“သတိနဲ့မနေတဲ့စိတ်ဟာအရူးလိုပါပဲ” – မင်းကွန်းဆရာတော်ဘုရားကြီး

မီးလောင်ခံရမှ ဆင်းရဲဒုက္ခရောက်တယ် မထင်နဲ့ ရေနစ်၊ရေကြီးရင်လည်း ဆင်းရဲဒုက္ခရောက်တာပဲ

ဆင်းရဲတာမှ ဒုက္ခရောက်တယ် မထင်နဲ့ ချမ်းသာရင်လည်း ဒုက္ခရောက်နေတာပဲ

မုန်းမှ စိတ်ပူလောင်ရတာမဟုတ်ဘူး ချစ်ရင်လည်း စိတ်ပူလောင်ရတာပဲ

လောကဓံတရားရှစ်ပါးဆိုတာ ဆန့်ကျင်ဘက်တရားတွေပဲ

အပြန်အလှန်ဒုက္ခရောက်နေကြတာလောကဓံမုန်တိုင်းနဲ့ကြံ့ခိုင်သည့်စိတ်ထားဘယ်လိုထားမလဲဆိုတာပဲ အရေးကြီးတယ်

သက်ဆိုးရှည်တယ်ဆိုတာ လောဘ ဒေါသ မောဟအကုသိုလ်မကင်းပဲနဲ့ အသက်ရှင်နေတာ

သက်ကောင်းရှည်တယ်ဆိုတာ ကုသိုလ်ကောင်းမှုတွေများများလုပ်ရင်းနဲ့ အသက်ရှင်နေတာ

ငွေ၊ဂုဏ်၊ ရာထူး စည်းစိမ်နောက်လိုက်ရင်းနဲ့မိသားစုနဲ့ ဝေးသထက် ဝေးနေကြရတယ်

ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေနဲ့ အတူမနေရတဲ့ နေ့တွေပိုများလာတယ် ကိုယ်ဆောက်ထားတဲ့ တိုက်ကြီးပေါ်မှာ နေရတဲ့ ရက်တွေ မရှိသလောက် ရှားလာတယ်

ကုသိုလ်ကောင်းမှုတွေလုပ်ဖို့ အချိန်မရှိသလောက်ဖြစ်လာတယ်

သာသနာထွန်းကားတယ်ဆိုတာ အမှန်တရားကိုသိရှိတာ လက်ခံတာ လိုက်နာကျင့်သုံးတာ

သာသနာကွယ်တယ်ဆိုတာ အမှန်တရားကိုမသိတာ လက်မခံတာ မလိုက်နာမကျင့်သုံးတာ

ကြောက်တဲ့စိတ်နဲ့ကြည့်ရင် တစ်လောကလုံးကကြောက်စရာချည်းပဲ သံသယစိတ်နဲ့ကြည့်ရင်အရာရာကို သံသယဖြစ်စရာချည်းပဲ

အားကိုချင်တဲ့စိတ်နဲ့ကြည့်ရင်အကုန်လုံးက အားကိုချင်စရာချည်းပဲလိုချင်တဲ့စိတ်နဲ့ကြည့်ရင်အရာရာ လိုချင်စရာချည်းပဲ

စားချင်တဲ့စိတ်နဲ့ကြည့်ရင်အရာရာ စားချင်စရာချည်းပဲ

အရာရာစိတ်ပဲ စိတ်က ဖန်ဆင်းထားတာပါပဲ

အရာရာရှိတာမဟုတ်ပဲ စိတ်ရဲ့သတ်မှတ်ချက်တွေပဲ

ရှိနေတာ စိတ်ကလက်ခံရင် လက်ခံသလိုဖြစ်တာပါပဲ

ဦးနှောက်နဲ့တော့ ဉာဏ်မှီမှာမဟုတ်ဘူး

ဦးနှောက်ကတော့ တိရိစ္ဆာန်တွေမှာလည်း ရှိတာပဲ

ဦးနှောက်ဆိုတာ အကန့်အသတ်ရှိတယ်

ကိလေသာရဲ့ လက်နက်ပဲ ကိလေသာကတော့တကယ်ရှိတာကို ဘယ်သိပါ့မလဲ

ဖန်ဆင်းထားတာတွေ သတ်မှတ်ထားတာတွေကိုသိမှာပဲ ပညတ် ပရမတ် သိတာနဲ့လည်း

မမြတ်သေးဘူး ပညတ် ပရမတ် ကွဲတာနဲ့လည်းမမြတ်သေးဘူး ပညတ် ပရမတ် နှစ်ခုစပ်သိတတ်သူက မြတ်

သတိမရှိရင် ၁ စက္ကန့် ၁ မိနစ် ၁ နာရီ အတွင်းမှာအကုသိုလ်စိတ်တွေ လှေတွေ လှည်းတွေ ကားတွေနဲ့တိုက်လို့ မကုန်နိုင်အောင် များလွန်းလှတယ်သတိနဲ့မနေတဲ့စိတ်ဟာ အရူးလိုပါပဲ

တရားအားထုတ်တယ်ဆိုတာစိတ်ကိုပြင်တဲ့ အလုပ်ပါပဲ

မြတ်စွာဘုရား နောက်ဆုံးသာသနာမှာစိတ်ကိုပြင်ဖို့ အရေးတကြီးလုပ်သင့်ပါပြီ။

မင်းကွန်းဆရာတော်ဘုရားကြီး

ဓမ္မအသိဉာဏ် ၊ ရင့်သန်တိုးပွား ၊ အကျိုးများနိုင်ကြပါစေ။

ဓမ္မဒါနမျှဝေပါသည်

“သတိနဲ႔မေနတဲ့စိတ္ဟာအ႐ူးလိုပါပဲ”

မီးေလာင္ခံရမွ ဆင္းရဲဒုကၡေရာက္တယ္ မထင္နဲ႔ ေရနစ္၊ေရႀကီးရင္လည္း ဆင္းရဲဒုကၡေရာက္တာပဲ

ဆင္းရဲတာမွ ဒုကၡေရာက္တယ္ မထင္နဲ႔ ခ်မ္းသာရင္လည္း ဒုကၡေရာက္ေနတာပဲ

မုန္းမွ စိတ္ပူေလာင္ရတာမဟုတ္ဘူး ခ်စ္ရင္လည္း စိတ္ပူေလာင္ရတာပဲ

ေလာကဓံတရားရွစ္ပါးဆိုတာ ဆန္႔က်င္ဘက္တရားေတြပဲ

အျပန္အလွန္ဒုကၡေရာက္ေနၾကတာေလာကဓံမုန္တိုင္းနဲ႔ႀကံ့ခိုင္သည့္စိတ္ထားဘယ္လိုထားမလဲဆိုတာပဲ အေရးႀကီးတယ္

သက္ဆိုးရွည္တယ္ဆိုတာ ေလာဘ ေဒါသ ေမာဟအကုသိုလ္မကင္းပဲနဲ႔ အသက္ရွင္ေနတာ

သက္ေကာင္းရွည္တယ္ဆိုတာ ကုသိုလ္ေကာင္းမွုေတြမ်ားမ်ားလုပ္ရင္းနဲ႔ အသက္ရွင္ေနတာ

ေငြ၊ဂုဏ္၊ ရာထူး စည္းစိမ္ေနာက္လိုက္ရင္းနဲ႔မိသားစုနဲ႔ ေဝးသထက္ ေဝးေနၾကရတယ္

ကိုယ္ခ်စ္တဲ့ ခင္တဲ့သူေတြနဲ႔ အတူမေနရတဲ့ ေန႔ေတြပိုမ်ားလာတယ္ ကိုယ္ေဆာက္ထားတဲ့ တိုက္ႀကီးေပၚမွာ ေနရတဲ့ ရက္ေတြ မရွိသေလာက္ ရွားလာတယ္

ကုသိုလ္ေကာင္းမွုေတြလုပ္ဖို့ အခ်ိန္မရွိသေလာက္ျဖစ္လာတယ္

သာသနာထြန္းကားတယ္ဆိုတာ အမွန္တရားကိုသိရွိတာ လက္ခံတာ လိုက္နာက်င့္သုံးတာ

သာသနာကြယ္တယ္ဆိုတာ အမွန္တရားကိုမသိတာ လက္မခံတာ မလိုက္နာမက်င့္သုံးတာ

ေၾကာက္တဲ့စိတ္နဲ႔ၾကည့္ရင္ တစ္ေလာကလုံးကေၾကာက္စရာခ်ည္းပဲ သံသယစိတ္နဲ႔ၾကည့္ရင္အရာရာကို သံသယျဖစ္စရာခ်ည္းပဲ

အားကိုခ်င္တဲ့စိတ္နဲ႔ၾကည့္ရင္အကုန္လုံးက အားကိုခ်င္စရာခ်ည္းပဲလိုခ်င္တဲ့စိတ္နဲ႔ၾကည့္ရင္အရာရာ လိုခ်င္စရာခ်ည္းပဲ

စားခ်င္တဲ့စိတ္နဲ႔ၾကည့္ရင္အရာရာ စားခ်င္စရာခ်ည္းပဲ

အရာရာစိတ္ပဲ စိတ္က ဖန္ဆင္းထားတာပါပဲ

အရာရာရွိတာမဟုတ္ပဲ စိတ္ရဲ့သတ္မွတ္ခ်က္ေတြပဲ

ရွိေနတာ စိတ္ကလက္ခံရင္ လက္ခံသလိုျဖစ္တာပါပဲ

ဦးေႏွာက္နဲ႔ေတာ့ ဥာဏ္မွီမွာမဟုတ္ဘူး

ဦးေႏွာက္ကေတာ့ တိရိစၧာန္ေတြမွာလည္း ရွိတာပဲ

ဦးေႏွာက္ဆိုတာ အကန္႔အသတ္ရွိတယ္

ကိေလသာရဲ့ လက္နက္ပဲ ကိေလသာကေတာ့တကယ္ရွိတာကို ဘယ္သိပါ့မလဲ

ဖန္ဆင္းထားတာေတြ သတ္မွတ္ထားတာေတြကိုသိမွာပဲ ပညတ္ ပရမတ္ သိတာနဲ႔လည္း

မျမတ္ေသးဘူး ပညတ္ ပရမတ္ ကြဲတာနဲ႔လည္းမျမတ္ေသးဘူး ပညတ္ ပရမတ္ ႏွစ္ခုစပ္သိတတ္သူက ျမတ္

သတိမရွိရင္ ၁ စကၠန္႔ ၁ မိနစ္ ၁ နာရီ အတြင္းမွာအကုသိုလ္စိတ္ေတြ ေလွေတြ လွည္းေတြ ကားေတြနဲ႔တိုက္လို့ မကုန္နိုင္ေအာင္ မ်ားလြန္းလွတယ္သတိနဲ႔မေနတဲ့စိတ္ဟာ အ႐ူးလိုပါပဲ

တရားအားထုတ္တယ္ဆိုတာစိတ္ကိုျပင္တဲ့ အလုပ္ပါပဲ

ျမတ္စြာဘုရား ေနာက္ဆုံးသာသနာမွာစိတ္ကိုျပင္ဖို့ အေရးတႀကီးလုပ္သင့္ပါၿပီ။

မင္းကြန္းဆရာေတာ္ဘုရားႀကီး

ဓမၼအသိဉာဏ္ ၊ ရင့္သန္တိုးပြား ၊ အက်ိဳးမ်ားနိုင္ၾကပါေစ။

ဓမၼဒါနမွ်ေဝပါသည္