ဝိပဿနာအားထုတ်လျှင် ခံစားရရှိမည့် အကျိုးထူးများ

၁။ဤဘဝတွင် ယခင်ကမကြုံတွေ့ခဲ့ဖူးသည့် အလွန်ထူးခြားချမ်းသာသော အတွေ့အကြုံများကိုတွေ့ဆုံခံစားရသည်။

၂။ကိုယ်စိတ်၂ပါး အထူးကြည်လင်ပေါ့ပါး၍ အေးငြိမ်းချမ်းသာနေခြင်းကို ခံစားရသည်။

၃။ဉာဏ်အမြင်ကြည်လင်၍ စိတ်ကူးကြံဆနိုင်သောစွမ်းအား မြင့်မားတိုးတက်လာသည်။

၄။စိတ်တည်ကြည်လာသည့်အတွက် စာကြည့်စာဖတ်သည့်အခါ မှတ်ဉာဏ် တိုးတက်ကောင်းမွန်လာသည်။

၅။ဘုရား၊တရား၊သံဃာတို့၌ ယုံမှားသံသယကင်း၍ သဒ္ဓါတရားအထူးကြည်လင်ကောင်းမွန်လာသည်။

၆။မိဘ၊ဆရာ လူကြီးသူမများအပေါ် ပို၍ရိုသေလေးစားလာသည်။

၇။အပေါင်းအဖော်များအား မိမိဧ။်ကိုယ်နှင့်တူစွာ စာနာမှုတိုးတက်လာသည်။

၈။လောဘ၊ဒေါသ၊မာန၊ဣဿာ၊မစ္ဆရိယစသည့် တရားဆိုးများကို အတော်အတန် ထိန်းချုပ်လာနိုင်ပြီးအပြောအဆိုအမူအရာ ပိုမိုယဉ်ကျေးသိမ်မွေ့လာသည်။

၉။ရသမျှနှင့်တင်းတိမ်နိုင်သော စွမ်းရည်နှင့် သည်းခံမှုစွမ်းအားတို့ တိုးမြင့်လာကြသည်။

၁၀။လောကဓံတရားများနှင့် ဆုံဆည်းရသောအခါ ပို၍ကြံကြံခံနိုင်စွမ်းရှိလာသည်။

၁၁။ပူပန်သောကများကို အထိုက်အလျောက်ငြိမ်းသတ်နိုင်ပြီဖြစ်၍ စိတ်အေးချမ်းသာကာကောင်းမွန်စွာအိပ်စက်နိုင်သည်။ နုပျိုလန်းဆန်းလာသည်။

၁၂။ဝိပဿနာတရားအားထုတ်သည့် အလေ့အထရခဲ့ပြီးဖြစ်၍ ခရီးသွားရင်း နားနေရင်းအတွင်း၌ပင် ဝိပဿနာတရားကို ရှုမှတ်သွားနိုင်မည်ဖြစ်သောကြောင့်ဝိပဿနာကုသိုလ်မှာ ကြီးထွားသထက် ကြီးထွားလာသည်။

၁၃။ကိုယ် စိတ် ၂ပါးတို့ဧ။် နာမ်၊ရုပ်သဘော အနိစ္စ၊ဒုက္ခ၊အနတ္တတို့ဧ။် သဘောလက္ခဏာကို ပိုမိုထင်ရှားစွာသိမြင်လာပြီး အတ္တဆန်သောစိတ်ထား လျော့နည်းလာသည်။

၁၄။အကျင့်စာရိတ္တ ခိုင်မာရင့်ကျက် တိုးတက်လာသည်။

၁၅။စိတ်ဓာတ် ကြံခိုင် တည်ကြည် တိုးတက်လာသည်။

၁၆။ဤဘဝတွင်အကောင်းဆုံးအလုပ် အကျိုးအရှိဆုံးအလုပ်ကိုငါလုပ်ခဲ့ရပြီဟု ကျေနပ်ဝမ်းသာရသည်။

ရခဲလှတဲ့ ဘဝကလေးမှာ အချိန်ကို အလကားနေရင်း မဖြုန်းသင့်ပါ။

ဝိပဿနာအားထုတ်ရခြင်းရဲ့ အကျိုးထူးများကို သိရပြီးတဲ့နောက်မှာ ဝိပဿနာကိုသတိရတိုင်း အားထုတ်သင့်ပါတယ်။

အသေဘက်ဦးတည်သွာနေတဲ့ ဒီခန္ဓာကြီး အသေမဦးခင် ဝိပဿနာအလုပ်ကိုအားထုတ်သင့်ပါတယ်။

ဝိပဿနာအားထုတ်တဲ့အခါမှာလည်း ကိလေသာကိုကြားမခိုစေပါနဲ့။

မိမိအကျိုးမနည်းချင်ရင်ဖြင့် သက်တမ်းခပ်တိုတိုလေးမှာ ဝိပဿနာအလုပ်ကိုခပ်ပိုပိုလေး လုပ်ကြပါ်။

သတ္တဝါမှန်သရွေ့ တရားတွေ့ အေးငြိမ်းချမ်းသာ ရှိပါစေ။

HsuMyatDhammagyi

ဝိပႆနာအားထုတ္လွ်င္ ခံစားရရွိမည့္ အက်ိဳးထူးမ်ား

၁။ဤဘ၀တြင္ ယခင္ကမႀကံဳေတြ့ခဲ့ဖူးသည့္ အလြန္ထူးျခားခ်မ္းသာေသာ အေတြ႔အၾကံဳမ်ားကိုေတြ႔ဆံုခံစားရသည္။

၂။ကိုယ္စိတ္၂ပါး အထူးၾကည္လင္ေပါ့ပါး၍ ေအးျငိမ္းခ်မ္းသာေနျခင္းကို ခံစားရသည္။

၃။ဉာဏ္အျမင္ၾကည္လင္၍ စိတ္ကူးၾကံဆနိုင္ေသာစြမ္းအား ျမင့္မားတိုးတက္လာသည္။

၄။စိတ္တည္ၾကည္လာသည့္အတြက္ စာၾကည့္စာဖတ္သည့္အခါ မွတ္ဉာဏ္ တိုးတက္ေကာင္းမြန္လာသည္။

၅။ဘုရား၊တရား၊သံဃာတို့၌ ယံုမွားသံသယကင္း၍ သဒၶါတရားအထူးၾကည္လင္ေကာင္းမြန္လာသည္။

၆။မိဘ၊ဆရာ လူႀကီးသူမမ်ားအေပၚ ပို၍ရိုေသေလးစားလာသည္။

၇။အေပါင္းအေဖာ္မ်ားအား မိမိဧ။္ကိုယ္နွင့္တူစြာ စာနာမႈတိုးတက္လာသည္။

၈။ေလာဘ၊ေဒါသ၊မာန၊ဣႆာ၊မစၧရိယစသည့္ တရားဆိုးမ်ားကို အေတာ္အတန္ ထိန္းခ်ဳပ္လာနိုင္ျပီးအေျပာအဆိုအမူအရာ ပိုမိုယဥ္ေက်းသိမ္ေမြ့လာသည္။

၉။ရသမွ်နွင့္တင္းတိမ္နိုင္ေသာ စြမ္းရည္နွင့္ သည္းခံမႈစြမ္းအားတို့ တိုးျမင့္လာၾကသည္။

၁၀။ေလာကဓံတရားမ်ားနွင့္ ဆံုဆည္းရေသာအခါ ပို၍ၾကံၾကံခံနိုင္စြမ္းရွိလာသည္။

၁၁။ပူပန္ေသာကမ်ားကို အထိုက္အေလ်ာက္ျငိမ္းသတ္နိုင္ျပီျဖစ္၍ စိတ္ေအးခ်မ္းသာကာေကာင္းမြန္စြာအိပ္စက္နိုင္သည္။ နုပ်ိဳလန္းဆန္းလာသည္။

၁၂။၀ိပႆနာတရားအားထုတ္သည့္ အေလ့အထရခဲ့ျပီးျဖစ္၍ ခရီးသြားရင္း နားေနရင္းအတြင္း၌ပင္ ၀ိပႆနာတရားကို ရႈမွတ္သြားနိုင္မည္ျဖစ္ေသာေၾကာင့္၀ိပႆနာကုသိုလ္မွာ ႀကီးထြားသထက္ ႀကီးထြားလာသည္။

၁၃။ကိုယ္ စိတ္ ၂ပါးတို့ဧ။္ နာမ္၊ရုပ္သေဘာ အနိစၥ၊ဒုကၡ၊အနတၱတို့ဧ။္ သေဘာလကၡဏာကို ပိုမိုထင္ရွားစြာသိျမင္လာျပီး အတၱဆန္ေသာစိတ္ထား ေလ်ာ့နည္းလာသည္။

၁၄။အက်င့္စာရိတၱ ခိုင္မာရင့္က်က္ တိုးတက္လာသည္။

၁၅။စိတ္ဓာတ္ ၾကံခိုင္ တည္ၾကည္ တိုးတက္လာသည္။

၁၆။ဤဘ၀တြင္အေကာင္းဆံုးအလုပ္ အက်ိဳးအရွိဆံုးအလုပ္ကိုငါလုပ္ခဲ့ရျပီဟု ေက်နပ္၀မ္းသာရသည္။

ရခဲလွတဲ့ ဘ၀ကေလးမွာ အခ်ိန္ကို အလကားေနရင္း မျဖဳန္းသင့္ပါ။

၀ိပႆနာအားထုတ္ရျခင္းရဲ့ အက်ိဳးထူးမ်ားကို သိရျပီးတဲ့ေနာက္မွာ ၀ိပႆနာကိုသတိရတိုင္း အားထုတ္သင့္ပါတယ္။

အေသဘက္ဦးတည္သြာေနတဲ့ ဒီခႏၶာႀကီး အေသမဦးခင္ ၀ိပႆနာအလုပ္ကိုအားထုတ္သင့္ပါတယ္။

၀ိပႆနာအားထုတ္တဲ့အခါမွာလည္း ကိေလသာကိုၾကားမခိုေစပါနဲ့။

မိမိအက်ိဳးမနည္းခ်င္ရင္ျဖင့္ သက္တမ္းခပ္တိုတိုေလးမွာ ၀ိပႆနာအလုပ္ကိုခပ္ပိုပိုေလး လုပ္ၾကပါ္။

သတၱ၀ါမွန္သေရြ့ တရားေတြ႔ ေအးျငိမ္းခ်မ္းသာ ရွိပါေစ။

HsuMyatDhammagyi