ချစ်ခြင်း မုန်းခြင်းသံသရာမှာ တကယ့်ကို ပင်ပန်းနေပါပြီ

ချစ်ခြင်း မုန်းခြင်းသံသရာမှာ တစ်ခါတစ်ရံကျတော့ စိတ်ပျက်လာခဲ့တယ် ။ ချစ်လိုက် မုန်းလိုက်နဲ့ လူလဲ ပင်ပန်းရောပေါ့ ။

တစ်ခါတစ်လေကျတော့ ဘယ်သူ့ကိုမှ မချစ်ပဲ ဘယ်သူ့ကိုမှ မမုန်း ဒီတိုင်းလေးပဲ ရိုးရိုးရှင်းရှင်းလေး ရှေ့ဆက်ချင်လာခဲ့တယ် ။

ချစ်ပါတယ် ဆိုတဲ့လူတွေကလဲ တစ်ချိန်ကျရင် မချစ်နိုင်တော့ပါဘူးဆိုတဲ့ အပြောတွေနဲ့ ဒဏ်ရာဒဏ်ချက်တွေ ပေးပြီး ထွက်သွားခဲ့မှာပဲလေ ။

အကြင်နာနဲ့ တံခါးခေါက်ခဲ့တဲ့လက်တွေ နာကျင်စရာတွေချန်ပြီးပဲ ထားခဲ့ကြတာပါ ။

လာပါလို့ ဘယ်သူ့ကိုမှ မခေါ်ခဲ့သလို ပြန်ပါလို့လဲ ဘယ်သူ့ကိုမှ မနှင်ခဲ့ဘူး နားလည်ပါတယ် နားလည်ပါတယ်ပြောပြီး ဘဝထဲ အတင်းတိုးဝင်ခဲ့တာလဲ သူတို့ပဲ နားမလည်နိုင်ပါဘူးဆိုပြီး ဘဝထဲက ထွက်သွားတာလဲ သူတို့ပါပဲ ကိုယ်သာ နဂိုနေရာမှာ နဂိုအတိုင်းပဲ ကျန်ခဲ့ရတာပါ ။

ချစ်ခြင်းမေတ္တာ တဲ့ ကိုယ့်ကို ချစ်ပဲ ချစ်ခဲ့ကြတာ ဘယ်သူကမှ နားလည်အောင် မြင်ကြည့်မပေးခဲ့ကြဘူး ။

စကားလုံးတစ်လုံးကိုပဲဖြစ်ဖြစ် လုပ်ရပ်လေးတစ်ခုကိုပဲဖြစ်ဖြစ် သေမတတ် ခံစားနေရတာတွေကို အကဲပိုတယ်လို့ပဲ ခေါင်းစဉ်တပ်ခဲ့ကြတာလေ အစွဲအလန်းကြီးလွန်းတာကိုကျ ဘယ်သူကမှ သတိမထားမိခဲ့ကြဘူး

သေချာပြန်စဉ်းစားကြည့်တဲ့အခါ ကိုယ်ရခဲ့တဲ့ ဒဏ်ရာတော်တော်များများဟာ ကိုယ့်ကိုချစ်ပါတယ်ဆိုတဲ့ လူတွေကြောင့်ပဲ ရခဲ့တာ ကိုယ့်ကို မုန်းလို့ တိုက်ခိုက်တဲ့လူတွေကြောင့် ထိခိုက်ခဲ့တာတွေက မပြောပလောက်ခဲ့ဘူး ။

ဒီချစ်ခြင်း မုန်းခြင်းသံသရာမှာ တကယ့်ကို ပင်ပန်းနေပါပြီ ချစ်ပါတယ်ပြောပြီး အမုန်းတရားတွေနဲ့ လမ်းခွဲခြင်းတွေကို ဆက်ပြီး မလိုချင်တော့အောင်ကို ပင်ပန်းနေခဲ့တာ ။

အရင်လို နှလုံးသားကို ဦးစားပေးပြီး စိတ်ကစားတတ်တဲ့ အရွယ်လဲ မဟုတ်တော့ပဲလေ ။

ဘယ်သူ့ကိုမှ မချစ်ပဲ ဘယ်သူ့ကိုမှ မမုန်းပါပဲနဲ့ လောကကို အပူအပင်ကင်းကင်း နောင်တကင်းကင်းနဲ့ ဆက်ပြီး လှမ်းနေချင်သေးတယ် ။

တစ်နေ့ နဖူးစာပါလို့ ရင်ဘတ်ချင်းထပ်တူကျတဲ့အခါ ချစ်လိုက်မယ် ။ တကယ်လို့ ကံမပေးလို့ လွဲချော်ခဲ့တဲ့အခါ မေ့ပစ်လိုက်မယ် ။ အရာရာကို ရင်ဘတ်ကြီးနဲ့ရင်းပြီး ချစ်ရ မုန်းရတာတွေက တကယ့်ကို ပင်ပန်းလွန်းပါတယ် ။

Zuu

ခ်စ္ျခင္း မုန္းျခင္းသံသရာမွာ တစ္ခါတစ္ရံက်ေတာ့ စိတ္ပ်က္လာခဲ့တယ္ ။ ခ်စ္လိုက္ မုန္းလိုက္နဲ႔ လူလဲ ပင္ပန္းေရာေပါ့ ။

တစ္ခါတစ္ေလက်ေတာ့ ဘယ္သူ႔ကိုမွ မခ်စ္ပဲ ဘယ္သူ႔ကိုမွ မမုန္း ဒီတိုင္းေလးပဲ ႐ိုး႐ိုးရွင္းရွင္းေလး ေရွ႕ဆက္ခ်င္လာခဲ့တယ္ ။

ခ်စ္ပါတယ္ ဆိုတဲ့လူေတြကလဲ တစ္ခ်ိန္က်ရင္ မခ်စ္ႏိုင္ေတာ့ပါဘူးဆိုတဲ့ အေျပာေတြနဲ႔ ဒဏ္ရာဒဏ္ခ်က္ေတြ ေပးၿပီး ထြက္သြားခဲ့မွာပဲေလ ။

အၾကင္နာနဲ႔ တံခါးေခါက္ခဲ့တဲ့လက္ေတြ နာက်င္စရာေတြခ်န္ၿပီးပဲ ထားခဲ့ၾကတာပါ ။

လာပါလို႔ ဘယ္သူ႔ကိုမွ မေခၚခဲ့သလို ျပန္ပါလို႔လဲ ဘယ္သူ႔ကိုမွ မႏွင္ခဲ့ဘူး နားလည္ပါတယ္ နားလည္ပါတယ္ေျပာၿပီး ဘ၀ထဲ အတင္းတိုး၀င္ခဲ့တာလဲ သူတို႔ပဲ နားမလည္ႏိုင္ပါဘူးဆိုၿပီး ဘ၀ထဲက ထြက္သြားတာလဲ သူတို႔ပါပဲ ကိုယ္သာ နဂိုေနရာမွာ နဂိုအတိုင္းပဲ က်န္ခဲ့ရတာပါ ။

ခ်စ္ျခင္းေမတၱာ တဲ့ ကိုယ့္ကို ခ်စ္ပဲ ခ်စ္ခဲ့ၾကတာ ဘယ္သူကမွ နားလည္ေအာင္ ျမင္ၾကည့္မေပးခဲ့ၾကဘူး ။

စကားလုံးတစ္လုံးကိုပဲျဖစ္ျဖစ္ လုပ္ရပ္ေလးတစ္ခုကိုပဲျဖစ္ျဖစ္ ေသမတတ္ ခံစားေနရတာေတြကို အကဲပိုတယ္လို႔ပဲ ေခါင္းစဥ္တပ္ခဲ့ၾကတာေလ အစြဲအလန္းႀကီးလြန္းတာကိုက် ဘယ္သူကမွ သတိမထားမိခဲ့ၾကဘူး

ေသခ်ာျပန္စဥ္းစားၾကည့္တဲ့အခါ ကိုယ္ရခဲ့တဲ့ ဒဏ္ရာေတာ္ေတာ္မ်ားမ်ားဟာ ကိုယ့္ကိုခ်စ္ပါတယ္ဆိုတဲ့ လူေတြေၾကာင့္ပဲ ရခဲ့တာ ကိုယ့္ကို မုန္းလို႔ တိုက္ခိုက္တဲ့လူေတြေၾကာင့္ ထိခိုက္ခဲ့တာေတြက မေျပာပေလာက္ခဲ့ဘူး ။

ဒီခ်စ္ျခင္း မုန္းျခင္းသံသရာမွာ တကယ့္ကို ပင္ပန္းေနပါၿပီ ခ်စ္ပါတယ္ေျပာၿပီး အမုန္းတရားေတြနဲ႔ လမ္းခြဲျခင္းေတြကို ဆက္ၿပီး မလိုခ်င္ေတာ့ေအာင္ကို ပင္ပန္းေနခဲ့တာ ။

အရင္လို ႏွလုံးသားကို ဦးစားေပးၿပီး စိတ္ကစားတတ္တဲ့ အ႐ြယ္လဲ မဟုတ္ေတာ့ပဲေလ ။

ဘယ္သူ႔ကိုမွ မခ်စ္ပဲ ဘယ္သူ႔ကိုမွ မမုန္းပါပဲနဲ႔ ေလာကကို အပူအပင္ကင္းကင္း ေနာင္တကင္းကင္းနဲ႔ ဆက္ၿပီး လွမ္းေနခ်င္ေသးတယ္ ။

တစ္ေန႔ နဖူးစာပါလို႔ ရင္ဘတ္ခ်င္းထပ္တူက်တဲ့အခါ ခ်စ္လိုက္မယ္ ။ တကယ္လို႔ ကံမေပးလို႔ လြဲေခ်ာ္ခဲ့တဲ့အခါ ေမ့ပစ္လိုက္မယ္ ။ အရာရာကို ရင္ဘတ္ႀကီးနဲ႔ရင္းၿပီး ခ်စ္ရ မုန္းရတာေတြက တကယ့္ကို ပင္ပန္းလြန္းပါတယ္ ။

Zuu