ကျွန်မ မက်ခဲ့တာ ငွေမဟုတ်ဘူး ။ ကျွန်မ မက်ခဲ့တာ မေတ္တာတရားတွေပါ ။
ကျွန်မ . . . သာမန်ပိုပြီးကို သိပ်ချစ်တတ်ခဲ့တာ ။ အမှားတွေရှိလာတဲ့အခါ ငါပြုပြင်ပေးရင် ရမှာပါဆိုတဲ့ အတွေးနဲ့ ခွင့်လွှတ်ပေးခဲ့မိတယ် ။
ဆိုးတာတွေ သည်းခံပေးခဲ့တယ် ။ ကျွန်မ အချစ်က ချစ်သူတစ်ယောက်လိုဆိုတာမျိုးထက် အမေလို အမလို ချစ်တတ်ခဲ့တာ ။
အရာရာကို နားလည်ပေးခဲ့ဖူးတယ် ။ အရာတော်တော်များများကို ခွင့်လွှတ်ပေးခဲ့မိတယ် ။
ကျွန်မ ချစ်သူပါ ဆိုပြီး ကျွန်မ ပတ်ဝန်းကျင် ကျွန်မ အသိုင်းအဝိုင်းမှာ မျက်နှာပန်းလှစေချင်တဲ့စိတ်နဲ့ အလုပ်တွေ ကြိုးစားစေချင်ခဲ့မိတယ် ။
ငွေမက်ပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိလာပါစေ ကျွန်မ အနောက်ကနေ တွန်းအားတွေ ပေးခဲ့တယ် ။
ကျွန်မ မက်ခဲ့တာ ငွေမဟုတ်ဘူး ။ ကျွန်မ မက်ခဲ့တာ မေတ္တာတရားတွေပါ ။
ဂရုစိုက်မှုတွေ မိန်းကလေးဖြစ်တဲ့အလျောက် တပ်တပ်မက်တပ်မက်လိုချင်ခဲ့တဲ့ အလိုလိုက်မှုတွေ ဒီလောက်ပါပဲ ။
ကျွန်မ ချစ်သူပါလို့ ပြောပြလိုက်တာနဲ့ နိမ့်ချတဲ့ မျက်လုံးတွေနဲ့ အကြည့်ခံရတာမျိုး မလိုချင်ဘူး ။
လေးစားအားကျရတဲ့ သူတစ်ယောက် မဟုတ်ခဲ့ရင်တောင် နိမ့်ချစရာလူတစ်ယောက်တော့ မဖြစ်စေချင်ဘူးလေ။
မိန်းကလေးဆိုတာ သူ့ချစ်သူကို နိုင်ချင် နိုင်မယ် ဆိုးချင်ဆိုးမယ် အပြစ်ပြောချင် ပြောမယ် ဒါပေမယ့် တခြားတစ်ယောက် လာပြောမှာကိုတော့ လုံးဝမကြိုက်တတ်ကြဘူးလေ။
အတိတ်ကိုလဲ ခွင့်လွှတ်ပါတယ် ပစ္စုပ္ပန်မှာသာ အမှားတွေ အများကြီး မမှားစေနဲ့ ။
မိန်းကလေးတိုင်းရဲ့ အိပ်မက်က တစ်ယောက်ကို ချစ်မိရင် အဲ့ဒီတစ်ယောက်နဲ့ပဲ နောက်ဆုံးထွက်သက်ထိ အိုမင်းသွားလိုကြတာလေ အဲ့ဒီလိုဖြစ်ဖို့ သစ္စာတရားတွေက အများကြီး အရေးပါတယ် ရှေ့တင်ပဲ ဖြစ်ဖြစ် ကွယ်ရာပဲဖြစ်ဖြစ် မဖောက်ပြားတတ်တဲ့ သစ္စာတရားမျိုးကို လိုချင်တပ်မက်ကြတယ် ။
ကျွန်မလဲ မိန်းကလေးထဲက မိန်းကလေးတစ်ယောက်ပါပဲလေ ။ ကိုယ့်ချစ်သူကို မျက်နှာပန်းလှစေချင်တယ် အပြောအဆိုခံရတာတွေ မကြိုက်ဘူးလေ ။
တစ်စုံတစ်ယောက် ပြောလာတဲ့အခါ ပြန်ပြီး ရန်တွေ့နိုင်အောင် မှန်နေဖို့လဲ လိုသေးတယ် ကျွန်မ ခေါင်းငုံ့မခံချင်ဘူး ။
အရာအားလုံးကို မဟုတ်တောင် တော်တော်များများကို နားလည်ပေးမယ် ခွင့်လွှတ်နိုင်တဲ့ အမှားတွေကို ခွင့်လွှတ်သည်းခံပေးမယ် အရင်ကထက် ပိုချစ်ပေးမယ် ကျွန်မအပေါ် သစ္စာတော့ ရှိပေးပါ ရှေ့မှာမို့ နောက်ကွယ်မို့ မဟုတ်ပဲ ဘယ်အရပ်ပဲ ရောက်နေ ရောက်နေ ကျွန်မအပေါ် သစ္စာရှိပေးပါ ။ဘဝမှာ လူတစ်ယောက်ကိုချစ်ပြီး အဲ့ဒီတစ်ယောက်နဲ့ပဲ လက်တွဲချင်တာ ကျွန်မ ဆန္ဒလေ ။
Zuu
Zuu