ချီးမွမ်းတာ၊ကဲ့ရဲ့တာ – ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)

ချီးမွမ်းတာ၊ကဲ့ရဲ့တာ

လူတွေဟာ သူတို့အတွေးနဲ့သူတို့ ချီးမွမ်းချင်ချီးမွမ်းမယ်၊ ကဲ့ရဲ့ချင်ကဲ့ရဲ့မယ်။ တစ်ခါတလေ ချီးမွမ်းစရာမဟုတ်တာကိုချီးမွမ်းတတ်တယ်၊ ကဲ့ရဲ့စရာမဟုတ်တာကိုကဲ့ရဲ့တတ်တယ်။ တစ်ခါတလေ စိတ်ထဲကမပါဘဲ ပါးစပ်ဖျားကချီးမွမ်းတတ်တယ်။ အဲဒါတွေကြောင့် ကိုယ်ကလိုက်ပြီးစိတ်လှုပ်ရှားနေရင် ကိုယ်ဟာ တော်တော်စိတ်ဓာတ်မခိုင်မာတဲ့သူဖြစ်နေမှာပေါ့။

ချီးမွမ်းတာ၊ ကဲ့ရဲ့တာကို ဘယ်လိုမှသဘောမထားဘဲနဲ့ ကိုယ့်ဟာကိုယ် စိတ်တည်တည်ငြိမ်ငြိမ်၊ အေးအေးချမ်းချမ်းနဲ့ ကိုယ်လုပ်သင့်တဲ့အလုပ်ကို ဖြောင့်ဖြောင့်တန်းတန်းလုပ်နိုင်မှသာ စိတ်ဓာတ်ရင့်ကျက်တဲ့သူလို့ခေါ်နိုင်ပါတယ်။

သူတို့ဝေဖန်တိုင်း ကိုယ်ကစိတ်ဆင်းရဲမယ်ဆိုရင် သူတို့နှိပ်စက်တာကို ကိုယ်ကခံနေရသလိုဖြစ်သွားပြီ။

လူတွေကိုတော့လေးစားပါ၊ ဒါပေမယ့် သူတို့ဝေဖန်တာတွေကိုတော့ သိပ်ဂရုမစိုက်ပါနဲ့။ ဘာလို့တုန်းဆိုတော့ လူတွေရဲ့ဝေဖန်ချက်တွေဟာ တဖက်သတ်ဖြစ်နေတာများတယ်။ တကယ်မှန်ကန်တဲ့ မြင့်မြတ်တဲ့အသိဉာဏ်နဲ့ကြည့်ပြီး မျှမျှတတဝေဖန်နိုင်တဲ့သူဟာ ဒီလောကမှာ အင်မတန်ရှားတယ်။

ကိုယ့်ကိုယ်ကိုအထင်မသေးတဲ့သူဟာ သူများကိုယ့်ကိုအထင်သေးတာကို ဂရုမစိုက်ဘူး။ ကိုယ့်ကိုယ်ကိုကျေနပ်နေတဲ့သူဟာ သူများဘာပြောပြော ခံနိုင်တယ်။

သူများကိုယ့်ကိုအပြစ်တင်တာကို မခံချင်ဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကို ကိုယ်အပြစ်တင်နေတာကို ပိုပြီးမခံချင်ဘူး။

သူတို့တန်ဖိုးထားမှ ငါဟာတန်ဖိုးရှိတဲ့သူဖြစ်မယ်။ အဲဒီလို ယူဆသလား။ အဲဒီလိုယူဆရင် ကိုယ့်တန်ဖိုးဟာ သူတို့လက်ထဲရောက်သွားပြီ။ ကိုယ့်ကိုသူများက တန်ဖိုးဖြတ်ပေးနေပြီ။

ကိုယ့်ဂုဏ်သိက္ခာကိုထိခိုက်အောင် လုပ်နိုင်တဲ့အစွမ်းရှိတဲ့သူဟာ ဒီလောကမှာတစ်ယောက်ထဲပဲရှိတယ်။ အဲဒါ ကိုယ်ပဲ။

ကိုယ့်ကိုယ်ကိုစိတ်ထားညံ့တဲ့သူဖြစ်အောင်လုပ်မှ ကိုယ့်ရဲ့တန်ဖိုးဟာကျသွားတာ။ ကိုယ့်တန်ဖိုးမကျချင်ရင် ကိုယ့်စိတ်ထဲက သူများကိုရှုံ့ချချင်နေတဲ့အတွေးတွေ၊ ဒုက္ခရောက်စေချင်နေတဲ့အတွေးတွေ၊စိတ်ထားတွေကိုပဲ ရပ်လိုက်တာဟာ အကောင်းဆုံးအဖြေပဲ။

ကိုယ်ချင်းစာတယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ ခက်ပါတယ်။ ပြီးတော့ ဉာဏ်ရှိမှလည်းလုပ်နိုင်တယ်။ ကိုယ်ချင်းမစာနိုင်ပဲ လွယ်လွယ်နဲ့တဖက်သတ်စွပ်စွဲတဲ့သူတွေဟာ ပျင်းတဲ့သူတွေ၊ ဉာဏ်နဲတဲ့သူတွေဖြစ်တယ်။

ငါ့ဘဝ ရှေ့ကိုတိုးတက်ဖို့အရေးမှာ သူတို့ရဲ့ဝေဖန်ချက်တွေ၊ သူတို့ရဲ့ယုံကြည်ချက်တွေ၊ သူတို့ရဲ့ခံယူချက်တွေ၊ သူတို့ရဲ့ထင်မြင်ချက်တွေဟာ အနှောင့်အယှက်လည်းမဖြစ်ဘူး၊ အတားအဆီးလည်းမဖြစ်ဘူး။

သူများကစေတနာမှန်မှန်နဲ့ ကောင်းကောင်းမွန်မွန်ဝေဖန်တာကို ကိုယ်ကစိတ်ညစ်သွားတယ်၊ စိတ်ဆိုးသွားတယ်၊ စိတ်ဓာတ်ကျသွားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုပြန်ပြောပါ။ ‘ငါလုပ်ပုံလွဲနေတာကိုထောက်ပြတာ၊ ဝေဖန်တာ၊ ငါမယူတတ်လို့၊ငါသဘောထားမမှန်လို့ ငါစိတ်ဆင်းရဲရတာ’ အဲဒီလိုသဘောထားမျိုးထားနိုင်ရမယ်။ ဒါမှ ရင့်ကျက်တဲ့စိတ်ထားရှိတယ်၊ ဒါမှတိုးတက်မယ်၊ ဒါမှစိတ်ချမ်းသာမယ်။

စိတ်နေသဘောထားလေးနက်တဲ့သူ၊ ရင့်ကျက်တဲ့သူ၊ သဘောထားကြီးတဲ့သူဟာ သူများလုပ်တာ လွဲတာမှားတာကိုမြင်ရတဲ့အခါ အဲဒီအလုပ်ကိုပဲလွဲကြောင်းမှားကြောင်း ဘယ်လိုလုပ်ရင်ကောင်းတဲ့အကြောင်းကို ပြောတယ်။ စိတ်နေသဘောထားမလေးနက်တဲ့သူ၊ မရင့်ကျက်တဲ့သူ၊ သဘောထား သေးတဲ့သူဟာ သူများလုပ်တာ လွဲမှားတာကိုမြင်ရတဲ့အခါ အဲဒီအလုပ်ကိုဝေဖန်ပြီး ဘယ်လိုလုပ်ရင်ကောင်းမယ်လို့မပြောပဲ – လုပ်တဲ့သူမကောင်းကြောင်း ပုဂ္ဂိုလ်ကိုဦးတည်ပြီး ပုဂ္ဂိုလ်ရေးရှုံ့ချတဲ့စကားမျိုး ပြောတတ်တယ်။ ပုဂ္ဂိုလ်ကိုချိုးချိုးဖဲ့ဖဲ့ဝေဖန်တာ ရက်စက်ချင်တဲ့စေတနာပါတယ်။ သူများကိုဘယ်လိုလူစားလို့ပြောတာဟာ ကိုယ့်ကိုယ်ကိုဘယ်လိုလူစားလို့ဖော်ပြနေတာနဲ့ တူနေတယ်။ ငါဟာသူများမကောင်းကြောင်းပြောနေရမှ နေသာထိုင်သာရှိတယ်။ သူများနာမည်ဆိုးရမှ ငါနာမည်ကောင်းရမယ်လို့ အဓိပ္ပါယ်ပေါက်သွားတယ်။ ကိုယ်ကသူများကို အပြစ်တင်နေတာ၊ရှုံ့ချနေတာဟာ သူဘယ်လိုလူဆိုတာ တကယ်တော့သိပ်မပေါ်လွင်ဘူး၊ ငါဘယ်လိုလူဆိုတာတော့ သေသေချာချာပေါ်လွင်သွားပြီ။

သူ့ဂုဏ်သိက္ခာကျအောင် ငါပြောမယ်ဆိုရင် သူ့ကိုမပြောခင်မှာ ငါကအရင်ဆုံး ဂုဏ်သိက္ခာကျသွားပြီ။ သူများအပြစ်ကို များများရှာပြီးပြောနေတဲ့သူဟာ ကိုယ့်ဂုဏ်သိက္ခာကိုကိုယ်ချတာပဲ။ သူများကိုဂုဏ်သိက္ခာချပြီးမှ ကိုယ့်ဂုဏ်ကိုတင်လို့ရမယ့်ဘဝကို ရောက်နေရပြီး.. ငါသူများကို အများကြီးဂုဏ်သိက္ခာချတဲ့စကားတွေပြောရင် သူ့ဂုဏ်သိက္ခာကျဖို့ မသေချာဘူး။ ကိုယ့်ဂုဏ်သိက္ခာကျဖို့တော့ သေချာတယ်။

ငါ့ဘဝဟာ သူများကိုအပြစ်တင်နေရမှဖြစ်မယ့်ဘဝ ရောက်နေပြီလားဆိုတာ ကိုယ့်ကိုယ်ကိုမေးပါ။ သူများသူယုတ်မာဖြစ်မှ ကိုယ်သူတော်ကောင်းဖြစ်မှာလား။ သူများအပြစ်ကိုများများတွေးလေ ကိုယ့်ဘဝမတိုးတက်လေဘဲ။ မနာလိုတဲ့စိတ်နဲ့ သူများအကြောင်းများများတွေး၊ သူများအပြစ်ကိုပဲစိတ်ဝင်စားနေရင် ကိုယ်လုပ်သင့်တာကို ကိုယ်မလုပ်ဖြစ်တော့ဘူး။

သူတစ်ပါးကိုမုန်းတီးနေတဲ့သူ၊ အပြစ်တင်နေတဲ့သူဟာ အောင်မြင်တဲ့သူမဖြစ်နိုင်ဘူး။ ဘဝဟာ အင်မတန်တိုတောင်းပါတယ်။ သူများမကောင်းကြောင်းတွေထိုင်တွေးနေဖို့ အချိန်မရှိပါဘူး၊၊ သူတစ်ပါးအမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခုများတွေ့တဲ့အခါ ကိုယ့်မျက်နှာကိုမှန်ထဲမှာကြည့်နေတယ်လို့ သဘောထားပါ၊၊

သူတစ်ပါးကိုအပြစ်မြင်လို့ရှိရင် အဲဒီအပြစ်မျိုးကိုယ့်မှာရှာကြည့်ပါ။ ရှိနေတတ်တာပဲများပါတယ်။ သူတစ်ပါးမှာကောင်းတာမြင်ရင်လည်း အဲဒီလိုကောင်းတာ ငါ့မှာကောမရှိဘူးလား။ ရှိရင်ကောင်းပါတယ်။ ကောင်းသည်ထက်ကောင်းအောင်ကြိုးစားရမယ်။ မရှိသေးရင်တော့ ရှိလာအောင်ကြိုးစားရမယ်။

သူများကို အကြောင်းတစ်ခုခုကြောင့်အပြစ်တင်တာ လွန်ကဲလာရင် အဲဒီအပြစ်မျိုး ကိုယ့်မှာလည်းရှိလို့၊ လက်မခံချင်လို့၊ ဖုံးထားချင်လို့ဆိုတာ ရိုးရိုးသားသားသတ္တိရှိရှိကြည့်ဖို့ လိုတယ်။

သူများအကြောင်းကိုအကောင်းတွေးပါ။ သူများအကြောင်းအကောင်းတွေးလို့ရှိရင် ကိုယ့်အကြောင်းကိုပါအကောင်းတွေးပြီးသားဖြစ်သွားပါတယ်။ သူများမှာရှိနေတဲ့ကောင်းတဲ့ဂုဏ်ကို ကိုယ်ကတန်ဖိုးမထားနိုင်ရင်၊ အသိအမှတ်မပြုနိုင်ရင် အဲဒီလိုဂုဏ်မျိုး အဲဒီလိုအရည်အချင်းမျိုး ကိုယ့်မှာမရနိုင်တော့ဘူး။ ကိုယ့်လမ်း ကိုယ်ပိတ်လိုက်တာပဲ၊၊ ကိုယ့်မှာ ကောင်းတဲ့ဂုဏ်၊ ကောင်းတဲ့အရည်အချင်းတွေ များများလိုချင်ရင် သူများရဲ့ကောင်းတဲ့ဂုဏ်၊ ကောင်းတဲ့အရည်အချင်းတွေကို များများမြင်အောင်ကြည့်ပြီးတော့ စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ရိုးရိုးသားသား အသိအမှတ်ပြုပါ။ ရင်ထဲက လှိုက်လှိုက်လှဲလှဲချီးမွမ်းပါ။ အဲဒါ အင်မတန်အရေးကြီးတဲ့အချက်ပဲ။ အောင်မြင်ချင်တယ်၊ ကြီးပွားချင်တယ်ဆိုရင် သူတစ်ပါးရဲ့ကောင်းတဲ့ဂုဏ်လေးတွေကို ကြည့်ပါ၊ အသိအမှတ်ပြုပါ။

မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ဂုဏ်ကို အာရုံပြုတာများရင် ကိုယ့်ကိုယ်တိုင် မြင့်မြတ်တဲ့သူဖြစ်ချင်လာတယ်။

တန်ဖိုးရှိတဲ့မြင့်မြတ်တဲ့အလုပ်ကိုလုပ်နေတဲ့သူဟာ နေ့စဉ် မလွဲှသာမရှောင်သာတွေ့ရတတ်တဲ့ အဆင်မပြေမှုလေးတွေကို ဂရုမစိုက်ဘူး၊ မတုံ့ပြန်ဘူး၊ သူ့မှာအဲဒါတွေအတွက် အချိန်နဲ့အင်အားကို မပေးနိုင်ဘူး။ အသိအမြင်မကျဉ်းမြောင်းတဲ့သူဟာ အသေးအမွှားအဆိုးတွေကို အသေးစိတ်မတွေးဘူး။ ဒါကို လေးလေးနက်နက်နားလည်ဖို့လိုတယ်

အသေးအမွှားအဆိုးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာကိုမခံချင်ရင် အရေးကြီးတဲ့အလုပ်၊ တန်ဖိုးရှိတဲ့အလုပ်တွေကို အချိန်ပြည့်လုပ်နေပါ။ ကောင်းတဲ့အလုပ်၊ တန်ဖိုးရှိတဲ့အလုပ်တွေကို သဘောထားကြီးကြီး ရည်မှန်းချက်ကြီးကြီးနဲ့လုပ်နေတဲ့သူဟာ သူများ ကိုယ့်အကြောင်းချီးမွမ်းတာကိုလည်း ခေါင်းထဲမှာကြာကြာမထားနိုင်ဘူး။ ကဲ့ရဲ့တာကိုလည်း ခေါင်းထဲမှာကြာကြာမထားနိုင်ဘူး။

အသေးအမွှားအဆိုးတွေကို ဘယ်သူတွေကတွေးသလဲဆိုတော့ ဘာမှအလုပ်မရှိတဲ့သူတွေကတွေးတယ်။ အဆိုးတွေကိုပုံကြီးချဲ့ပြီးတွေးနေတဲ့အခါ ကိုယ့်ကိုယ်ကိုမေးပါ။ ဒါဟာ ငါ အလုပ်ကြီးအကိုင်ကြီးလုပ်နေတာလားလို့။

သာမန်အားဖြင့်စဉ်းစားရင်တော့ ငါ့ကို ဘယ်သူမှမကောင်းမပြောရင်ကောင်းမှာပဲလို့ ယူဆမှာပဲနော်။ အမှန်ကတော့ အဲဒီလိုယူဆတာ မကောင်းဘူး။ ငါ့ကို ဘယ်သူမှမကောင်းမပြောရင် ငါဟာ ရင့်ကျက်လာတဲ့သူဖြစ်မလာနိုင်ဘူး။ ကိုယ့်ကိုချီးမွမ်းနေတဲ့ကြားမှာ ပြုံးပြုံးလေးနေရတာ ဘာမှအခက်အခဲမရှိဘူး။ အဲဒါ ရင့်ကျက်မှုမဟုတ်ဘူး။ ကိုယ့်ကို အကောင်းပြောတဲ့အခါလည်းရှိတယ်။ အဆိုးပြောတဲ့အခါလည်းရှိတယ်။ ချီးမွမ်းခြင်း၊ကဲ့ရဲ့ခြင်းဆိုတာ လောကဓမ္မတာပဲ။ အထိုက်အလျောက်ခံနိုင်ရည် ရှိကိုရှိမှဖြစ်မယ်။ လုံးဝအပြောမခံနိုင်ရင် လောကကြီးမှာနေလို့မဖြစ်ဘူး။ “နတ္ထိလောကေ အနိန္ဒိတော” လောကမှာ အပြစ်တင်မခံရတဲ့သူ မရှိပါဘူးတဲ့။ မြတ်စွာဘုရားတောင်မှ မလွတ်ပါဘူး။ အဲဒီလိုမှန်ကန်တဲ့နည်းနဲ့ ယောနိသောမနသိကာရနဲ့ ကိုယ့်စိတ်ကိုကြည့်ပြီးတော့ နက်နဲတဲ့သဘောထား၊ သည်းခံနိုင်တဲ့သဘောထားမျိုး ရသွားတဲ့အခါမှာ စိတ်ကချမ်းသာသွားတယ်။ ဘဝမှာကြုံတွေ့ရမယ့် အခက်အခဲပေါင်းများစွာအတွက် ထားရမယ့်အခြေခံသဘောထားမှန်ကို ရသွားပြီ။ အခက်အခဲတွေကို တစ်ခုချင်းလိုက်ပြီးဖြေရှင်းစရာ မလိုတော့ဘူး။ အခြေခံသဘောထားကို မှန်အောင်ပြင်လို့ရသွားပြီဆိုရင် ပြဿနာပေါင်းများစွာဟာ ဖြေရှင်းပြီးသားဖြစ်သွားတယ်၊၊

သူကကိုယ့်ကိုဆဲလို့ ကိုယ်ကသူ့ကိုပြန်ဆဲတာ အမှန်တော့ သူနဲ့ကိုယ်နဲ့ ရင်းနှီးမှုတစ်မျိုးရသွားတာပဲ။ တစ်ယောက်ယောက်နဲ့ရန်ဖြစ်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုပြန်မေးပါ၊ ငါ သူနဲ့ ဒါလောက်တရင်းတနှီးဆက်ဆံချင်သလား။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)

“တွေးမိတိုင်းပျော်တယ်”စာအုပ်၏ စာမျက်နှာ(၂၂၈)မှ ကူးယူဖော်ပြပါသည်၊၊

ခ်ီးမြမ္းတာ၊ကဲ့ရဲ႕တာ

လူေတြဟာ သူတို႔အေတြးနဲ႔သူတို႔ ခ်ီးမြမ္းခ်င္ခ်ီးမြမ္းမယ္၊ ကဲ့ရဲ႕ခ်င္ကဲ့ရဲ႕မယ္။ တစ္ခါတေလ ခ်ီးမြမ္းစရာမဟုတ္တာကိုခ်ီးမြမ္းတတ္တယ္၊ ကဲ့ရဲ႕စရာမဟုတ္တာကိုကဲ့ရဲ႕တတ္တယ္။ တစ္ခါတေလ စိတ္ထဲကမပါဘဲ ပါးစပ္ဖ်ားကခ်ီးမြမ္းတတ္တယ္။ အဲဒါေတြေၾကာင့္ ကိုယ္ကလိုက္ၿပီးစိတ္လႈပ္ရွားေနရင္ ကိုယ္ဟာ ေတာ္ေတာ္စိတ္ဓာတ္မခိုင္မာတဲ့သူျဖစ္ေနမွာေပါ့။

ခ်ီးမြမ္းတာ၊ ကဲ့ရဲ႕တာကို ဘယ္လိုမွသေဘာမထားဘဲနဲ႔ ကိုယ့္ဟာကိုယ္ စိတ္တည္တည္ၿငိမ္ၿငိမ္၊ ေအးေအးခ်မ္းခ်မ္းနဲ႔ ကိုယ္လုပ္သင့္တဲ့အလုပ္ကို ေျဖာင့္ေျဖာင့္တန္းတန္းလုပ္ႏိုင္မွသာ စိတ္ဓာတ္ရင့္က်က္တဲ့သူလို႔ေခၚႏိုင္ပါတယ္။

သူတို႔ေဝဖန္တိုင္း ကိုယ္ကစိတ္ဆင္းရဲမယ္ဆိုရင္ သူတို႔နွိပ္စက္တာကို ကိုယ္ကခံေနရသလိုျဖစ္သြားၿပီ။

လူေတြကိုေတာ့ေလးစားပါ၊ ဒါေပမယ့္ သူတို႔ေဝဖန္တာေတြကိုေတာ့ သိပ္ဂရုမစိုက္ပါနဲ႔။ ဘာလို႔တုန္းဆိုေတာ့ လူေတြရဲ႕ေဝဖန္ခ်က္ေတြဟာ တဖက္သတ္ျဖစ္ေနတာမ်ားတယ္။ တကယ္မွန္ကန္တဲ့ ျမင့္ျမတ္တဲ့အသိဥာဏ္နဲ႔ၾကည့္ၿပီး မွ်မွ်တတေဝဖန္ႏိုင္တဲ့သူဟာ ဒီေလာကမွာ အင္မတန္ရွားတယ္။

ကိုယ့္ကိုယ္ကိုအထင္မေသးတဲ့သူဟာ သူမ်ားကိုယ့္ကိုအထင္ေသးတာကို ဂရုမစိုက္ဘူး။ ကိုယ့္ကိုယ္ကိုေက်နပ္ေနတဲ့သူဟာ သူမ်ားဘာေျပာေျပာ ခံႏိုင္တယ္။

သူမ်ားကိုယ့္ကိုအျပစ္တင္တာကို မခံခ်င္ဘူး။ ဒါေပမယ့္ ကိုယ့္ကိုယ္ကို ကိုယ္အျပစ္တင္ေနတာကို ပိုၿပီးမခံခ်င္ဘူး။

သူတို႔တန္ဖိုးထားမွ ငါဟာတန္ဖိုးရိွတဲ့သူျဖစ္မယ္။ အဲဒီလို ယူဆသလား။ အဲဒီလိုယူဆရင္ ကိုယ့္တန္ဖိုးဟာ သူတို႔လက္ထဲေရာက္သြားၿပီ။ ကိုယ့္ကိုသူမ်ားက တန္ဖိုးျဖတ္ေပးေနၿပီ။

ကိုယ့္ဂုဏ္သိကၡာကိုထိခိုက္ေအာင္ လုပ္ႏိုင္တဲ့အစြမ္းရိွတဲ့သူဟာ ဒီေလာကမွာတစ္ေယာက္ထဲပဲရိွတယ္။ အဲဒါ ကိုယ္ပဲ။

ကိုယ့္ကိုယ္ကိုစိတ္ထားညံ့တဲ့သူျဖစ္ေအာင္လုပ္မွ ကိုယ့္ရဲ႕တန္ဖိုးဟာက်သြားတာ။ ကိုယ့္တန္ဖိုးမက်ခ်င္ရင္ ကိုယ့္စိတ္ထဲက သူမ်ားကိုရံႈ႕ခ်ခ်င္ေနတဲ့အေတြးေတြ၊ ဒုကၡေရာက္ေစခ်င္ေနတဲ့အေတြးေတြ၊စိတ္ထားေတြကိုပဲ ရပ္လိုက္တာဟာ အေကာင္းဆံုးအေျဖပဲ။

ကိုယ္ခ်င္းစာတယ္ဆိုတာ လြယ္တဲ့အလုပ္မဟုတ္ပါဘူး။ ခက္ပါတယ္။ ၿပီးေတာ့ ဥာဏ္ရိွမွလည္းလုပ္ႏိုင္တယ္။ ကိုယ္ခ်င္းမစာႏိုင္ပဲ လြယ္လြယ္နဲ႔တဖက္သတ္စြပ္စဲြတဲ့သူေတြဟာ ပ်င္းတဲ့သူေတြ၊ ဥာဏ္နဲတဲ့သူေတြျဖစ္တယ္။

ငါ့ဘဝ ေရွ႕ကိုတိုးတက္ဖို႔အေရးမွာ သူတို႔ရဲ႕ေဝဖန္ခ်က္ေတြ၊ သူတို႔ရဲ႕ယံုၾကည္ခ်က္ေတြ၊ သူတို႔ရဲ႕ခံယူခ်က္ေတြ၊ သူတို႔ရဲ႕ထင္ျမင္ခ်က္ေတြဟာ အေႏွာင့္အယွက္လည္းမျဖစ္ဘူး၊ အတားအဆီးလည္းမျဖစ္ဘူး။

သူမ်ားကေစတနာမွန္မွန္နဲ႔ ေကာင္းေကာင္းမြန္မြန္ေဝဖန္တာကို ကိုယ္ကစိတ္ညစ္သြားတယ္၊ စိတ္ဆိုးသြားတယ္၊ စိတ္ဓာတ္က်သြားတယ္ဆိုရင္ ကိုယ့္ကိုယ္ကိုျပန္ေျပာပါ။ ‘ငါလုပ္ပံုလဲြေနတာကိုေထာက္ျပတာ၊ ေဝဖန္တာ၊ ငါမယူတတ္လို႔၊ငါသေဘာထားမမွန္လို႔ ငါစိတ္ဆင္းရဲရတာ’ အဲဒီလိုသေဘာထားမ်ိဳးထားႏိုင္ရမယ္။ ဒါမွ ရင့္က်က္တဲ့စိတ္ထားရိွတယ္၊ ဒါမွတိုးတက္မယ္၊ ဒါမွစိတ္ခ်မ္းသာမယ္။

စိတ္ေနသေဘာထားေလးနက္တဲ့သူ၊ ရင့္က်က္တဲ့သူ၊ သေဘာထားႀကီးတဲ့သူဟာ သူမ်ားလုပ္တာ လဲြတာမွားတာကိုျမင္ရတဲ့အခါ အဲဒီအလုပ္ကိုပဲလဲြေၾကာင္းမွားေၾကာင္း ဘယ္လိုလုပ္ရင္ေကာင္းတဲ့အေၾကာင္းကို ေျပာတယ္။ စိတ္ေနသေဘာထားမေလးနက္တဲ့သူ၊ မရင့္က်က္တဲ့သူ၊ သေဘာထား ေသးတဲ့သူဟာ သူမ်ားလုပ္တာ လဲြမွားတာကိုျမင္ရတဲ့အခါ အဲဒီအလုပ္ကိုေဝဖန္ၿပီး ဘယ္လုိလုပ္ရင္ေကာင္းမယ္လို႔မေျပာပဲ – လုပ္တဲ့သူမေကာင္းေၾကာင္း ပုဂၢိဳလ္ကိုဦးတည္ၿပီး ပုဂၢိဳလ္ေရးရံႈ႕ခ်တဲ့စကားမ်ိဳး ေျပာတတ္တယ္။ ပုဂၢိဳလ္ကိုခ်ိဳးခ်ိဳးဖဲ့ဖဲ့ေဝဖန္တာ ရက္စက္ခ်င္တဲ့ေစတနာပါတယ္။ သူမ်ားကိုဘယ္လိုလူစားလို႔ေျပာတာဟာ ကိုယ့္ကိုယ္ကိုဘယ္လိုလူစားလို႔ေဖာ္ျပေနတာနဲ႔ တူေနတယ္။ ငါဟာသူမ်ားမေကာင္းေၾကာင္းေျပာေနရမွ ေနသာထိုင္သာရိွတယ္။ သူမ်ားနာမည္ဆိုးရမွ ငါနာမည္ေကာင္းရမယ္လို႔ အဓိပၸါယ္ေပါက္သြားတယ္။ ကိုယ္ကသူမ်ားကို အျပစ္တင္ေနတာ၊ရံႈ႕ခ်ေနတာဟာ သူဘယ္လိုလူဆိုတာ တကယ္ေတာ့သိပ္မေပၚလြင္ဘူး၊ ငါဘယ္လိုလူဆိုတာေတာ့ ေသေသခ်ာခ်ာေပၚလြင္သြားၿပီ။

သူ႔ဂုဏ္သိကၡာက်ေအာင္ ငါေျပာမယ္ဆိုရင္ သူ႔ကိုမေျပာခင္မွာ ငါကအရင္ဆံုး ဂုဏ္သိကၡာက်သြားၿပီ။ သူမ်ားအျပစ္ကို မ်ားမ်ားရွာၿပီးေျပာေနတဲ့သူဟာ ကိုယ့္ဂုဏ္သိကၡာကိုကိုယ္ခ်တာပဲ။ သူမ်ားကိုဂုဏ္သိကၡာခ်ၿပီးမွ ကိုယ့္ဂုဏ္ကိုတင္လို႔ရမယ့္ဘဝကို ေရာက္ေနရၿပီး.. ငါသူမ်ားကို အမ်ားႀကီးဂုဏ္သိကၡာခ်တဲ့စကားေတြေျပာရင္ သူ႔ဂုဏ္သိကၡာက်ဖို႔ မေသခ်ာဘူး။ ကိုယ့္ဂုဏ္သိကၡာက်ဖို႔ေတာ့ ေသခ်ာတယ္။

ငါ့ဘဝဟာ သူမ်ားကိုအျပစ္တင္ေနရမွျဖစ္မယ့္ဘဝ ေရာက္ေနၿပီလားဆိုတာ ကိုယ့္ကိုယ္ကိုေမးပါ။ သူမ်ားသူယုတ္မာျဖစ္မွ ကိုယ္သူေတာ္ေကာင္းျဖစ္မွာလား။ သူမ်ားအျပစ္ကိုမ်ားမ်ားေတြးေလ ကိုယ့္ဘဝမတိုးတက္ေလဘဲ။ မနာလိုတဲ့စိတ္နဲ႔ သူမ်ားအေၾကာင္းမ်ားမ်ားေတြး၊ သူမ်ားအျပစ္ကိုပဲစိတ္ဝင္စားေနရင္ ကိုယ္လုပ္သင့္တာကို ကိုယ္မလုပ္ျဖစ္ေတာ့ဘူး။

သူတစ္ပါးကိုမုန္းတီးေနတဲ့သူ၊ အျပစ္တင္ေနတဲ့သူဟာ ေအာင္ျမင္တဲ့သူမျဖစ္ႏိုင္ဘူး။ ဘဝဟာ အင္မတန္တိုေတာင္းပါတယ္။ သူမ်ားမေကာင္းေၾကာင္းေတြထိုင္ေတြးေနဖို႔ အခ်ိန္မရွိပါဘူး၊၊ သူတစ္ပါးအမွားတစ္ခုခု ခ်ိဳ႕ယြင္းခ်က္တစ္ခုခုမ်ားေတြ႔တဲ့အခါ ကိုယ့္မ်က္နွာကိုမွန္ထဲမွာႀကည့္ေနတယ္လို႔ သေဘာထားပါ၊၊

သူတစ္ပါးကိုအျပစ္ျမင္လို႔ရိွရင္ အဲဒီအျပစ္မ်ိဳးကိုယ့္မွာရွာၾကည့္ပါ။ ရိွေနတတ္တာပဲမ်ားပါတယ္။ သူတစ္ပါးမွာေကာင္းတာျမင္ရင္လည္း အဲဒီလိုေကာင္းတာ ငါ့မွာေကာမရိွဘူးလား။ ရွိရင္ေကာင္းပါတယ္။ ေကာင္းသည္ထက္ေကာင္းေအာင္ႀကိဳးစားရမယ္။ မရိွေသးရင္ေတာ့ ရိွလာေအာင္ႀကိဳးစားရမယ္။

သူမ်ားကို အေၾကာင္းတစ္ခုခုေၾကာင့္အျပစ္တင္တာ လြန္ကဲလာရင္ အဲဒီအျပစ္မ်ိဳး ကိုယ့္မွာလည္းရိွလို႔၊ လက္မခံခ်င္လို႔၊ ဖံုးထားခ်င္လို႔ဆိုတာ ရိုးရိုးသားသားသတိၱရိွရိွၾကည့္ဖို႔ လိုတယ္။

သူမ်ားအေၾကာင္းကိုအေကာင္းေတြးပါ။ သူမ်ားအေၾကာင္းအေကာင္းေတြးလို႔ရိွရင္ ကိုယ့္အေၾကာင္းကိုပါအေကာင္းေတြးၿပီးသားျဖစ္သြားပါတယ္။ သူမ်ားမွာရိွေနတဲ့ေကာင္းတဲ့ဂုဏ္ကို ကိုယ္ကတန္ဖိုးမထားႏိုင္ရင္၊ အသိအမွတ္မျပဳႏိုင္ရင္ အဲဒီလိုဂုဏ္မ်ိဳး အဲဒီလိုအရည္အခ်င္းမ်ိဳး ကိုယ့္မွာမရႏိုင္ေတာ့ဘူး။ ကိုယ့္လမ္း ကိုယ္ပိတ္လိုက္တာပဲ၊၊ ကိုယ့္မွာ ေကာင္းတဲ့ဂုဏ္၊ ေကာင္းတဲ့အရည္အခ်င္းေတြ မ်ားမ်ားလိုခ်င္ရင္ သူမ်ားရဲ႕ေကာင္းတဲ့ဂုဏ္၊ ေကာင္းတဲ့အရည္အခ်င္းေတြကို မ်ားမ်ားျမင္ေအာင္ၾကည့္ၿပီးေတာ့ စိတ္ထဲက လိႈက္လိႈက္လွဲလွဲ ရိုးရိုးသားသား အသိအမွတ္ျပဳပါ။ ရင္ထဲက လိႈက္လိႈက္လွဲလွဲခ်ီးမြမ္းပါ။ အဲဒါ အင္မတန္အေရးႀကီးတဲ့အခ်က္ပဲ။ ေအာင္ျမင္ခ်င္တယ္၊ ႀကီးပြားခ်င္တယ္ဆိုရင္ သူတစ္ပါးရဲ႕ေကာင္းတဲ့ဂုဏ္ေလးေတြကို ၾကည့္ပါ၊ အသိအမွတ္ျပဳပါ။

ျမင့္ျမတ္တဲ့ပုဂၢိဳလ္ရဲ႕ဂုဏ္ကို အာရံုျပဳတာမ်ားရင္ ကိုယ့္ကိုယ္တိုင္ ျမင့္ျမတ္တဲ့သူျဖစ္ခ်င္လာတယ္။

တန္ဖိုးရိွတဲ့ျမင့္ျမတ္တဲ့အလုပ္ကိုလုပ္ေနတဲ့သူဟာ ေန႔စဥ္ မလဲႊသာမေရွာင္သာေတြ႔ရတတ္တဲ့ အဆင္မေျပမႈေလးေတြကို ဂရုမစိုက္ဘူး၊ မတုံ႔ျပန္ဘူး၊ သူ႔မွာအဲဒါေတြအတြက္ အခ်ိန္နဲ႔အင္အားကို မေပးႏိုင္ဘူး။ အသိအျမင္မက်ဥ္းေျမာင္းတဲ့သူဟာ အေသးအမႊားအဆိုးေတြကို အေသးစိတ္မေတြးဘူး။ ဒါကို ေလးေလးနက္နက္နားလည္ဖို႔လိုတယ္

အေသးအမႊားအဆိုးေတြေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္တာကိုမခံခ်င္ရင္ အေရးႀကီးတဲ့အလုပ္၊ တန္ဖိုးရိွတဲ့အလုပ္ေတြကို အခ်ိန္ျပည့္လုပ္ေနပါ။ ေကာင္းတဲ့အလုပ္၊ တန္ဖိုးရိွတဲ့အလုပ္ေတြကို သေဘာထားႀကီးႀကီး ရည္မွန္းခ်က္ႀကီးႀကီးနဲ႔လုပ္ေနတဲ့သူဟာ သူမ်ား ကိုယ့္အေၾကာင္းခ်ီးမြမ္းတာကိုလည္း ေခါင္းထဲမွာၾကာၾကာမထားႏိုင္ဘူး။ ကဲ့ရဲ႕တာကိုလည္း ေခါင္းထဲမွာၾကာၾကာမထားႏိုင္ဘူး။

အေသးအမႊားအဆိုးေတြကို ဘယ္သူေတြကေတြးသလဲဆိုေတာ့ ဘာမွအလုပ္မရိွတဲ့သူေတြကေတြးတယ္။ အဆိုးေတြကိုပံုႀကီးခ်ဲ႕ၿပီးေတြးေနတဲ့အခါ ကိုယ့္ကိုယ္ကိုေမးပါ။ ဒါဟာ ငါ အလုပ္ႀကီးအကိုင္ႀကီးလုပ္ေနတာလားလို႔။

သာမန္အားျဖင့္စဥ္းစားရင္ေတာ့ ငါ့ကို ဘယ္သူမွမေကာင္းမေျပာရင္ေကာင္းမွာပဲလို႔ ယူဆမွာပဲေနာ္။ အမွန္ကေတာ့ အဲဒီလိုယူဆတာ မေကာင္းဘူး။ ငါ့ကို ဘယ္သူမွမေကာင္းမေျပာရင္ ငါဟာ ရင့္က်က္လာတဲ့သူျဖစ္မလာႏိုင္ဘူး။ ကိုယ့္ကိုခ်ီးမြမ္းေနတဲ့ၾကားမွာ ၿပံဳးၿပံဳးေလးေနရတာ ဘာမွအခက္အခဲမရိွဘူး။ အဲဒါ ရင့္က်က္မႈမဟုတ္ဘူး။ ကိုယ့္ကို အေကာင္းေျပာတဲ့အခါလည္းရိွတယ္။ အဆိုးေျပာတဲ့အခါလည္းရိွတယ္။ ခ်ီးမြမ္းျခင္း၊ကဲ့ရဲ႕ျခင္းဆိုတာ ေလာကဓမၼတာပဲ။ အထုိက္အေလ်ာက္ခံႏိုင္ရည္ ရိွကိုရိွမွျဖစ္မယ္။ လံုးဝအေျပာမခံႏိုင္ရင္ ေလာကႀကီးမွာေနလို႔မျဖစ္ဘူး။ “နတၳိေလာေက အနိႏၵိေတာ” ေလာကမွာ အျပစ္တင္မခံရတဲ့သူ မရိွပါဘူးတဲ့။ ျမတ္စြာဘုရားေတာင္မွ မလြတ္ပါဘူး။ အဲဒီလိုမွန္ကန္တဲ့နည္းနဲ႔ ေယာနိေသာမနသိကာရနဲ႔ ကိုယ့္စိတ္ကိုၾကည့္ၿပီးေတာ့ နက္နဲတဲ့သေဘာထား၊ သည္းခံႏိုင္တဲ့သေဘာထားမ်ိဳး ရသြားတဲ့အခါမွာ စိတ္ကခ်မ္းသာသြားတယ္။ ဘဝမွာႀကံဳေတြ႔ရမယ့္ အခက္အခဲေပါင္းမ်ားစြာအတြက္ ထားရမယ့္အေျခခံသေဘာထားမွန္ကို ရသြားၿပီ။ အခက္အခဲေတြကို တစ္ခုခ်င္းလုိက္ၿပီးေျဖရွင္းစရာ မလိုေတာ့ဘူး။ အေျခခံသေဘာထားကို မွန္ေအာင္ျပင္လို႔ရသြားျပီဆိုရင္ ျပႆနာေပါင္းမ်ားစြာဟာ ေျဖရွင္းျပီးသားျဖစ္သြားတယ္၊၊

သူကကိုယ့္ကိုဆဲလို႔ ကိုယ္ကသူ႔ကိုျပန္ဆဲတာ အမွန္ေတာ့ သူနဲ႔ကိုယ္နဲ႔ ရင္းႏွီးမႈတစ္မ်ိဳးရသြားတာပဲ။ တစ္ေယာက္ေယာက္နဲ႔ရန္ျဖစ္ေတာ့မယ္ဆိုရင္ ကိုယ့္ကိုယ္ကိုျပန္ေမးပါ၊ ငါ သူနဲ႔ ဒါေလာက္တရင္းတႏွီးဆက္ဆံခ်င္သလား။

ဆရာေတာ္ဦးေဇာတိက (မဟာျမိဳင္ေတာရ)

“ေတြးမိတိုင္းေပ်ာ္တယ္”စာအုပ္၏ စာမ်က္နွာ(၂၂၈)မွ ကူးယူေဖာ္ျပပါသည္၊၊