိုယ်ကောင်းရင် သူပြန်ကောင်းမှာပါလို့လဲ မတွေးနဲ့ ကိုယ်ဘယ်လောက်ပဲ ကောင်းကောင်း သူပြန်ကောင်းချင်မှ ကောင်းနိုင်တာ မေတ္တာဟာ အသွားအပြန်ရှိတာ မှန်ပေမယ့် ကိုယ်ပေးလိုက်လူဆီက ကိုယ်ပြန်ရလိမ့်မယ်လို့တော့ မထစ်ချကြီး ပြောမထားဘူး

ဒါကြောင့် ပေးနိုင်တာတွေ ရှိလာတဲ့အခါ တစ်နေ့ပြန်သိတတ်မှာပါဆိုတဲ့ အတွေးနဲ့ မပေးနဲ့ ကိုယ်ပေးနိုင်တာရှိရင် ပေးလိုက် အဲ့ဒီအနောက်မှာ ဘာကိုမှ မမျှော်လင့်ထား ကြိုပြီးမတွေးထားတာ အကောင်းဆုံးပဲ ။

PStar

အစစအရာရာ အဆင္ေျပေနပါတယ္လို႔ ေျပာၿပီး ငိုခဲ့ရတဲ့ရက္ေတြအေၾကာင္း အရင္လို မေျပာျဖစ္ေတာ့ဘူး ေျပာျပလိုက္လို႔လဲ ထူးမလာတဲ့ အေျခအေနတစ္ခုမွ အရာရာကို ၿမိဳသိပ္ၿပီးေနတတ္ေနပါၿပီ

အဆင္မေျပဘူးရယ္လို႔ ၿငီးလိုက္႐ုံနဲ႔ ကိုယ့္ေဘးနား တစ္​ေကာင္တစ္ၿမီးမွ ရွိေတာ့တာ မဟုတ္ဘူးေလ အဆင္ေျပတုန္းက ဝိုင္းႀကီးပတ္ပတ္ ဒူေဝေဝေဆာ့ခဲ့တဲ့သူေတြ အဆင္မေျပေတာ့ တူတူပုန္းတမ္းကစားတတ္ေနၾကၿပီ

လူေတြဆိုတာ ေပးႏိုင္ကမ္းႏိုင္မွ အနားကပ္ခ်င္ၾကတယ္ဆိုတာ တကယ္အမွန္ပါ လိုခ်င္တာေတြ ေပးေနႏိုင္သမွ်ေတာ့ ကိုယ္က သူတို႔အတြက္ ဘုရားကေပးတဲ့ ဆုလာဘ္ေဆာင္အျဖစ္ ရွိေနလိမ့္မယ္ မေ

ေပးႏိုင္ေတာ့အခါ အတူေဘးနားကပ္ရပ္မိျခင္းကပဲ လာဘ္ပိတ္သလိုလို မတူသလိုလို ဆက္ဆံၾကလိမ့္မယ္

ဒါ သဘာ၀ေတြထဲက သဘာ၀ပါပဲ သိပ္အမ်ားႀကီးမခံစားနဲ႔ သင္တစ္ခါေလး မကူညီႏိုင္တာနဲ႔ ကူညီခဲ့ဖူး ေပးကမ္းခဲ့ဖူးတဲ့ အႀကိမ္တစ္ရာကို လြယ္လြယ္ေလး ေမ့ပစ္လိုက္ဖို႔ ၀န္မေလးၾကဘူးေလ ဒီထက္ဆိုးတာက တစ္ခါေလး ျငင္းမိတာနဲ႔ ကိုယ့္ကို ရန္သူႀကီးတစ္ေယာက္လို မွတ္ထင္ၾကခိမ့္မယ္ ရင္ထဲ ထားမေနနဲ႔

ေခြးတစ္ေကာင္ကို ထမင္းတစ္နပ္ေကြၽးရင္ သင့္ကို သုံးႏွစ္အထိ မွတ္မိေနလိမ့္မယ္ တဲ့ လူတစ္ေယာက္ကို သုံးႏွစ္တင္ေကြၽးထားလဲ ေျခစုံကန္ပစ္ဖို႔က ဒီေန႔လား မနက္ျဖန္လား မေသခ်ာဘူး ဘယ္ေန႔မဆို ျဖစ္သြားႏိုင္တယ္ေလ

ကိုယ့္ အဆင္မေျပမႈက ကိုယ္နဲ႔ပဲ ဆိုင္ပါတယ္ ဘယ္သူနဲ႔မွ မဆိုင္ဘူး ကူညီေပးဖို႔လဲ ဘယ္သူ႔မွာမွ တာ၀န္ရွိမေနဘူးေလ အဲ့အတြက္ ကိုယ္အဆင္မေျပတဲ့အခါ ကိုယ္ကိုယ္တိုင္ပဲ အဆင္ေျပေအာင္ ေနပါ ကိုယ္မေပ်ာ္တဲ့အခါ ကိုယ္ကိုယ္တိုင္ ေပ်ာ္ေအာင္ေနပါ ဘယ္သူမွ ရွိမေနလို႔လဲ ဘယ္သူ႔ကိုမွ အျပစ္မတင္ပါနဲ႔

ကိုယ္ေကာင္းရင္ သူျပန္ေကာင္းမွာပါလို႔လဲ မေတြးနဲ႔ ကိုယ္ဘယ္ေလာက္ပဲ ေကာင္းေကာင္း သူျပန္ေကာင္းခ်င္မွ ေကာင္းႏိုင္တာ ေမတၱာဟာ အသြားအျပန္ရွိတာ မွန္ေပမယ့္ ကိုယ္ေပးလိုက္လူဆီက ကိုယ္ျပန္ရလိမ့္မယ္လို႔ေတာ့ မထစ္ခ်ႀကီး ေျပာမထားဘူး

ဒါေၾကာင့္ ေပးႏိုင္တာေတြ ရွိလာတဲ့အခါ တစ္ေန႔ျပန္သိတတ္မွာပါဆိုတဲ့ အေတြးနဲ႔ မေပးနဲ႔ ကိုယ္ေပးႏိုင္တာရွိရင္ ေပးလိုက္ အဲ့ဒီအေနာက္မွာ ဘာကိုမွ မေမွ်ာ္လင့္ထား ႀကိဳၿပီးမေတြးထားတာ အေကာင္းဆုံးပဲ ။

PStar