လိုချင်တာတော့ ရပါရဲ့ လိုအပ်တာတွေ အားလုံး ပေးဆပ်ပြီးမှ ရလာတဲ့ လိုချင်တာလေးက ဘဝမှာ ဘာမှ သုံးစားလို့ မရတတ်ဘူးလေ ။

ဘဝမှာ ကိုယ့်အတွက် ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာ ကိုယ်ကိုယ်တိုင် စဉ်းစားပါ ပြီးတော့ ဆုံးဖြတ်ပါ ။

တစ်ခါတစ်ရံ ဘဝက လှည့်စားတတ်တယ် ကိုယ်အလိုအပ်ဆုံးသော အရာတွေကို အနားနားရှိနေချိန်မှာ သတိမထားမိပါပဲနဲ့ ဆုံးရှုံးပြီးသွားကာမှ နောင်တတွေနဲ့ ဆက်ပြီး နာကျင်နေရတာမျိုးလေ ။

လူတွေဆိုတာလဲ ခက်တယ် ကိုယ့်ကို ချစ်လှပါချည်ရဲ့ဆိုတဲ့ လူတွေကို ဂရုမစိုက်ပါပဲ ကိုယ်မရှိလဲ ဖြစ်တဲ့လူတွေအပေါ် စေတနာတွေ ဗလဗွနဲ့ အချစ်တွေ ပုံပေးတတ်ကြတာမျိုးလေ ။

နောက်ဆုံး တန်ဖိုးမဲ့သွားခြင်းတွေ အပြင် ကိုယ့်ရဲ့ တန်ဖိုးအရှိဆုံး အရာတွေကို ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့အထိ ဆုံးရှုံးသွားရတတ်တယ် ။

ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ အရာရာကို ပြည်ဖုံးကားချလိုက်နိုင်တယ်ဆိုပေမယ့် အဲ့ဒီချစ်တဲ့ စိတ်ကြောင့် အရာရာကို မမြင်နိုင်တော့တဲ့အထိ မကန်းသွားသင့်ဘူး ။

ဘဝမှာ လိုချင်တာတွေ ရှိသလို လိုအပ်ပါတယ်ဆိုတဲ့ အရာတွေလဲ အများကြီးရှိတယ် ။

ကိုယ်လိုချင်တဲ့အရာတွေက ကိုယ်နဲ့ မထိုက်တန်တဲ့အခါ အချိန်မနှောင်းခင် လွတ်ချတတ်ဖို့လဲ လိုသေးတယ် ။

ကိုယ့်ကို တန်ဖိုးမထားတဲ့အရပ်မှာ တန်ဖိုးမရှိသလို ပုံစံမျိုးနဲ့ အချိန်အကြာကြီးရပ်နေဖို့ မသင့်ဘူး အချိန်ကြာလာတာနဲ့အမျှ ကိုယ့်တန်ဖိုးတွေ ပိုပြီး ကျလာမှာပဲရှိတာပါ ဘာမှ ထူးလာမှာ မဟုတ်ဘူး ။

ကိုယ့်ကို လိုလိုချင်ချင်နဲ့ ကမ်းလာတဲ့ လက်တွေကိုပဲ ဆုပ်ကိုင်ပါ ဘ၀ တိုတိုလေးဆိုပေမယ့် တကယ်တမ်းလျှောက်ရတဲ့အခါ ထင်သလောက် မလွယ်ကူမှန်း နားလည်သဘောပေါက်လာလိမ့်မယ် ကိုယ်ချစ်ကို ရှာပြီး ဘဝမှာလဲ ပင်ပန်းရ ချစ်နေရတာလဲ ပင်ပန်းရရင် အဲ့ဒီဘဝဟာ ပိုပြီး မလွယ်ကူတတ်ဘူး ။

တစ်ဖက်သတ် . . . အတွေးတွေနဲ့ အရမ်းကြီး ခေါင်းမမာနဲ့ လိုချင်တာကို ရအောင်ယူတတ်တဲ့ အကျင့်က နေရာတကာတိုင်းမှာ ကောင်းတာမျိုးမဟုတ်ဘူး ။

လိုချင်တာတော့ ရပါရဲ့ လိုအပ်တာတွေ အားလုံး ပေးဆပ်ပြီးမှ ရလာတဲ့ လိုချင်တာလေးက ဘဝမှာ ဘာမှ သုံးစားလို့ မရတတ်ဘူးလေ ။

အစကတည်းက လိုချင်နေတာလား လိုအပ်နေတာလား သေချာစဉ်းစားပါ ပြီးရင် ဆုံးဖြတ်ပါတယ်

ကိုယ်တကယ်လိုအပ်နေပါတယ်ဆိုတဲ့ အရာတွေ အနားမှာရှိနေတုန်းမှာ တန်ဖိုးထားပါ အဝေးကြီးရောက်မသွားခင် သေချာ ဖမ်းဆုပ်ထားပါ နောင်တ ဆိုတာ . . . ဘာကိုမှ ပြန်ပြီးလုပ်လို့မရတော့တဲ့ နေ့ရက်တွေမှာမှ နောက်ကျပြီးရောက်လာတတ်လာမျိုးလေ ။ လိုချင်တာတွေတော့ ရပါရဲ့ လိုအပ်တဲ့အရာတွေကို ပြန်တမ်းတပြီး နောင်တတွေ ရ နာနာကျင်ကျင်နဲ့ ဖြတ်သန်းနေရတာမျိုး မဖြစ်စေချင်ဘူး ။

PStar

ဘ၀မွာ ကိုယ့္အတြက္ ဘယ္အရာက အေရးႀကီးဆုံးလဲဆိုတာ ကိုယ္ကိုယ္တိုင္ စဥ္းစားပါ ၿပီးေတာ့ ဆုံးျဖတ္ပါ ။

တစ္ခါတစ္ရံ ဘ၀က လွည့္စားတတ္တယ္ ကိုယ္အလိုအပ္ဆုံးေသာ အရာေတြကို အနားနားရွိေနခ်ိန္မွာ သတိမထားမိပါပဲနဲ႔ ဆုံးရႈံးၿပီးသြားကာမွ ေနာင္တေတြနဲ႔ ဆက္ၿပီး နာက်င္ေနရတာမ်ိဳးေလ ။

လူေတြဆိုတာလဲ ခက္တယ္ ကိုယ့္ကို ခ်စ္လွပါခ်ည္ရဲ႕ဆိုတဲ့ လူေတြကို ဂ႐ုမစိုက္ပါပဲ ကိိုယ္မရွိလဲ ျဖစ္တဲ့လူေတြအေပၚ ေစတနာေတြ ဗလဗြနဲ႔ အခ်စ္ေတြ ပုံေပးတတ္ၾကတာမ်ိဳးေလ ။

ေနာက္ဆုံး တန္ဖိုးမဲ့သြားျခင္းေတြ အျပင္ ကိုယ့္ရဲ႕ တန္ဖိုးအရွိဆုံး အရာေတြကို ဘယ္ေတာ့မွ ျပန္မရႏိုင္ေတာ့တဲ့အထိ ဆုံးရႈံးသြားရတတ္တယ္ ။

ခ်စ္တဲ့စိတ္တစ္ခုတည္းနဲ႔ အရာရာကို ျပည္ဖုံးကားခ်လိုက္ႏိုင္တယ္ဆိုေပမယ့္ အဲ့ဒီခ်စ္တဲ့ စိတ္ေၾကာင့္ အရာရာကို မျမင္ႏိုင္ေတာ့တဲ့အထိ မကန္းသြားသင့္ဘူး ။

ဘ၀မွာ လိုခ်င္တာေတြ ရွိသလို လိုအပ္ပါတယ္ဆိုတဲ့ အရာေတြလဲ အမ်ားႀကီးရွိတယ္ ။

ကိုယ္လိုခ်င္တဲ့အရာေတြက ကိုယ္နဲ႔ မထိုက္တန္တဲ့အခါ အခ်ိန္မေႏွာင္းခင္ လြတ္ခ်တတ္ဖို႔လဲ လိုေသးတယ္ ။

ကိုယ့္ကို တန္ဖိုးမထားတဲ့အရပ္မွာ တန္ဖိုးမရွိသလို ပုံစံမ်ိဳးနဲ႔ အခ်ိန္အၾကာႀကီးရပ္ေနဖို႔ မသင့္ဘူး အခ်ိန္ၾကာလာတာနဲ႔အမွ် ကိုယ့္တန္ဖိုးေတြ ပိုၿပီး က်လာမွာပဲရွိတာပါ ဘာမွ ထူးလာမွာ မဟုတ္ဘူး ။

ကိုယ့္ကို လိုလိုခ်င္ခ်င္နဲ႔ ကမ္းလာတဲ့ လက္ေတြကိုပဲ ဆုပ္ကိုင္ပါ ဘ၀ တိုတိုေလးဆိုေပမယ့္ တကယ္တမ္းေလွ်ာက္ရတဲ့အခါ ထင္သေလာက္ မလြယ္ကူမွန္း နားလည္သေဘာေပါက္လာလိမ့္မယ္ ကိုယ္ခ်စ္ကို ရွာၿပီး ဘ၀မွာလဲ ပင္ပန္းရ ခ်စ္ေနရတာလဲ ပင္ပန္းရရင္ အဲ့ဒီဘ၀ဟာ ပိုၿပီး မလြယ္ကူတတ္ဘူး ။

တစ္ဖက္သတ္ . . . အေတြးေတြနဲ႔ အရမ္းႀကီး ေခါင္းမမာနဲ႔ လိုခ်င္တာကို ရေအာင္ယူတတ္တဲ့ အက်င့္က ေနရာတကာတိုင္းမွာ ေကာင္းတာမ်ိဳးမဟုတ္ဘူး ။

လိုခ်င္တာေတာ့ ရပါရဲ႕ လိုအပ္တာေတြ အားလုံး ေပးဆပ္ၿပီးမွ ရလာတဲ့ လိုခ်င္တာေလးက ဘ၀မွာ ဘာမွ သုံးစားလို႔ မရတတ္ဘူးေလ ။

အစကတည္းက လိုခ်င္ေနတာလား လိုအပ္ေနတာလား ေသခ်ာစဥ္းစားပါ ၿပီးရင္ ဆုံးျဖတ္ပါတယ္

ကိုယ္တကယ္လိုအပ္ေနပါတယ္ဆိုတဲ့ အရာေတြ အနားမွာရွိေနတုန္းမွာ တန္ဖိုးထားပါ အေဝးႀကီးေရာက္မသြားခင္ ေသခ်ာ ဖမ္းဆုပ္ထားပါ ေနာင္တ ဆိုတာ . . . ဘာကိုမွ ျပန္ၿပီးလုပ္လို႔မရေတာ့တဲ့ ေန႔ရက္ေတြမွာမွ ေနာက္က်ၿပီးေရာက္လာတတ္လာမ်ိဳးေလ ။ လိုခ်င္တာေတြေတာ့ ရပါရဲ႕ လိုအပ္တဲ့အရာေတြကို ျပန္တမ္းတၿပီး ေနာင္တေတြ ရ နာနာက်င္က်င္နဲ႔ ျဖတ္သန္းေနရတာမ်ိဳး မျဖစ္ေစခ်င္ဘူး ။

PStar