အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ဆိုရင် ကလေးအတွေးအရင်ဆုံး ထားပစ်ခဲ့လိုက်ပါ ။

အိမ်ထောင်ဖက် . . .

အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး ဤသုံးမျိုး ချက်မပိုင်ရင် နောင်ပြင်ရန် ခက်သည့်အမျိုး တဲ့ ။

အိမ်ထောင်တစ်ခု တည်ဆောက်ဖို့ဆိုရင် ကလေးအတွေးအရင်ဆုံး ထားပစ်ခဲ့လိုက်ပါ ။ ငါ နဲ့ ရပြီးသွားရင် သူ့အချိုးတွေ ပြောင်းလာမှာပါဆိုတဲ့ ကလေးဆန်ဆန်အတွေးတွေ အရင်ဆုံး ဖျောက်ပစ်လိုက်ပါ ။

အိမ်ထောင်ဖက် . . . မိန်းကလေးတစ်ယောက်အတွက် အိမ်ထောင်ဖက်ရွေးချယ်ရတယ်ဆိုတာ မဲနှိုက်ရသလိုပဲတဲ့ ကောင်းတယ် ဆိုးတယ် ဒီနှစ်မျိုး နှစ်ခုတည်းက တစ်ခုတော့ ရမှာပဲလေ ။

ကံကိုချည်း အလုံးစုံ အပြစ်တင်ပုံချလို့မရဘူး ကိုယ်နဲ့လဲ အများကြီး သက်ဆိုင်ပါတယ် ။

အိမ်ထောင်ပြုတယ်ဆိုတာ မိန်းကလေးတစ်ယောက်အတွက်တော့ ဘဝတစ်ခုလုံးကို ပုံအပ်ပစ်လိုက်ရတာလေ အချိန်တွေ လွတ်လပ်ခွင့်တွေ ဘဝတွေ အရာအားလုံးကို လူတစ်ယောက်ရဲ့လက်ထဲကို ဝါးကွက် အပ်လိုက်ရတာမျိုးပေါ့ ။

ကောင်းခြင်းတွေပဲ ရှိရှိ ဆိုးခြင်းတွေပဲ ရှိရှိ ကိုယ်တစ်ယောက်တည်း ခါးစည်းခံရမှာ ။ ဒါတွေကြောင့် အိမ်ထောင်ဖက်ကို ရွေးချယ်တဲ့အခါ နှလုံးသားတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူး ။

နောင်တစ်ချိန်ဆိုတဲ့ အတွေးတွေ အများကြီး ရှိလာဖို့လဲ လိုပြီ ချစ်နေရင် ပြီးပါပြီ ဆိုတဲ့ တယူသန်နဲ့ မဆုံးဖြတ်ပါ နဲ့

အိမ်ထောင်တစ်ခုမှာ အချစ်ထက် ပိုပြီး အရေးပါ အရာရောက်တာတွေ အများကြီး ရှိသေးတယ် ပြီးတော့ ငါ နဲ့ ရပြီးသွားတဲ့အခါ သူ ပြုပြင် ပြောင်းလဲလာမှာပါဆိုတဲ့ အတွေး ဘယ်တော့မှ မတွေးနဲ့ ရည်းစားဖြစ်တုန်းက အပေါင်းအသင်းမက်တဲ့ ယောက်ျားတစ်ယောက် အိမ်ထောင်ကျသွားတဲ့အခါလဲ အပေါင်းအသင်းမက်နေဦးမှာပဲ လက်ပါတတ်တဲ့ ယောက်ျားတစ်ယောက်က လက်ပါနေဦးမှာပါ

သူချစ်နေရင်ကို ဖြစ်ပါပြီဆိုပြီး အရာရာကို ခါးစည်းခံမယ်ဆိုတဲ့ အတွေး အချိန် ဘယ်လောက်ကြာတဲ့အထိ သည်းခံထားနိုင်မှာလဲ နောင်တစ်ချိန် ကလေးတွေ ရလာတဲ့အခါ ဆိုတဲ့ အနာဂတ်ကြီးကို တွေးကြည့်ကြည့်ပါ ကိုယ်ငိုနေရတာ ပြဿနာမဟုတ်ဘူးဆိုရင် ကိုယ့်ကလေး ကိုယ့်သွေးသားတွေ အဆင်မပြေတာ ပြဿနာပဲလေ

ကောင်းလဲ စံ မကောင်းလဲ ခံ ဆိုပြီး မျက်လုံးစုံမှိတ်ပစ်လိုက်လို့တော့ ရပါတယ် ။

လူ့ဘဝဆိုတာ ရခဲလှတဲ့ အရာလေ ဒူးနဲ့ မျက်ရည်သုတ်ရတဲ့ ညတွေ ပိုပြီး များလာတဲ့ ဘဝမှာတော့ မနေစေချင်ဘူး ။ အိမ်ထောင်တစ်ခု ပြုလိုက်ဖို့ဆိုတာ လွယ်လွယ်လေးပါ ဒါပေမယ့် အဲ့ဒီ အိမ်ထောင်ရေးကို သာယာအောင် မြဲအောင် တည်ဆောက်ဖို့ကျ အများကြီး ပိုခက်တယ်

ဒါတွေကြောင့် အိမ်ထောင်ဖက်ကို ရွေးချယ်တဲ့အခါ နှလုံးသားကြီးသက်သက် နဲ့ သူဘာပဲဖြစ်ဖြစ် ဖြစ်ပါတယ် ဆိုတဲ့ ကလေးအတွေးနဲ့ မရွေးချယ်နဲ့ နှလုံးသားကိုလဲ မေးပါ ဦးဏှောက်ကိုလဲ မေးပါ ပြီးရင် အချိန်တစ်ခုထိတော့ စောင့်ကြည့်ပါ လူ့အကြောင်းဆိုတာ ကြာကြာပေါင်းလေ ပိုသိလာလေပဲလေ ။

ကိုယ်ရွေးချယ်ပြီးသွားရင်တော့ ကိုယ်ရွေးထားတဲ့လမ်း ဆိုးဆိုးကောင်းကောင်း ဆက်ပြီးလျှောက်ရမှာက ကိုယ့်တာဝန်ပါပဲ ရွေးချယ်ခွင့် ရှိနေတုန်းမှာ အကောင်းဆုံးဖြစ်မယ့် ရွေးချယ်မှုမျိုးပဲ ဖြစ်ပါစေ ။

Zuu

အိမ္ေထာင္ဖက္ . . .

အိမ္ေထာင္မႈ ဘုရားတည္ ေဆးမင္ရည္ စုတ္ထိုး ဤသုံးမ်ိဳး ခ်က္မပိုင္ရင္ ေနာင္ျပင္ရန္ ခက္သည့္အမ်ိဳး တဲ့ ။

အိမ္ေထာင္တစ္ခု တည္ေဆာက္ဖို႔ဆိုရင္ ကေလးအေတြးအရင္ဆုံး ထားပစ္ခဲ့လိုက္ပါ ။ ငါ နဲ႔ ရၿပီးသြားရင္ သူ႔အခ်ိဳးေတြ ေျပာင္းလာမွာပါဆိုတဲ့ ကေလးဆန္ဆန္အေတြးေတြ အရင္ဆုံး ေဖ်ာက္ပစ္လိုက္ပါ ။

အိမ္ေထာင္ဖက္ . . . မိန္းကေလးတစ္ေယာက္အတြက္ အိမ္ေထာင္ဖက္ေ႐ြးခ်ယ္ရတယ္ဆိုတာ မဲႏႈိက္ရသလိုပဲတဲ့ ေကာင္းတယ္ ဆိုးတယ္ ဒီႏွစ္မ်ိဳး ႏွစ္ခုတည္းက တစ္ခုေတာ့ ရမွာပဲေလ ။

ကံကိုခ်ည္း အလုံးစုံ အျပစ္တင္ပုံခ်လို႔မရဘူး ကိုယ္နဲ႔လဲ အမ်ားႀကီး သက္ဆိုင္ပါတယ္ ။

အိမ္ေထာင္ျပဳတယ္ဆိုတာ မိန္းကေလးတစ္ေယာက္အတြက္ေတာ့ ဘ၀တစ္ခုလုံးကို ပုံအပ္ပစ္လိုက္ရတာေလ အခ်ိန္ေတြ လြတ္လပ္ခြင့္ေတြ ဘ၀ေတြ အရာအားလုံးကို လူတစ္ေယာက္ရဲ႕လက္ထဲကို ဝါးကြက္ အပ္လိုက္ရတာမ်ိဳးေပါ့ ။

ေကာင္းျခင္းေတြပဲ ရွိရွိ ဆိုးျခင္းေတြပဲ ရွိရွိ ကိုယ္တစ္ေယာက္တည္း ခါးစည္းခံရမွာ ။ ဒါေတြေၾကာင့္ အိမ္ေထာင္ဖက္ကို ေ႐ြးခ်ယ္တဲ့အခါ ႏွလုံးသားတစ္ခုတည္းနဲ႔ မလုံေလာက္ေတာ့ဘူး ။

ေနာင္တစ္ခ်ိန္ဆိုတဲ့ အေတြးေတြ အမ်ားႀကီး ရွိလာဖို႔လဲ လိုၿပီ ခ်စ္ေနရင္ ၿပီးပါၿပီ ဆိုတဲ့ တယူသန္နဲ႔ မဆုံးျဖတ္ပါ နဲ႔

အိမ္ေထာင္တစ္ခုမွာ အခ်စ္ထက္ ပိုၿပီး အေရးပါ အရာေရာက္တာေတြ အမ်ားႀကီး ရွိေသးတယ္ ၿပီးေတာ့ ငါ နဲ႔ ရၿပီးသြားတဲ့အခါ သူ ျပဳျပင္ ေျပာင္းလဲလာမွာပါဆိုတဲ့ အေတြး ဘယ္ေတာ့မွ မေတြးနဲ႔ ရည္းစားျဖစ္တုန္းက အေပါင္းအသင္းမက္တဲ့ ေယာက္်ားတစ္ေယာက္ အိမ္ေထာင္က်သြားတဲ့အခါလဲ အေပါင္းအသင္းမက္ေနဥိီးမွာပဲ လက္ပါတတ္တဲ့ ေယာက္်ားတစ္ေယာက္က လက္ပါေနဦးမွာပါ

သူခ်စ္ေနရင္ကို ျဖစ္ပါၿပီဆိုၿပီး အရာရာကို ခါးစည္းခံမယ္ဆိုတဲ့ အေတြး အခ်ိန္ ဘယ္ေလာက္ၾကာတဲ့အထိ သည္းခံထားႏိုင္မွာလဲ ေနာင္တစ္ခ်ိန္ ကေလးေတြ ရလာတဲ့အခါ ဆိုတဲ့ အနာဂတ္ႀကီးကို ေတြးၾကည့္ၾကည့္ပါ ကိုယ္ငိုေနရတာ ျပႆနာမဟုတ္ဘူးဆိုရင္ ကိုယ့္ကေလး ကိုယ့္ေသြးသားေတြ အဆင္မေျပတာ ျပႆနာပဲေလ

ေကာင္းလဲ စံ မေကာင္းလဲ ခံ ဆိုၿပီး မ်က္လုံးစုံမွိတ္ပစ္လိုက္လို႔ေတာ့ ရပါတယ္ ။

လူ႔ဘ၀ဆိုတာ ရခဲလွတဲ့ အရာေလ ဒူးနဲ႔ မ်က္ရည္သုတ္ရတဲ့ ညေတြ ပိုၿပီး မ်ားလာတဲ့ ဘ၀မွာေတာ့ မေနေစခ်င္ဘူး ။ အိမ္ေထာင္တစ္ခု ျပဳလိုက္ဖို႔ဆိုတာ လြယ္လြယ္ေလးပါ ဒါေပမယ့္ အဲ့ဒီ အိမ္ေထာင္ေရးကို သာယာေအာင္ ၿမဲေအာင္ တည္ေဆာက္ဖို႔က် အမ်ားႀကီး ပိုခက္တယ္

ဒါေတြေၾကာင့္ အိမ္ေထာင္ဖက္ကို ေ႐ြးခ်ယ္တဲ့အခါ ႏွလုံးသားႀကီးသက္သက္ နဲ႔ သူဘာပဲျဖစ္ျဖစ္ ျဖစ္ပါတယ္ ဆိုတဲ့ ကေလးအေတြးနဲ႔ မေ႐ြးခ်ယ္နဲ႔ ႏွလုံးသားကိုလဲ ေမးပါ ဦးေဏွာက္ကိုလဲ ေမးပါ ၿပီးရင္ အခ်ိန္တစ္ခုထိေတာ့ ေစာင့္ၾကည့္ပါ လူ႔အေၾကာင္းဆိုတာ ၾကာၾကာေပါင္းေလ ပိုသိလာေလပဲေလ ။

ကိုယ္ေ႐ြးခ်ယ္ၿပီးသြားရင္ေတာ့ ကိုယ္ေ႐ြးထားတဲ့လမ္း ဆိုးဆိုးေကာင္းေကာင္း ဆက္ၿပီးေလွ်ာက္ရမွာက ကိုယ့္တာ၀န္ပါပဲ ေ႐ြးခ်ယ္ခြင့္ ရွိေနတုန္းမွာ အေကာင္းဆုံးျဖစ္မယ့္ ေ႐ြးခ်ယ္မႈမ်ိဳးပဲ ျဖစ္ပါေစ ။

Zuu