မလိုချင်ပါပဲ အတပ်ခံခဲ့ရတဲ့ခေါင်းစဉ်တွေ

မလိုပဲ ရလာတဲ့ အရာတွေထဲမှာ မိဘမဲ့ဆိုတဲ့ ခေါင်းစဉ်က ထိပ်ဆုံးက ပါတယ်

အရင်ဘဝက ကုသိုလ်ကံ နည်းခဲ့ဖူးလို့ပဲ နေမှာပါဆိုပြီး ဘယ်လိုပဲ ဖြေသိမ့် ဖြေသိမ့် အဖေကော အမေကောလို့ မေးလာတဲ့အခါ ပြောစရာစကားတွေ မရှိတော့အထိ ဝမ်းနည်းပြီး တိတ်ဆိတ်သွားခဲ့ရဖူးတယ် ။ ကျောင်းတက်ရတဲ့ရက်တွေဟာ အခက်ခဲဆုံး ရက်တွေပဲပေါ့ ။

တစ်ပါးသူတွေ မိဘကို လက်တွဲပြီး ကျောင်းတက်ချိန် ကျောင်းဆင်းချိန်တိုင်းမှာ ကိုယ် ဘယ်လက်ကိုဆွဲရမလဲလို့ တွေးခဲ့ဖူးတယ် ။

မလိုချင်ပဲ ရလာခဲ့တဲ့ ခေါင်းစဉ်ပါ ကိုယ်ကိုယ်တိုင် ဘာမှ မတတ်နိုင်ခဲ့ဘူး ။

လိုသုံးတဲ့ ဒီခေါင်းစဉ်ကိုလဲ ကျွန်တော် မလိုချင်ဆုံးပဲ ။

ကိုယ့်ဘက်က စေတနာတွေ စစ်မှန်ပါရဲ့နဲ့ တစ်ဖက်မှာကျ လိုအပ်တဲ့အခါမှသာ သတိတရရှိနေတတ်တာကို ရင်ထုမနာဖြစ်တယ် ။

ကိုယ်အလေးထားသလို ပြန်ပြီး အလေးထားစေချင်တာလဲ ကိုယ့်ဆန္ဒပါ ဒါပေမယ့် ဘယ်တော့မှ ဘောင်မဝင်ပါဘူး ။

ရိုးသားမှုတွေ ဖြူစင်မှုတွေက သူတို့ချနင်းစရာသက်သက်လေ ။ တစ်ဖက်ကို ပြန်ပြီး နားလည်ပေးဖို့ အတွေးလေး နဲနဲလေးတောင် မရှိဘူး ။

လိုအပ်နေတုန်းမှာ ပြုံးပြနှုတ်ဆက်ပြီး အဆင်မပြတ် ဖုန်းဆက်ဖို့ ဝန်မလေးတတ်သလို မလိုအပ်တော့တဲ့အခါ ချောင်ထိုးပစ်ဖို့ ဝန်မလေးတတ်ကြတဲ့ စိတ်ဓာတ်တွေကို တကယ်ကို အံ့သြပါတယ် သို့သော် လိုသုံးဆိုတဲ့ ခေါင်းစဉ်အောက်မှာ နေသားတကျတော့ ရှိလာပါပြီ အရင်လို ခဏခဏ ဝမ်းမနည်းဖြစ်တော့ဘူး ။

အဖြည့်ခံ ဆိုတဲ့ စကားလုံးပေါ့ ကျွန်တော် မနှစ်မြို့ဆုံးထဲမှာ သူလဲ ပါတယ် ။

ဖဲထုပ်ကြားထဲက Jokerတစ်ချပ် လိုပေါ့ နှစ်သက်လွန်းလို့ လက်ထဲမှာ ကိုင်ထားတာမျိုးမဟုတ်ပဲ ဘယ်နေရာထိုးထိုးရတဲ့ဆိုတဲ့ စိတ်နဲ့ ကိုင်ထားတဲ့အဖြစ်မျိုးတွေလေ ။

အဖြည့်ခံ . . . လိုအပ်တဲ့ ကွက်လပ်တိုင်းမှာ နှလုံးသားမဲ့နေတဲ့ လူတစ်ယောက်လို လိုက်ပြီးဖြည့်ပေးနေရတာတွေလဲ မလိုချင်တော့ပါဘူး ။

စေတနာထားတယ် မေတ္တာထားတယ် ဒါပေမယ့် ခဏ အသုံးတော် ခံရတာမျိုးပဲလေ ။ တစ်သက်တာ ဆိုပြီး အချိန်အကြာကြီး မျှော်လင့်နေခွင့်မှ မရှိခဲ့တာ ။

ငိုနေတုန်းမှာ ပျှော်အောင် လုပ်ပေးရတဲ့ ဂျိုကာ နာကျင်နေတုန်းမှာ ဆေးထည့်ပေးရတဲ့ ဒေါက်တာ စိတ်ဓာတ်ကျတုန်းမှာ အားပေးစကားတွေ ပြောပေးတတ်တဲ့ အညတရပေါ့ အဖြည့်ခံ တဲ့ ဒီခေါင်းစဉ်အောက်မှာ အမှန်တကယ် ကျွန်တော် မပျော်ခဲ့ဘူး ။

ဘဝမှာ . . . မင်းဖြစ်ချင်တဲ့အရာကို မင်းကိုယ်တိုင် ဖန်တီးယူခွင့်ရှိပါတယ်ဆိုတဲ့ လူတွေကို မေးကြည့်ချင်တယ် မလိုချင်ပဲ ရလာတဲ့အရာတွေအတွက်ကော အဖြေမရှိဘူးလားလို့။

မကြိုးစားခဲ့တာ မဟုတ်ဘူး မရိုးသားခဲ့မဟုတ်ဘူး အတိတ်က ကံကိုချည်း အပြစ်တင် ပုံချနေတာလဲ မဟုတ်ပါဘူး သို့သော် ဘဝမှာ မလိုချင်ပဲ ရလာတဲ့ ခေါင်းစဉ်တွေလဲ ရှိသေးတဲ့အကြောင်း ပြောပြချင်တယ် ။

PStar

မလိုပဲ ရလာတဲ့ အရာေတြထဲမွာ မိဘမဲ့ဆိုတဲ့ ေခါင္းစဥ္က ထိပ္ဆုံးက ပါတယ္

အရင္ဘ၀က ကုသိုလ္ကံ နည္းခဲ့ဖူးလို႔ပဲ ေနမွာပါဆိုၿပီး ဘယ္လိုပဲ ေျဖသိမ့္ ေျဖသိမ့္ အေဖေကာ အေမေကာလို႔ ေမးလာတဲ့အခါ ေျပာစရာစကားေတြ မရွိေတာ့အထိ ၀မ္းနည္းၿပီး တိတ္ဆိတ္သြားခဲ့ရဖူးတယ္ ။ ေက်ာင္းတက္ရတဲ့ရက္ေတြဟာ အခက္ခဲဆုံး ရက္ေတြပဲေပါ့ ။

တစ္ပါးသူေတြ မိဘကို လက္တြဲၿပီး ေက်ာင္းတက္ခ်ိန္ ေက်ာင္းဆင္းခ်ိန္တိုင္းမွာ ကိုယ္ ဘယ္လက္ကိုဆြဲရမလဲလို႔ ေတြးခဲ့ဖူးတယ္ ။

မလိုခ်င္ပဲ ရလာခဲ့တဲ့ ေခါင္းစဥ္ပါ ကိုယ္ကိုယ္တိုင္ ဘာမွ မတတ္ႏိုင္ခဲ့ဘူး ။

လိုသုံးတဲ့ ဒီေခါင္းစဥ္ကိုလဲ ကြၽန္ေတာ္ မလိုခ်င္ဆုံးပဲ ။

ကိုယ့္ဘက္က ေစတနာေတြ စစ္မွန္ပါရဲ႕နဲ႔ တစ္ဖက္မွာက် လိုအပ္တဲ့အခါမွသာ သတိတရရွိေနတတ္တာကို ရင္ထုမနာျဖစ္တယ္ ။

ကိုယ္အေလးထားသလို ျပန္ၿပီး အေလးထားေစခ်င္တာလဲ ကိုယ့္ဆႏၵပါ ဒါေပမယ့္ ဘယ္ေတာ့မွ ေဘာင္မ၀င္ပါဘူး ။

႐ိုးသားမႈေတြ ျဖဴစင္မႈေတြက သူတို႔ခ်နင္းစရာသက္သက္ေလ ။ တစ္ဖက္ကို ျပန္ၿပီး နားလည္ေပးဖို႔ အေတြးေလး နဲနဲေလးေတာင္ မရွိဘူး ။

လိုအပ္ေနတုန္းမွာ ၿပဳံးျပႏႈတ္ဆက္ၿပီး အဆင္မျပတ္ ဖုန္းဆက္ဖို႔ ၀န္မေလးတတ္သလို မလိုအပ္ေတာ့တဲ့အခါ ေခ်ာင္ထိုးပစ္ဖို႔ ၀န္မေလးတတ္ၾကတဲ့ စိတ္ဓာတ္ေတြကို တကယ္ကို အံ့ၾသပါတယ္ သို႔ေသာ္ လိုသုံးဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ ေနသားတက်ေတာ့ ရွိလာပါၿပီ အရင္လို ခဏခဏ ၀မ္းမနည္းျဖစ္ေတာ့ဘူး ။

အျဖည့္ခံ ဆိုတဲ့ စကားလုံးေပါ့ ကြၽန္ေတာ္ မႏွစ္ၿမိဳ႕ဆုံးထဲမွာ သူလဲ ပါတယ္ ။

ဖဲထုပ္ၾကားထဲက Jokerတစ္ခ်ပ္ လိုေပါ့ ႏွစ္သက္လြန္းလို႔ လက္ထဲမွာ ကိုင္ထားတာမ်ိဳးမဟုတ္ပဲ ဘယ္ေနရာထိုးထိုးရတဲ့ဆိုတဲ့ စိတ္နဲ႔ ကိုင္ထားတဲ့အျဖစ္မ်ိဳးေတြေလ ။

အျဖည့္ခံ . . . လိုအပ္တဲ့ ကြက္လပ္တိုင္းမွာ ႏွလုံးသားမဲ့ေနတဲ့ လူတစ္ေယာက္လို လိုက္ၿပီးျဖည့္ေပးေနရတာေတြလဲ မလိုခ်င္ေတာ့ပါဘူး ။

ေစတနာထားတယ္ ေမတၱာထားတယ္ ဒါေပမယ့္ ခဏ အသုံးေတာ္ ခံရတာမ်ိဳးပဲေလ ။ တစ္သက္တာ ဆိုၿပီး အခ်ိန္အၾကာႀကီး ေမွ်ာ္လင့္ေနခြင့္မွ မရွိခဲ့တာ ။

ငိုေနတုန္းမွာ ေပွ်ာ္ေအာင္ လုပ္ေပးရတဲ့ ဂ်ိဳကာ နာက်င္ေနတုန္းမွာ ေဆးထည့္ေပးရတဲ့ ေဒါက္တာ စိတ္ဓာတ္က်တုန္းမွာ အားေပးစကားေတြ ေျပာေပးတတ္တဲ့ အညတရေပါ့ အျဖည့္ခံ တဲ့ ဒီေခါင္းစဥ္ေအာက္မွာ အမွန္တကယ္ ကြၽန္ေတာ္ မေပ်ာ္ခဲ့ဘူး ။

ဘ၀မွာ . . . မင္းျဖစ္ခ်င္တဲ့အရာကို မင္းကိုယ္တိုင္ ဖန္တီးယူခြင့္ရွိပါတယ္ဆိုတဲ့ လူေတြကို ေမးၾကည့္ခ်င္တယ္ မလိုခ်င္ပဲ ရလာတဲ့အရာေတြအတြက္ေကာ အေျဖမရွိဘူးလားလို႔။

မႀကိဳးစားခဲ့တာ မဟုတ္ဘူး မ႐ိုးသားခဲ့မဟုတ္ဘူး အတိတ္က ကံကိုခ်ည္း အျပစ္တင္ ပုံခ်ေနတာလဲ မဟုတ္ပါဘူး သို႔ေသာ္ ဘ၀မွာ မလိုခ်င္ပဲ ရလာတဲ့ ေခါင္းစဥ္ေတြလဲ ရွိေသးတဲ့အေၾကာင္း ေျပာျပခ်င္တယ္ ။

PStar